Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မတ်လ(၁၇)ရက်နေ့ သတင်းထုတ်ပြန်ချက်

မတ်လ(၁၇)ရက်နေ့ သတင်းထုတ်ပြန်ချက်

မတ် ၁၇ (ပဲခူး)
=================


ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံသားများအား (၁၇-၃-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်ထိ ကဏ္ဍအလိုက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေစာရင်း ပြည်သူများသိနိုင်ပါရန် ထုတ်ပြန်အပ်ပါသည်။ ပဲခူးခရိုင်အတွင်း Facility Quarantine (၂၇)ခု၌ နိုင်ငံသား(၂၉၈)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ မရှိကြောင်း၊ တောင်ငူခရိုင်အတွင်း Facility Quarantine (၁၆)ခု၌ နိုင်ငံသား(၂၀)ဦးပြီး ရောဂါပိုးတွေ့ရှိသူ (၈)ဦးရှိကြောင်း၊ ပြည်ခရိုင်အတွင်း Facility Quarantine (၁၄)ခု၌ နိုင်ငံသား(၇၂)ဦးနှင့် ရောဂါပိုးတွေ့ရှိသူ (၂၇၁)ဦးရှိကြောင်း၊ သာယာဝတီခရိုင်အတွင်း Facility Quarantine (၅၄)ခု၌ နိုင်ငံသား(၁၀၈)ဦးပြီး၊ ရောဂါပိုးတွေ့ရှိသူ(၁)ဦးရှိကြောင်း၊ တိုင်းဒေသကြီး စာရင်းချုပ်အနေဖြင့် Facility Quarantine (၁၁၁)ခု၌ နိုင်ငံသား(၄၉၈)ဦးရှိပြီး ရောဂါပိုးတွေ့ရှိသူ(၂၈၀)ဦး ဆေးကုသမှုခံယူ လျက်ရှိကြောင်း သတင်းရရှိသည်။