Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မိရိုးဖလာထုတ်လုပ်နေသည့် ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးတက်ထုတ်လုပ် နိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်အားပေးစကားပြောကြား

မိရိုးဖလာထုတ်လုပ်နေသည့် ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးတက်ထုတ်လုပ် နိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်အားပေးစကားပြောကြား

ပြည် အောက်တိုဘာ ၇
======================

ပြည်မြို့၊ တည်ဆောက်ရေး(၂)ဧည့်ရိပ်သာ၌ အောက်တိုလာလ(၇)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် ပြည်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စား နှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ၌ မိရိုးဖလာထုတ်လုပ် နေသည့် ဒေသထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးတက်ထုတ်လုပ် နိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်အားပေးစကား ပြောကြားခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ခရိုင်အတွင်း အစားအသောက်များ၊ အသီးအနှံများနှင့် အဝတ်အထည်များ ပေါများစွာ ထွက်ရှိပြီး ပြည်တွင်းဈေးကွက်တွင်လည်း ခိုင်မာသည့် နေရာတစ်ခုကို ရရှိထား ပြီးဖြစ်ကြောင်း၊ ကုန်ပစ္စည်းအရည်အသွေးများ ကောင်းမွန်မှုရှိသော်လည်း တစ်ချို့ဒေသထွက်ကုန်များသည် ယခုအချိန်အထိ မိရိုးဖလာထုတ်လုပ်နေသည့် အဆင့်သာရှိနေပြီး ထပ်မံအဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ရန်လိုအပ်လျက်ရှိကြောင်း၊ ထုတ်ကုန်များ ၏ တန်ဖိုးသည် အရည်အသွေး ကောင်းမွန်မှုတစ်ခုတည်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန် မဖြစ်နိုင်ကြောင်း၊ မိမိတို့ဒေသထွက်ကုန်တိုင်းတွင် ခေတ်မီသည့် ထုတ်ပိုးမှုပုံစံသစ်များဖြင့် ဆောင်ရွက်မှသာ ထိုက်တန်သော တန်ဖိုးတစ်ခုကို ရရှိနိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အပိုင်းမှ ပြည်ဒေသ ဖွံ့ဖြိုးတိုးတက်စေရေး စီစဉ်ဆောင်ရွက်ပေးရန် လျာထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်ဒေသသည် ပြည်တွင်း/ပြည်ပ ခရီးသွားများ လာရောက်လည်ပတ် နိုင်ရန် အခွင့်အလမ်းကောင်းများရှိနေပြီဖြစ်၍ ပြည်ဒေသထွက်ကုန်အား အဆင့်မြှင့်ထုတ်ကုန်များအဖြစ် တိုးမြှင့်ဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသထွက်ကုန်များ အား တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ် ဆောင်ရွက်ရာတွင် မိမိတို့ဒေသအတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းပစ္စည်းအများစုကို သုံးစွဲနိုင်လျှင် ပိုမိုကောင်းမွန် မည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာပါက ဆက်စပ်လုပ်ငန်းများ ဖြစ်သည့် တည်ခိုရေး၊ စားသောက်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာဖြစ်ကြောင်း၊ ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူသည့်အဆင့်မှ ဒေသထွက်ကုန် ကုန်ချောအဖြစ် ပြန်လည်ရောင်းချနိုင်သည့် အဆင့်သို့ရောက်ရှိနိုင်ရေး မိမိတို့အစိုးရအဖွဲ့မှ လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ပြည်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များက ထုတ်ကုန်တစ်မျိုးခြင်းအလိုက် ထုတ်လုပ်နေမှုနှင့် ထုတ်ပိုးမှုအဆင့် ထပ်မံအဆင့်မြှင့်တင်နိုင်ရေး အသီးသီးတင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရ ရှိသည်။