Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးမြို့ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရေး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပဲခူးမြို့ မြို့မိ/မြို့ဖများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ပဲခူးမြို့ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရေး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပဲခူးမြို့ မြို့မိ/မြို့ဖများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ပဲခူး ဇန်နဝါရီ ၆

===============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇန်နဝါရီလ(၅)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရေး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပဲခူးမြို့ မြို့မိ/မြို့ဖများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးမြို့အား တိုင်းဒေသကြီးမြို့တော် အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး လမ်းအဆင့်မြှင့်တင်ခြင်း၊ ပလက်ဖောင်းများပြုလုပ်ခြင်း၊ ရေမြောင်းများ ပြန်လည်တူးဖော် ခြင်းနှင့် လမ်းညွှန်ဆိုင်းဘုတ်များ ပြန်လည်တပ်ခြင်းတို့ ဆောင်ရွက်နေသလို ရှေးဟောင်းယဉ်ကျေးမှု များ ပြန်လည်ဖော်ထုတ်၍ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ အစိုးရ တာဝန်ယူခဲ့သည့် လပိုင်းအတွင်း ပဲခူးမြို့တွင်းလမ်းပေါင်း(၁၃၀)အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနို်ငခဲ့သလို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်လည်း ပဲခူးမြို့တွင်း စည်ပင်သာယာရေး လုပ်ငန်းများ ထပ်မံတိုးချဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပဲခူးမြို့ အေးချမ်းသာယာ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် တက်ရောက်လာသည့် မြို့မိ/မြို့ဖများ၊ လုပ်ငန်းရှင်များမှ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအကြုံပြုပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် ပဲခူးမြို့၊ မြို့မိ/မြို့ဖများနှင့် လုပ်ငန်းရှင်များက ပဲခူးမြို့အား တိုင်းဒေသကြီးမြို့တော်တစ်ခုအဖြစ် အစိုးရအဖွဲ့မှ အချိန်တိုအတွင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိနေသည်ကို တွေ့မြင်နေရသဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ပဲခူးမြို့အား သန့်ရှင်းသပ်ရပ် သာယာလှပမှုရှိစေရေး လမ်းအဆင်မြှင့်တင်ခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ၊ ခရီးသွား လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် သီးခြားလိုအပ်ချက်များအား အကြံပြုတင်ပြခဲ့ကြရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြန်လည်ဖြေရှင်းပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။