Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး အောက်တိုဘာ ၂၈
======================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံအစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၂၈)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းဝေး အမှတ်စဉ်(၈/၂၀၂၂)အား ကျင်းပပြုလုပ်ရာ စက်မှုဇုန်များအတွင်း မြေလပ်မရှိ စက်ရုံများတည်ဆောက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမျာ၏ အခွန်ငွေများဖြင့် တိုင်းပြည်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေရသည့်အပြင် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကိုလည်း များစွာအထောက်အကူဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရေးနှင့် ထုတ်ကုန်တိုးမြှင့်နိုင်ရေး သတ်မှတ်ကာလအတွင်း စက်ပစ္စည်းများအား သွင်းကုန်အခွန်ကင်းလွတ်ခွင့်များ ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ ထပ်မံလာရောက် ရင်းနှီးမြှုပ်နှံလိုသူများအတွက် မိမိတို့တိုင်းဒေသကြီးအတွင်း လူ့စွမ်းအားအရင်းအမြစ် ပေါကြွယ်မှု၊ အလုပ်ရှင်အလုပ်သမားပြဿနာ ကင်းရှင်းမှု၊ မြေနေရာကျယ်ဝန်းမှု၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှု၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးချဲ့နိုင်ရေးအားပေးနေမှုနှင့် အေးချမ်းတည်ငြိမ်မှုစည့် အခွင့်အလမ်းကောင်းများ ရရှိတိုင်ကြောင်း သတင်းစကားပါးစေလိုကြောင်းနှင့်
ပွင့်လင်းရာသီ ရောက်ရှိလာပြီးဖြစ်၍ စက်ရုံများ မီးဘေးအန္တရာယ်ကြိုတင်ကွယ်ကွယ်ရေးလုပ်ငန်း ဆောင်ရွက်ရန်အပ်ကြောင်း၊
ထို့နောက် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က ပဲခူးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးချဲ့ခြင်း စက်ရုံ(၂)ခုနှင့် ကုန်ပစ္စည်းထပ်မံမှာယူခြင်း စက်ရုံ(၁)ခု၊ တည်ဆောက်ရေးကာလသက်တမ်းတိုး စက်ရုံ(၁)ခုနှင့် စက်ရုံအဆောက်အဦတိုးချဲ့ ခြင်း စက်ရုံ(၁)ခုတို့၏ အချက်အလက်များအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များက ဖြည့်စွက်အကြံပြုတင်ပြချက်များ ပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံ အမေရိကန်ဒေါ်လာ (၄၁.၅၀၅)သန်း တိုးတက်ဝင်ရောက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ယနေ့အထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ(၁၃၂.၉၂၆)သန်းနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းကျပ်(၆၄၉၀၈.၂၁၅)သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်း (၇၅၁၈)ဦးအား အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။