Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်းစေရေး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ လမ်းညွှန်မှာကြား

မြို့ပြနှင့်ကျေးလက် ကွာဟမှုလျော့နည်းစေရေး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ လမ်းညွှန်မှာကြား

ပဲခူး မေ ၄

============

          ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းဝေးခန်းမ၌ မေလ(၄)ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

          ‌ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း ဒေသကြီး လူဦးရေ၏(၇၀)ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ကြောင်း၊ မြို့ပြနှင့် ကျေးလက် ကွာဟမှု လျော့နည်းစေရေး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရာတွင် ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်အတူ ဆည်မြောင်းနှင့် ရေအသုံးချ မှုဦးစီးဌာန၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့သည် အလွန်အရေးကြီး ကြောင်း၊ ကျေးလက်နေပြည်သူများ၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်လမ်းများ အဆင့်မြှင့်တင်ပေးခြင်း၊ ရေရရှိရေးဆောင်ရွက်ပေးခြင်း၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးခြင်း၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်း၊ စိုက်ပျိုးရေးအပြင် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် အခွင့်အလမ်းများရရှိအောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဒေသတွင်း ဆန်ဖူလုံမှု ရှိသော်လည်း တောင်သူများအတွက် အကျိုးရှိသည့် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေ ရရှိနိုင်မည့် နေရာများ ရှာဖွေတင်ပြပေးရန်၊ စားသုံးဆီဖူလုံမှုသည် (၉၂)ရာခိုင်နှုန်းသာရှိ၍ ဆီထွက် သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူအသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျေးလက်နေပြည်သူများ အတွက် အကျိုးရှိပြီး ဒေသနှင့်ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ် သင်ကြားပေးရန်တို့အား ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးသိန်းက ကျေးရွာအလိုက် လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေး၊ ကျေးလက် လမ်း/တံတား၊ မြစိမ်းရောင်စီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း၊ စွမ်းရည်မြှင့်တင်ရေး သင်တန်းနှင့် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများ ဆောင်ရွက်နေမှု အခြေအနေများအား တင်ပြခဲ့ရာ၊ ကောင်စီအဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများမှ အကြံပြုဆွေးနွေးတင်ပြခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည် များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။