Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေရေး စီမံချက်(မူကြမ်း)အပေါ် သုံးသပ်ဆွေးနွေးခြင်း ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေရေး စီမံချက်(မူကြမ်း)အပေါ် သုံးသပ်ဆွေးနွေးခြင်း ညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မတ် ၂၈

================

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၂၈)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေရေး စီမံချက်(မူကြမ်း)အပေါ် သုံးသပ်ဆွေးနွေးခြင်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံချုပ်ရေးကောင်စီ၊ ကောင်စီဝင်(၁)၊ ဗိုလ်မှူးကြီးလှမျိုးရွှေ က COVID-19 ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများ ပြန်လည်နလန်ထူ လာနိုင်ပြီး ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုအကျိုးစီးပွားအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိသော မြန်မာ့စီးပွားရေး အဆောက်အအုံကို အထောက်အကူပြုနိုင်သည့် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့ စေရေးစီမံချက်(မူကြမ်း)ပေါ် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ မိမိတို့၏ သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြုံပြုသုံးသပ်တင်ပြပေးရန် အမှာစကားပြောကြားခဲ့သည်။

          ထို့နောက် အတွင်းရေးမှူး ဦးစိုးသိန်းက ပြောင်းလဲနေသော ကမ္ဘာ့အခြေအနေ၊ နိုင်ငံ့အခြေအနေတို့ကို ထည့်သွင်းစဉ်းစားလျက် ကာလတိုကာလအတွင်း စီးပွားရေးနှင့် သက်ဆိုင် သည့် ဥပဒေစည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်း ပြုပြင်ပြောင်းလဲမှု၊ ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ အခွန်အကောက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ ကုန်သွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု၊ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတို့အား မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက် (မူကြမ်း)၌ လုပ်ငန်းအစီအစဉ်(၅)ခု၊ မျှော်မှန်းချက်(၁၆)ခုနှင့် လုပ်ငန်းစဉ်(၈၀)ခုတို့ဖြင့် ထည့်သွင်းရေးဆွဲထားပြီးဖြစ်၍ ဌာနဆိုင်ရာ အလိုက် ပြင်ဆင်၊ ဖြည့်စွက်၊ ဖြေလျော့လိုသည့် အချက်များအား ထပ်မံအကြုံပြုသုံးသပ်တင်ပြ ပေးရန် ပြောကြားခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ မိမိတို့၏ ဌာနအလိုက် မြန်မာ့ စီးပွားရေး ပြန်လည်ဦးမော့စေရေးစီမံချက် (မူကြမ်း)အပေါ် ပြင်ဆင်၊ ဖြည့်စွက်၊ ဖြေလျော့လိုသည့် အချက်များအား အကြံပြုသုံးသပ်တင်ပြခဲ့ကြောင်း သိရှိရသည်။

          အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံချုပ်ရေးကောင်စီ၊ ကောင်စီဝင်(၁)၊ ဗိုလ်မှူးကြီး လှမျိုးရွှေ၊ အတွင်းရေးမှူး ဦးစိုးသိန်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။