Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့ ဒီဇင်ဘာလ(စတုတ္ထအပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ပါဝင်ဆင်နွှဲ

ပဲခူးမြို့ ဒီဇင်ဘာလ(စတုတ္ထအပတ်)လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ပါဝင်ဆင်နွှဲ

ပဲခူး ဒီဇင်ဘာ ၂၄

=============

       ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်များနှင့်အတူ ဒီဇင်ဘာလ(၂၄)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် ဒီဇင်ဘာလ(စတုတ္ထအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲခဲ့သည်။

     ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးရှေ့မှစတင်၍ ရွှေမော်ဓောဘုရားလမ်း၊ ရှင်စောပုလမ်း၊ တောင်ငူလမ်း၊ ဟင်္သာလမ်းမှ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်အထိ စုပေါင်းလမ်းလျှောက်ကြပြီး ဘောလုံးကွင်းအတွင်း၌ စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)နှင့်(၂)တို့အား စုပေါင်းလေ့ကျင့်ခန်း ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

        အဆိုပါ ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ၊ စုစုပေါင်းအင်အား(၃၆၀၀)ဦးကျော် တက်ရောက်ကြပြီး လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူများအား ကောက်ညှင်းပေါင်းများဖြင့် ကျွေးမွေးဧည့်ခံကြ ကြောင်း သတင်းရရှိသည်။