Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်တွင်း/ ပြည်ပ ခရီးသွားများ အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေး ခရီးသွားပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပြည်တွင်း/ ပြည်ပ ခရီးသွားများ အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေး ခရီးသွားပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဩဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ်လ(၂၁)ရက်နေ့၊ မွန်းလွဲပိုင်းက ဒေသဆိုင်ရာခရီးသွားလု်ပငန်းကော်မတီ အစည်းအဝေးအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလု်ပငန်းကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပဲခူးတိုင်းဒေသကြီးအတွင်း ခရီးသွားလု်ပငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသထွက်ကုန်များ၊ ဒေသအစားအစာများ၊ တောတောင်ရေမြေသဘာဝနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသစ်များ ဖော်ထုတ် ဆောင်ရွက်သွားရန် လိုအပ်သလို ရာသီအလိုက်ပွဲတော်များ ကျင်းပသွားရန် လိုအပ်ကြောင်း၊ ပြည်တွင်း/ ပြည်ပ ခရီးသွားများ အဟန့်အတားမဲ့ ခရီးသွားလာနိုင်ရေး ခရီးသွားပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် လိုအပ်သလို မြို့ပြသန့်ရှင်းသာယာလှပရေးကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး သည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်လျက်ရှိပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ပွဲတော်များ၊ တိုင်းရင်းသားရိုးရာ အစားအစာများ၊ တိုင်းရင်းသားကျေးရွာတို့၏ လူနေမှုဓလေ့စရိုက်များအား ပြန်လည်ဖော်ထုတ်၍ ခရီးစဉ်အသစ်များ ထပ်မံချဲ့ထွင်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသို့ လာရောက်လည်ပတ်မည့် ခရီးသွားဧည့်သည်များအတွက် မှန်ကန်သည့် သတင်းအချက်အလက်များပေး နိုင်ရေး၊ နိုင်ငံတကာနှင့် ပြည်တွင်းခရီးသွား ပြပွဲများတွင် ဝင်ရောက်ပြသခြင်းအပြင် ဒေသအလိုက် ခရီးစဉ်လမ်းကြောင်းများအား သက်ဆိုင်ရာ Travel and Tour ကုမ္ပဏီများနှင့် ကြိုတင်ချိတ်ဆက် ဆောင်ရွက်ရန်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားလုံးဝိုင်းဝန်းကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးက ဟိုတယ်ဆောက်လုပ်ခွင့်တင်ပြခြင်း၊ လုပ်ငန်းလိုင်စင်အသစ် လျှောက်ထားခြင်း၊ ဟိုတယ်လိုင်စင်အမည် ပြောင်းခြင်း၊ ဟိုတယ်အမည်ပြောင်းခြင်း လျှောက်ထားခြင်းများအား Power Point ဖြင့် တင်ပြခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက တင်ပြချက်များနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့ရာ တက်ရောက်လာသည့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အဖွဲ့ဝင်များက အကြံပြုတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့သည်။