Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်မြို့၊​လေးဆူဓါတ်​ပျော် ​ရွှေဆံ​တော်​စေတီ​တော်မြတ်ကြီး ၂၆၁၁ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲ​တော်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပြည်မြို့၊​လေးဆူဓါတ်​ပျော် ​ရွှေဆံ​တော်​စေတီ​တော်မြတ်ကြီး ၂၆၁၁ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲ​တော်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပြည် အောက်တိုဘာ ၃၁

===============

          ပြည်မြို့၊​လေးဆူဓါတ်​ပျော် ​ရွှေဆံ​တော်​စေတီ​တော်မြတ်ကြီး ၂၆၁၁ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲ​တော်နှင့် ဆွမ်းဆန်စိမ်း ​လောင်းလှူခြင်း ဖွင့်ပွဲအခမ်းအနားအား အောက်တိုဘာလ(၃၁)ရက်နေ့၊ နံနက်ပိုင်းက အဆိုပါစေတီ ရင်ပြင်တော်ပေါ်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊ ဒေသကွပ်ကဲရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

           ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင် ပြည်သူများက ကြွရောက်လာသည့် ဆရာတော်(၁၀၈)ပါးအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။