Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့ နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ပွဲ(ပထမနေ့)ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညို

ပဲခူးမြို့ နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ပွဲ(ပထမနေ့)ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညို

ပဲခူး ဇန်နဝါရီ ၂

==========

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် နှစ်သစ်ကူးတရားအလှူတော်ဓမ္မ သဘင်ပွဲ(ပထမနေ့)ကို ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓေါစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဇန်နဝါရီလ(၁)ရက်နေ့ ည(၇)နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် မြို့ပေါ်ရပ်ကွက်အသီးသီးရှိ တရားနာပရိတ်သတ်အပေါင်းက နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ သာသနာ့ဓဇဓမ္မာ စရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တသုန္ဒရထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး အမှူးပြုသော တရားနာပရိတ်သတ်အပေါင်းမှ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ သာသနာ့ ဓဇဓမ္မာစရိယ၊ အဂ္ဂမဟာဂန္ထဝာစကပဏ္ဍိတဘဒ္ဒန္တသုန္ဒရ “ခေါင်းဆောင်” တရားခေါင်းစဉ်ဖြင့် ဟောကြားတော်မူသည့် တရားတော်မြတ်ကို နာယူတော်မူကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဓမ္မကထိကဆရာတော်အား လှူဘွယ်ခြင်းနှင့် ဓမ္မပူဇာအလှူတော်ငွေများကိုလည်းကောင်း၊ တရားအလှူနာယူကြသည့် သံဃာတော်များအား နဝကမ္မ အလှူငွေများကိုလည်းကောင်း လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြ သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် နှစ်သစ်ကူးတရား အလှူတော်ဓမ္မသဘင်ပွဲကို ဇန်နဝါရီလ(၁)ရက်နေ့မှ (၃)ရက်နေ့အထိ (၃)ညတိုင်တိုင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး ဇန်နဝါရီလ(၂)ရက်နေ့တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်ဆရာတော်၊ ပဲခူးမြို့ ဥဿာသီရိစာသင်တိုက်ပဓာနနာယက၊ သာသနာ့ဓဇဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတဒေါက်တာ ဘဒ္ဒန္တသူရိယ မှလည်းကောင်း၊ ဇန်နဝါရီလ(၃)ရက်နေ့တွင် ပဲခူးမြို့၊ သာသနာ့ဇောတိကစာသင်တိုက်၊ သာသနာ့ဓဇဓမ္မာ စရိယ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇနိတဆရာတော်မှလည်းကောင်း ညစဉ်(၇) နာရီအချိန်တွင် တရား အလှူပေးလှူမည်ဖြစ်ကြောင်း သတင်းရရှိသည်။