Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချခြင်းဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းရန်ပုံငွေဖြင့် သံရည်ကျိုပုံသွန်းလောင်းသင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချခြင်းဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းရန်ပုံငွေဖြင့် သံရည်ကျိုပုံသွန်းလောင်းသင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး ဩဂုတ် ၂၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများလိုက်ပါလျက် ဩဂုတ်လ(၂၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ရွာသစ်ကိုင်းတာကျေးရွာ၌ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျော့ချခြင်းဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းရန်ပုံငွေဖြင့် သံရည်ကျိုပုံသွန်းလောင်းသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့ပြနှင့်ကျေးလက်ဒေသများအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး မြန်ဆန်စွာအကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ လူမှုစီးပွားနယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရရှိစေရေးအတွက် ဒေသန္တရစီမံကိန်းများ ရေးဆွဲထားရှိပြီးဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး ရည်ရွယ်၍ ယခုလို သံရည်ကျိုပုံသွန်းလောင်းသင်တန်း ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး သံရည်ကျိုခြင်း၊ ပုံလောင်းခြင်းများကို ခေတ်မီ နည်းစနစ်များဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်စေရေး သင်ကြားပို့ချပေးသွားမည်ဖြစ်၍ သေချာလေ့လာ မှတ်သားစေလိုကြောင်း MSMEs လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက် စေရေး ပဲခူးတိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအေဂျင်စီမှ ကဏ္ဍအလိုက် လိုအပ်ချက်များအား အနီးကပ်ကြီးကြပ် ဖြည့်ဆည်းဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျေးလက်သက်မွေးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (RBF) ရန်ပုံငွေအား လွှဲပြောင်းပေးအပ်ခဲ့ပြီး စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းမှ သင်တန်းနည်းပြများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် သင်တန်းနည်းပြတစ်ဦးမှ သင်ကြားပို့ချမည့် သင်ခန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တက်ရောက်လာသည့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ သံရည်ကျိုလုပ်ငန်းရှင်များ၊ သင်တန်းသား/ သူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် သံရည်ကြိုပုံသွင်းလောင်းမည့် နမူနာပုံစံများအား ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။

ပဲခူးမြို့နယ်၊ ရွာသစ်ကိုင်းတာကျေးရွာတွင် သံရည်ကျိုလုပ်ငန်း(၁၈)ခုမှ ပြည်တွင်းသုံးကုန်နှင့် ပြည်ပ ပို့ကုန်များ ထုတ်လုပ်လျက်ရှိပြီး ယခုဖွင့်လှစ်သည့် သင်တန်းမှရရှိလာသည့် အဆင့်မြင့်နည်းပညာများဖြင့် ထုတ်လုပ်သွားပါက ပြည်ပပို့ကုန်များ အရည်အသွေးပြည့်မီစွာ ပိုမိုထုတ်လုပ်လာနိုင်ခြင်း၊ ဈေးကွက်တိုးချဲ့ ရရှိလာနိုင်ခြင်း၊ တီထွင်ဆန်းသစ်မှုများ ပိုမိုသိရှိလာနိုင်ခြင်းအပြင် ဒေသတွင်းလူငယ်များအား နည်းပညာ များ ဖြန့်ဝေပေးနိုင်ခြင်းတို့ဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွာသစ်ကျေးရွာ၌ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်ထားသော Green House ဖြင့် စားဖိုဆောင်သီးနှံများ စိုက်ပျိုး ထားရှိမှုအားကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသထွက် ဝါးများဖြင့် တည်ဆောက်ရန်နှင့် သဘာဝမြေဩဇာ ကိုယ်တိုင် ထုတ်လုပ်သုံးစွဲပြီး ဓာတုကင်းလွတ် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးသွားရန် လမ်းညွှန်မှာကြားခဲ့ပြီး တောင်သူများအတွက် သဘာဝမြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ်၊ သမန်းကုန်းကျေးရွာ၊ တောင်သူ ဦးမြင့်အောင်၏ ရက်(၉၀)မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း စုပေါင်းဓါတ်မြေဩဇာကြဲပတ်နေမှုအား ကြည့်ရှု အားပေးခဲ့ပြီး‌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုး စနစ်များ ပြောင်းလဲဆောင်ရွက်ရန်နှင့် တန်ဖိုးနည်း လက်ဆွဲကောက်စိုက်စက် အသုံးပြုပုံ၊ ပျိုးထောင်ပုံတို့ အား မှတ်တမ်းဗွီဒီယိုဖြင့် ရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိသည်။