Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မြို့ပြများ ဘက်စုံသန့်ရှင်းသာယာလှပစေရေး အရှိန်အဟုန်မပြတ် ဆောင်ရွက်ကြရန် တို်ငးဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

မြို့ပြများ ဘက်စုံသန့်ရှင်းသာယာလှပစေရေး အရှိန်အဟုန်မပြတ် ဆောင်ရွက်ကြရန် တို်ငးဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး နိုဝင်ဘာ ၂၂

=====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက မြို့ပြများ ဘက်စုံသန့်ရှင်းသာယာလှပစေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စည်ပင်သာယာ ရေးလုပ်ငန်းများသည် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများဖြစ်၍ ပြည်သူလူထုထံ အပြည့်အဝ ဝန်ဆောင်မှုပေးရန်နှင့် ယဉ်ယဉ် ကျေးကျေး ပြောဆိုဆက်ဆံရန်လိုအပ်ကြောင်း၊ မြို့တိုင်းတွင်ရှိသည့် အများနှင့်သက်ဆိုင်သည့် (Public Area) များ၊ မြို့နယ်ခန်းမများ၊ လမ်းမကြီးများ၊ ဈေးများနှင့် မြို့ဝင်/ထွက်များတွင် အလှပန်းပင်များ၊ အရိပ်ရအပင်များဖြင့် အလှဆင်ရန်နှင့် သန့်ရှင်းသပ်ရပ်စေရေးလည်း နေ့စဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စည်ပင်ပိုင်ဧရိယာအတွင်း ကျူးကျော်မှုများ မရှိစေရေး အထူးကြီးကြပ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မြို့တစ်ခု၏ စည်ပင်သာယာရေးလုပ်ငန်းများသည် ယင်းမြို့၏ ရရှိသည့် ဝင်ငွေခွန်ပေါ်တွင် မူတည်နေသဖြင့် ခေတ်နှင့်လျော်ညီသည့် အခွန်အခများရရှိစေရေး ဆောင်ရွက်သွားရန် လိုအပ်သလို အခွန်ပုံးအခွန်ရှောင် များကိုလည်း ဖော်ထုတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ စည်ပင်သာယာရေးအဖွဲ့ပိုင် စက်/ယာဉ်၊ ယန္တရားများ အချိန်မရွေးသုံးစွဲနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ Quality Control (QC) စစ်ဆေးခြင်းအား အဆင့်ဆင့်ကြီးကြပ်၍ တာဝန်ယူမှု တာဝန်ခံမှုစနစ်ဖြင့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ လာမည့် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အလိုက် သန့်ရှင်းသာယာလှပစေရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများအား စနစ်တကျ ကြိုတင် ပြင်ဆင်ရေးဆွဲထားကြရန် ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိများက မြို့နယ်အလိုက် ဝင်ငွေ/အသုံးစရိတ်များ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)ခု၌ ဆောင်ရွက်နေသည့် စည်ပင်သာယာရေးလုပ်ငန်းများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြခဲ့ကြသည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက တင်ပြချက်များနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ အသေးစိတ် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။