Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဘေးအန္တရာယ်အပေါင်းနှင့် ကပ်ရောဂါကင်းဝေးစေရေးအတွက် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြသည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ဘေးအန္တရာယ်အပေါင်းနှင့် ကပ်ရောဂါကင်းဝေးစေရေးအတွက် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြသည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း

ပဲခူး ဇူလိုင် ၁၀

=====================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ကောင်စီအဖွဲ့ဝင်များနှင့်အတူ ဇူလိုင်လ(၁၀)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓော စေတီတော်မြတ်ကြီး ရင်ပြင်ပေါ်ရှိ ဧတဒဂ်ရပုဂ္ဂိုလ်ထူးများ၏ စံကျောင်းတော်ကြီး၌ သတ္တဝါများ ဘေးအန္တရာယ်အပေါင်းနှင့် ကပ်ရောဂါအပေါင်းမှ ကင်းဝေးစေရေးအတွက် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြ သည့် ဆရာတော်၊ သံဃာတော်များအား ဖူးမြော်ကန်တော့ပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဆရာတော်(၁၅)ပါးအတွက် နဝကမ္မအလှူငွေ ကျပ်(၇၅၀၀၀ဝိ)လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား လှည့်လည် ဖူးမြော်ခဲ့ကြသည်။

          အဆိုပါ အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ခြင်းအားဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း သတ္တဝါများ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝင်းစေရန်၊ ကျရောက်နေသည့် ကပ်ရောဂါအပေါင်းမှ ကင်းဝေးစေရန်ရည်ရွယ်၍ ပဲခူးမြို့နယ်အတွင်းရှိ သုံးဂိုဏ်းဝင်ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက ကိုဗစ်-၁၉ရောဂါ ညွှန်ကြားချက်၊ စည်းကမ်းချက်များ နှင့်အညီ ဇူလိုင်လ(၈) ရက်နေ့မှ (၁၀)ရက်နေ့အထိ (၃)ရက်တိုင်တိုင် နေ့/ညမပြတ် ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ကြခြင်းဖြစ် ကြောင်း သတင်းရရှိသည်။