Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း အခြေခံ စက်ချုပ်သင်တန်း(၁/၂၀၂၃)နှင့် မီးဖိုဆောင်သီးနှံများ သဘာဝမြေဩဇာအသုံးပြု၍ ဖန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးနည်း သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း အခြေခံ စက်ချုပ်သင်တန်း(၁/၂၀၂၃)နှင့် မီးဖိုဆောင်သီးနှံများ သဘာဝမြေဩဇာအသုံးပြု၍ ဖန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးနည်း သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၄

================

ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာ၌ ဇွန်လ(၄)ရက်နေ့၊ နံနက်ပိုင်းက မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း အခြေခံစက်ချုပ်သင်တန်း(၁/၂၀၂၃)နှင့် မီးဖိုဆောင်သီးနှံများ သဘာဝမြေဩဇာအသုံးပြု၍ ဖန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးနည်းသင်တန်းဖွင့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့် ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူမှုစီးပွားနယ်ပယ် အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေးအတွက် ဒေသန္တရ စီမံကိန်းများရေးဆွဲထားရှိပြီးဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး ရည်ရွယ်၍ အခြေခံစက်ချုပ် သင်တန်းနှင့် မီးဖိုဆောင်သီးနှံများ သဘာဝမြေဩဇာအသုံးပြု၍ ဖန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးနည်းသင်တန်း ဖွင့်လှစ်ပေးခြင်းအပေါ် စိတ်ပါဝင်စားစွာ သိရှိနားလည်အောင် သင်ကြားကြစေလိုကြောင်း ပြောကြားခဲ့ သည်။ ၎င်းနောက် တိုင်ဒေသကြီး ဝန်ကြီးချုပ်က အခြေခံစက်ချုပ်သင်တန်း(၁/၂၀၂၃)အတွက် သင်ထောက် ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မီးဖိုဆောင်သီးနှံများ သဘာဝမြေဩဇာ အသုံးပြု၍ ဖန်လုံအိမ်စနစ်ဖြင့် စိုက်ပျိုးနည်းသရုပ်ပြသမှုနှင့် အခြေခံစက်ချုပ်သင်တန်း သင်ကြားနေမှုတို့ အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ဈေးကွက်ဝင် စားဖိုဆောင်သီးနှံများ တစ်ပိုင်တစ်နိုင်မှ အစုအဖွဲ့စနစ်ဖြင့် စီးပွားဖြစ် စိုက်ပျိုးနိုင်ရေး၊ ဓာတုကင်းလွတ် သဘာဝမြေဩများ တွင်တွင်ကျယ်ကျယ် သုံးစွဲနိုင်ရေး၊ ဩဂဲနစ်သီးနှံစိုက်ခင်း များ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေးနှင့် ဈေးကွက်ရရှိရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ပေါက်တပင်မျိုးသန့်ခြံသို့ ရောက်ရှိခဲ့ပြီး စိုက်ပျိုးရေးတာဝန်ခံက ရွှေနံ့သာပေါ်ဆန်း(၂)၊ ခေါင်နှံစိုက်ခင်း စိုက်ပျိုးအောင်မြင်နေမှုအခြေ အနေနှင့် ရေအနည်းလိုစပါး YAR-14 စိုက်ပျိုးအောင်မြင်နေမှု အခြေအနေများအား လိုက်လံရှင်းလင်းတင် ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိုးရေချိန်နည်းနှင့်ဒေသများတွင် ရေအနည်းလိုစပါးမျိုးများ လုံလုံ လောက်လောက်ဖြန့်ဖြူးပေးရန်နှင့် နည်းပညာပေးရန်၊ တိုင်းဒေသကြီးအတွင်း စပါးမျိုးကွဲများ များပြားမှုမရှိ စေရေးနှင့် ပြည်ပဈေးကွက်ရှိပြီး သက်တမ်းတိုအထွက်တိုး မျိုးစပါးများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်နှင့် တောင်သူများအား စိုက်ပျိုးရေးအပြင် မိသားစုဝင်ငွေ တိုးတက်စေရေး ဒေသကြက်မွေးမြူ ရေးကိုလည်း တွဲဖက်ဆောင်ရွက်စေရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ် ကျောင်းတိုက် သို့သွားရောက်၍ ဦးစီးပဓာနနာယက‌ ဘဒ္ဒန္တသိရိန္ဒမဟာထေရ်ဆရာတော်ကြီးအား ဖူးမြှော် ကန်တော့ပြီး နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့် အဘိဓဇမဟာရဌဂုရုဘွဲ့တံဆိပ်တော်အား ထပ်ဆင့်၍ အဘိဓဇဂုရုဂုဏပူဇာပွဲကျင်းပနိုင်ရေးအတွက် အလှူငွေကျပ်သိန်း(၂၀)နှင့် လှူဖွယ်ပစ္စည်းများ အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။