Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မျိုးစေ့မှန်၊ စိုက်ချိန်မှန်၊ ရိတ်သိမ်းချိန် မှန်ကန်နိုင်ရေး ခရိုင်/မြို့နယ် စိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုအဖွဲ့များက ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်းပြောကြား

မျိုးစေ့မှန်၊ စိုက်ချိန်မှန်၊ ရိတ်သိမ်းချိန် မှန်ကန်နိုင်ရေး ခရိုင်/မြို့နယ် စိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုအဖွဲ့များက ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်းပြောကြား

ပဲခူး ဇွန် ၁၃

=============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇွန်လ(၁၂)ရက်နေ့၊ နံနက်ပိုင်း က၂၀၂၃-၂၀၂၄ ခုနှစ်၊ (၁)သီး၊ (၂)သီး၊ (၃)သီး စိုက်ပျိုးမှုနှင့် ပန်းတိုင်အထွက်နှုန်းရရှိရန် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ခရိုင်/မြို့နယ် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့များနှင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသတွင်း တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးသည် စိုက်ပျိုးရေးလုပ်ငန်းသည် အဓိကအခြေခံကျသဖြင့်  မျိုးစေ့မှန်၊ စိုက်ချိန်မှန်၊ ရိတ်သိမ်းချိန် မှန်ကန်နိုင်ရေး ခရိုင်/မြို့နယ် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့များက ကြီးကြပ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ (၃)သီးစိုက်ဧကများဖြစ်သည့် နွေစပါးနောက်ကျသော ဒေသများတွင် မိုးစပါး အချိန်မီစေရေး ကြိုတင်ပျိုးထောင်ထားရန်လိုအပ်ပြီး ပြည်တွင်း/ပြည်ပ ဈေးကွက်ဝင်ပြီး သက်တမ်းတိုပြီး အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ (၁)သီးမှ (၂)သီး (၃)သီး တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ရေရရှိရေးနည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးသွား မည်ဖြစ် ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး (၅.၅)ဘီလီယံ ထုတ်ပေးထားပြီးဖြစ်သည့်အတွက် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ရေကြီးရေနက်ကွင်းများတွင် (၁)သီးစိုက်ပျိုးနေရာမှ ထပ်မံ၍ တစ်အုပ်တစ်မ ဟင်းသီးဟင်းရွက် စိုက်ပျိုးနိုင်ရေး ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ နေကြာအမှန်တကယ်ဖြစ်ထွန်းနိုင်သည့် မြေနေရာများ ရှာဖွေ၍ နေကြာ သီးသန့်စိုက်ခင်းများနှင့် နှမ်းစိုက်ပျိုးနိုင်ရေးကိုလည်း လိုအပ်သည့် မျိုးကောင်းမျိုးသန့်များ ပံ့ပိုးကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းစိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်မှ သာ ကုန်ဈေးနှုန်းအား အထိုက်အလျောက် လျော့ချပေးနိုင်မှာဖြစ်၍ သက်ဆိုင်ရာ စိုက်ပျိုးရေးကြီးကြပ်မှုအဖွဲ့ များက ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး‌ အောင်သောင်းထိုက်က ဒေသနှင့်ကိုက်ညီ သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးကိုလည်းကောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများ ကိုလည်းကောင်း၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များက မြို့နယ်အလိုက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်နိုင်ရေး စီမံချက်များအား ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။