Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူး​မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်

ပဲခူး​မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်

ပဲခူး မေ ၇

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းပြီး မေလ(၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူငယ်မောင်မယ်တို့ကို မှန်ကန်တဲ့အသိပညာများ ရရှိစေရေးအတွက် ယနေ့လူငယ်စကား ဝိုင်းကို ကျင်းပပေးတာဖြစ်လို့ အနာဂတ်ခေါင်းဆောင်များဖြစ်လာကြမည့် လူငယ်မောင်မယ်များ အနေဖြင့် ဗလငါးတန်နဲ့ပတ်သက်လို့ ပိုမိုသိရှိနားလည်ပြီး မှန်ကန်တဲ့အသိပညာများ ရရှိဖို့အတွက် ဆောင်ရွက်ပေးရန်လို အပ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် နောင်တစ်ချိန်မှာ နိုင်ငံ့တာဝန် ထမ်းဆောင်တဲ့အခါမှာ ရဲရင့်ယုံကြည်စွာ ဖြင့် အများအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်တဲ့ နိုင်ငံတော်က အားထားရတဲ့ သားကောင်းသမီးမွန်များ ဖြစ်လာကြစေဖို့ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်မှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာ ကော်မတီအနေဖြင့် လူငယ်အများ စိတ်ဝင်စားသည့် နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ၊ ရှေးဦးပြုစုခြင်းသင်တန်း၊ ကင်းထောက်သင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်း၊ ယဉ်ကျေးလိမ္မာ သင်တန်း၊ ကာယသင်တန်း၊ ဘင်ခရာ/ပန်းပွားသင်တန်း၊ ဂီတသင်တန်းများနှင့် လူငယ်အသိပညာပေး ဟောပြောပွဲများကို ဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ အချိန်ကို အကျိုးရှိရှိအသုံးချပြီး မိမိတို့ဝါသနာပါရာ ပညာရပ်ပိုင်းဆိုင်ရာများ ကြိုးစားလေ့လာသင်ယူရန် အရေးကြီးကြောင်း လမ်းညွှန်အမှာ စကား ပြောကြားခဲ့ သည်။

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ ၎င်းနောက် မြန်မာ့သိုင်းအားကစားအဖွဲ့နှင့် Fitness Dance အားကစားအဖွဲ့တို့မှ အားကစားသမားမောင်/မယ်များက သရုပ်ပြသကစားကြပြီး ပဲခူးမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ၊ အမျိုးသားစာပေဆုရှင် စာရေးဆရာမ ဝတ်ရည်ခင်(ပဲခူး)က လူငယ့်အားမာန်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ၊ အမျိုးသားစာပေဆု(၇)ကြိမ်ဆုရှင်၊ တစ်သက်တာစာပေဆုရှင် အလင်္ကာကျော်စွာ မြင်းမူမောင်နိုင်မိုးက ပွင့်သောပန်းတိုင်းမွှေးပါစေ ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြော ပေးကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့က အားကစားသရုပ်ပြအဖွဲ့များ နှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပါဝင်ဟောပြောပေးသော စာရေးဆရာ/ဆရာမတို့အား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်​ခဲ့ကြပြီး မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ပဲခူးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် အခမ်းအနား တက်ရောက်လာသည့် လူငယ်ရေးရာကော်မတီများ၊ မြန်မာ့သိုင်းအဖွဲ့ဝင်များ၊ Fitness Dance အားကစား အဖွဲ့နှင့် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။