Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်

ပဲခူး ဧပြီ ၁၀

===============

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားအား ဧပြီလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ “စာပေဒသာ ဝေဆာစေမည်” Video Clip အား ပြသ၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စာပေဆိုသည်မှာ မည်မျှပင် ကာလကြာရှည်က ထုတ်ဝေခဲ့သည်ဖြစ်စေ မဖတ်ရ၊ မလေ့လာရသေးပါက အသစ်ပင်ပင်ဖြစ်ပြီး ယနေ့ခေတ်လူငယ်များ မသိနိုင်သေးသည့် အကြောင်းအရာများစွာ ပါဝင်လျက်ရှိကာ စာအုပ်၏ တန်ဖိုးကို ဖော်ပြ၍ရသော်လည်း စာဖတ်သူတို့ ရရှိမည့် အသိက တန်ဖိုးဖြတ်၍ မရကြောင်း၊ နိုင်ငံတော်အစိုးရမှ ပညာရေးကဏ္ဍ တိုးတက်မြင့်မား ရေးကို ဘက်ပေါင်းစုံမှမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသလို လူငယ်များသည် နိုင်ငံ၏ အနာဂတ်ဖြစ်ပြီး ပညာသင်ခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် မရှိမဖြစ်အရေးပါသော လူ့စွမ်းအားအရင်းအမြစ်များ ပျိုးထောင် ပေးခြင်းဖြစ်ကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြစေဖို့အတွက် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန်လိုအပ်ပြီး အသိပညာမြင့်မားနိုင်ရေး စာကြည့်တိုက်များ၏ အခန်း ကဏ္ဍနှင့် စာကြည့်တိုက်ယဉ်ကျေးမှုများ ထွန်းကားလာရေးကို အလေးထား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စာဖတ်ခြင်းအားဖြင့် အသိဉာဏ်ပညာပြည့်ဝပြီး ကောင်းကျိုးပြည့်ဝသော ပတ်ဝန်းကျင်ကောင်းများ ဖန်တီး ပေးနိုင်မှာဖြစ်ကြောင်း၊ ကျောင်းစာကြည့်တိုက်များ၊ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ တိုးပွားရေး၊ ရေရှည် တည်တံ့ခိုင်မြဲရေး ရှင်သန်ရေးအတွက် နိုင်ငံတော်၏အား၊ စေတနာရှင် အလှူရှင်များ၏အား၊ စာကြည့်တိုက် ကော်မတီတို့၏အား လိုအပ်ပြီး သက်ဆိုင်ရာဒေသအလိုက် စာပေချစ်သူများက စာကြည့်တိုက်များ ဖွံ့ဖြိုးရှင်သန်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း လိုအပ်သည်များ ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများထံ အလှူငွေနှင့် စာအုပ် စာစောင်များအား စည်ပင်သာယာရေးအဖွဲ့နှင့် စေတနာရှင်ပြည်သူများကလည်းကောင်း၊ ခရိုင်စက်မှုဇုံကြီးကြပ် ရေးအဖွဲ့နှင့် လုပ်ငန်းရှင်များကလည်းကောင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့ နာယကကလည်းကောင်း၊ တိုင်းဒေသကြီးစာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌကလည်း ကောင်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများကလည်းကောင်း၊ ဘုရားဂေါပကအဖွဲ့များကလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြရာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ် ချီးမြှင့် ခဲ့သည်။ ၎င်းနောက် စာရေးဆရာမ ဝတ်ရည်ခင်(ပဲခူး)က စာအုပ်စာစောင်များ လှူဒါန်းပေးအပ်ရခြင်း အတွက် မုဒိတာစကား ပြန်လည်ပြောကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်စေရေး အလှူငွေကျပ်(၄၁၃)သိန်းကျော်နှင့် တန်ဖိုးငွေကျပ်သိန်း(၈၀)သိန်းကျော် တန်ဖိုးရှိ သုတ၊ရသ စာအုပ်စာစောင်(၃၀၀၀)အုပ်၊ စုစုပေါင်းလှူဒါန်းမှုတန်ဖိုးငွေကျပ်(၄၉၄)သိန်းကျော် ထောက်ပံ့လှူဒါန်းပေးခဲ့ ကြောင်း သတင်းရရှိသည်။