Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်

မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်

ပဲခူး ဒီဇင်ဘာ ၅

================

          ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ ဒီဇင်ဘာလ(၄)ရက်နေ့၊ နံနက်ပိုင်းက မဲခေါင်-လန်ချန်းနိုင်ငံများ အကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်း မိတ်ဆက် ရှင်းလင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး        တို့က တက်ရောက်အမှာစကားပြောကြားခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ ကိုယ်စားလှယ်မှ Recorded Video ဖြင့် အမှာစကားပြောကြားခဲ့သည်။ ၎င်းနောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝေဇေယျာထွန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းတို့က မဲခေါင်-လန်ချန်းနိုင်ငံ များအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းအား မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ရာ ရွာသစ်ကျေးရွာ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး        တို့က ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းဆိုင်းဘုတ်အား စက်ခလုပ် နှိပ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် ရွာသစ်ကျေးရွာ၌ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဖွင့်လှစ်ထားပေးထားသည့် အခြေခံအပ်ချုပ်စက်သင်တန်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၏ ဒေသထွက်ကုန်များဖြစ်သော သံရည်ကျိုလုပ်ငန်းမှ ထွက်ရှိသည့် စားဖိုဆောင်သုံးပစ္စည်းများ၊ စက်မှုလယ်ယာလုပ်ငန်းသုံး အပိုပစ္စည်းများ၊ အိမ်အလှဆင် သံပန်း ပစ္စည်းအမျိုးမျိုး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအမျိုးမျိုး၊ ဈေးဆိုင်သုံးပစ္စည်းအမျိုးမျိုး၊ ခြံထွက်သီးနှံ အမျိုးမျိုးနှင့် ငှက်ပျောပင်မှထွက်ရှိသည့် ချည်မျှင်ဖြင့် လူသုံးကုန်ပစ္စည်း အမျိုးမျိုး ထုတ်လုပ်နေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် အနောက်ဘက်မြို့ရှောင်လမ်း မိုင်(၅/၇)မှ ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်(၃၂/၆-၇) လသာကုန်း Underpass သို့ ဆက်သွယ်သည့်လမ်း ဖောက်လုပ်နေမှုနှင့် အမြန်လမ်းဆုံ တည်ဆောက်နေမှု အခြေအနေ များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။