Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေး ကောက်ယူခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပြုလုပ်

မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေး ကောက်ယူခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၁
=================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၁၁)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေး ကောက်ယူခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဒုတိယဝန်ကြီးချုပ်၏ မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စစ်ဆေးကောက်ယူခြင်း ဆိုင်ရာအစည်းအဝေး လမ်းညွှန်မှာကြားချက်များအား ဖတ်ကြားရှင်းလင်းခဲ့ပြီး နောက် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် နိုင်ငံသားစိစစ်ရေးကတ်များ စနစ်တကျမရှိခြင်း၊ နိုင်ငံသား ကတ်များ ဖောင်းပွခြင်းနှင့် အခြားအကြောင်းအမျိုးမျိုးတို့ကြောင့် မဲစာရင်းမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့ရ ကြောင်း၊ နောင်လာမည့်ရွေးကောက်ပွဲတွင် အိမ်ခြေအိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)များအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ Server မှ ပြန်လည်ထုတ်ယူပြီး မြေပြင်အခြေအနေ အမှန်နှင့် တိုက်ဆိုင်စစ်ဆေးသွားရမှာဖြစ်ကြောင်း၊ တိုက်ဆိုင်စစ်ဆေးပြီးသည့် ပုံစံ(၆၆/၆) လူဦးရေစာရင်း အမှန်အား National Data Base Main Server သို့ ပြန်လည်ထည့်သွင်းသွားရမှာဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များကို ရပ်ကွက်/ကျေးရွာများအလိုက် မြေပြင်စာရင်းစစ်ဆေးကောက်ယူနိုင်ရေး Working Group များအား သက်ဆိုင်ရာဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များဖြင့် ဖွဲ့စည်းဆောင်ရွက် သွားရန်ဖြစ်ကြောင်း၊ စာရင်းဇယားများ လုပ်ကိုင်ဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီ စနစ်တကျ ဆောင်ရွက်နိုင်ရေး ခရိုင်/မြို့နယ်ကြီးကြပ်ရေးအဖွဲ့များမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားရန် လိုအပ် ကြောင်း၊ သတ်မှတ်ကာလအတွင်း လွတ်လပ်ပြီးမျှတသော ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ရန်နှင့် ပဲခူးတိုင်းဒေသကြီး၏ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ် သည့် ကောင်းမွန်သော အလေ့အထများဖြင့် ဆက်လက်ကြိုးစားဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးက ပဲခူးတိုင်းဒေသကြီးအတွင်း အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)အား အခြေခံ၍ မဲစာရင်းမှန်ကန်စေရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေး ကောက်ယူခြင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်ရုံး၊ တာဝန်ခံအရာရှိက မဲစာရင်းဆိုင်ရာ အချက်အလက်များကို လည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက ခရိုင်အတွင်း မြို့နယ်အလိုက် မဲစာရင်းမှန်ကန်စေ ရေးအတွက် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေး ကောက်ယူခြင်းအပေါ် Working Group အလိုက် ဖြန့်ခွဲဆောင်ရွက်သွားမည့် အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ များ၏ တင်ပြချက်များနှင့်ပတ်သက်၍ အားသာချက်၊ အားနည်းချက်နှင့် ဌာနအလိုက် ပူးပေါင်းဆောင်ရွက် သွားရမည့် အချက်အလက်များအား အကြံပြုတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။