Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပြည်မြို့၊ အမှတ်(၁၀)လုံခြုံရေးရဲတပ်ခွဲသို့ အခြေခံစားသောက်ကုန်များ သွားရောက်ထောက်ပံ့

ပြည်မြို့၊ အမှတ်(၁၀)လုံခြုံရေးရဲတပ်ခွဲသို့ အခြေခံစားသောက်ကုန်များ သွားရောက်ထောက်ပံ့

ပဲခူး ဩဂုတ် ၂၄

====================

          ဩဂုတ်လ(၂၄)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့၊ အမှတ်(၁၀)လုံခြုံရေး ရဲတပ်ခွဲသို့ အခြေခံစား သောက်ကုန်များအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် တာဝန်ရှိသူများ သွားရောက်ထောက်ပံ့ခဲ့သည်။

          ရှေးဦးစွာ တပ်ဖွဲ့ခွဲရုံးရှင်းလင်းဆောင်၌ အမှတ်(၁၀)လုံခြုံရေးရဲတပ်ခွဲ၏ ဦး၊ရေး၊ထောက်ဆိုင်ရာကိစ္စ ရပ်များအား ဒုတိယရဲမှူးကြီး မင်းသိန်းက ရှင်းလင်းတင်ပြခဲ့မှုပေါ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းတို့က လိုအပ်သည်များ လမ်းညွှန်မှာကြးခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် တာဝန်ရှိသူများသည် အမှတ်(၁၀)လုံခြုံရေးရဲတပ်ခွဲရှိ အိမ်ထောင်သည်(၆၄)ဦး အတွက် တစ်ဦးလျှင် ဆန်(၆)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်ဥ(၁၀)လုံး၊ ခေါက်ဆွဲခြောက်(၄)ထုပ်၊ ကုလားပဲ(၅၀)ကျပ်သား၊ အိမ်သုံးဆား(၁)ထုပ်စီနှင့် ကိုယ်ဝန်ဆောင်အိမ်ထောင်သည် များအား သီးခြား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက်  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းတို့က ရဲတပ်ဖွဲ့ဝင်များ၊ အိမ်ထောင်သည် မိသားစုများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။