Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ပရိဝုဏ်ရှိ “ပုညကရဏ” လေးထပ် ဓမ္မာရုံတော်ကြီး ဖွင့်လှစ်ခြင်း ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး  ဒေါ်စိုးစိုးသက်တို့  တက်ရောက်

ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ပရိဝုဏ်ရှိ “ပုညကရဏ” လေးထပ် ဓမ္မာရုံတော်ကြီး ဖွင့်လှစ်ခြင်း ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး  ဒေါ်စိုးစိုးသက်တို့  တက်ရောက်

ပြည် နိုဝင်ဘာ ၂၂

==============

ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ပရိဝုဏ်ရှိ “ပုညကရဏ” လေးထပ် ဓမ္မာရုံတော်ကြီး ဖွင့်လှစ်ခြင်း ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားအား နိုဝင်ဘာလ(၁၉)ရက်နေ့၊ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့သည်။

             ရှေးဦးစွာ “ပုညကရဏ” လေးထပ်ဓမ္မာရုံတော်ကြီးအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ပဲမှုစစ်ဌာနချုပ်(ပြည်) ဒေသကွပ်ကဲရေးမှူးနှင့် ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး လေးထပ်ဓမ္မာရုံ အတွင်း လှည့်လည်ကြည့်ရှုခဲ့ကာ ကဗ္ဗည်းကျောက်စာအား အမွှေးနံ့သာရည်များ ပတ်ဖြန်းပေးခဲ့ကြသည်။

ထို့နောက်  “ပုညကရဏ” လေးထပ်ဓမ္မာရုံတော်ကြီးအား ရေစက်ချအလှူတော် မင်္ဂလာ အခမ်းအနားအား ဆက်လက်ကျင်းပပြုခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက် အမှူးပြုသော ဧပရိသတ်အပေါင်းတို့က “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်မြို့၊ ဝိသုဒ္ဓါရုံဗာရာဏသီကျောင်းတိုက်၊ ဦးစီးပဓာန မဟာ နာယက၊ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ၊ ဆရာတော် ဘဒ္ဒန္တနာဂဝံသ မဟောထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ယင်းနောက် ကြွရောက်လာကြသည့် ဩဝါဒါစရိယ ဆရာတော်မြတ်ကြီးများ “မေတ္တာသုတ်” ပရိတ် တရားတော်မြတ်အား ရွတ်ပွားသရဇ္ဈာယ်တော်မူခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ဩဝါဒါစရိယ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ပြည်မြို့၊ ရွာဘဲတောင်ပေါ်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက၊ လေးဆူ ဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး၏ ဩဝါဒါစရိယ “အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ” ဘဒ္ဒန္တ ကုမာရ မထေရ်မြတ်က အနုမောဒနာတရား ဟောကြားချီးမြှင့်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများ၊အလှူရှင်များက ရေသက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြပြီး “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ပြီး ညပိုင်းအချိန်တွင်  လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ပရိဝုဏ်ရှိ “ပုညကရဏ” လေးထပ်ဓမ္မာရုံတော်ကြီး ဖွင့်လှစ်ခြင်း အောင်ပွဲအထိန်းအမှတ်အနေဖြင့် မီးပုံပျံအလုံး(၂၀၀)အား ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာဧည့်ပရိသတ်များဖြင့် အေးချမ်းပျော်ရွှင်စွာ လွှတ်တင်ပူဇော် ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး (၂၆၁၂)နှစ်ပြည့် ဗုဒ္ဓမူဇနိယပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဆရာတော်/သံဃာတော်(၁၀၈)ပါး တို့အား ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်အတူ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ် လောင်းလှူပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။