Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ဆင့်ပွားသင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး

မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ဆင့်ပွားသင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး

ပဲခူး မေ ၂

=====================

          ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ မေလ(၂)ရက်နေ့၊ နံနက် ပိုင်းက မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး ဆင့်ပွားသင်တန်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ (၁)နှစ်တာ ကာလ အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့ခြင်းအတွက် ဆရာ/ဆရာမများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း၊ ပညာသင်နှစ်တစ် လျှောက်လုံး ကျန်းမာရေးဆိုင်ရာ အခက်အခဲများနှင့် အခြားအခက်အခဲများ ကြားမှ သင်ကြားသင်ယူမှုလုပ်ငန်းများ၊ စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းများကို အောင်မြင်ပြီးမြောက် အောင် ဆောင်ရွက်နိုင်ခဲ့ခြင်းသည် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ ၏ စွမ်းဆောင်ရည်ကြောင့်ပင်ဖြစ်၍ (၉-၄-၂၀၂၂)ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဆရာ/ဆရာမ များရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြု ဖော်ပြခဲ့ပြီးလည်းဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကောင်းမွန်သော လူစွမ်းအားအရင်းအမြစ်တွေ မွေးထုတ်ပေးမည့် ပညာရေးသည် အလွန်အရေး ကြီးကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် အထူးမှာကြားထားသည့် နိုင်ငံသူနိုင်ငံသားတိုင်း အခြေခံပညာ အလယ်တန်းဆင့် KG+9 ပြီးမြောက်ရန် အလွန်အရေးကြီးကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် ကျောင်းသား/သူ များအား စာသင်ကြားရာတွင် စာသင်ခြင်းတစ်ခုတည်းမဟုတ်ဘဲ မိဘဆရာသမားများ၊ လူကြီးသူမများကို ရိုသေလေးစားတတ်အောင်၊ လိမ္မာရေးခြားရှိအောင်၊ နိုင်ငံချစ်စိတ်များ ဖွံ့ဖြိုးလာအောင် သင်ကြားပေးကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။

          ထို့နောက် သင်တန်းတက်ရောက်လာသည့်  မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ပညာရေးဆိုင်ရာလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          အဆိုပါ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးဆင့်ပွားသင်တန်းသို့ ပဲခူးတိုင်းဒေသကြီး(အရှေ့)ရှိ မြို့နယ်(၁၄)မြို့နယ်မှ မြို့နယ်ပညာရေးမှူးများ၊ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းကျောင်းအုပ် ကြီးများ စုစုပေါင်း(၇၀)ဦးအား မေလ(၂)ရက်နေ့မှ မေလ(၃)ရက်နေ့အထိ သင်တန်းပေးသွားမည်ဖြစ် ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန် ရှိသူများ လိုက်ပါလျက် ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်ခဲ့ပြီး မေလ(၈)ရက်နေ့တွင်  ကျရောက်မည့် (၇၄)နှစ်မြောက် ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကြက်ခြေနီဝန်ထမ်း (၁၆)ဦး၊ ကျန်းမာရေးဝန်ထမ်း(၁၀)ဦးနှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့(၁၀)ဦးတို့မှ စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အဟာရဖြည့်စွက်စာနှင့် အားဆေးများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။