ပြည် နိုဝင်ဘာ ၁၈
ပြည်မြို့၊ လေးဆူဓာတ်ပျော်ရွှေဆံတော်မြတ်ကြီး၏ (၂၆၁၃)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အား နိုဝင်ဘာ လ(၈)ရက်နေ့မှ နိုဝင်ဘာလ(၁၇)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ သည်။
ပြည်မြို့ရှိ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပချိန်တွင် ဗုဒ္ဓမြတ်စွယ်တော် လှည့်လည်အပူဇော်ခံပွဲနှင့် နှစ်စဉ်ယှဉ်တွဲ ကျင်းပခဲ့ပြီး ပြည်မြို့သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားလာပြည်သူများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် MSMEs ဒေသထွက်ကုန် အရောင်း ဆိုင်များ၊ လူသုံးကုန်နှင့် စားသုံးကုန် အရောင်းဆိုင်များ၊ ပျော်ပွဲရွှင်ပွဲများ၊ ကလေးကစားကွင်းများ၊ ဈေးဝယ်သူများ/ဈေးရောင်းချသူများနှင့် ညစဉ်အထူးစည်ကားလျက်ရှိပြီး ဒေသခံပြည်သူများ၏ ပူးပေါင်း ပါဝင်မှု၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၏ စည်းကမ်းရှိမှု တည်ငြိမ်အေးချမ်းခြင်း ကိုလိုလားမှုနှင့် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့မှုကြောင့် အေးချမ်းအောင်မြင်စွာ ကျင်းပ နိုင်ခဲ့ကြောင်း သတင်းရရှိသည်။