Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / မြို့ပြများ သန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

မြို့ပြများ သန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဖေဖော်ဝါရီ ၁၄

=======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက မြို့ပြများ သန့်ရှင်းသာယာလှပစေရေး မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃) ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ်အလိုက် မိမိတို့မြို့ သန့်ရှင်းသာယာ လှပစေရေးသည် စည်ပင်သာယာရေးအဖွဲ့များတွင် တာဝန်ရှိကြောင်း၊ စည်ပင်သာယာရေး၏ လုပ်ငန်းများ သည် ပြည်သူလူထုအတွက် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရသည့်ဌာနဖြစ်ပြီး အစိုးရ၏ ပုံရိပ်တစ်ခု လည်းဖြစ်ကြောင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရရှိသည့်အခွန်ဝင်ငွေပေါ်တွင် မူတည်နေပြီး မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း နှစ်စဉ်ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မကြာမီ ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများကို ကြွေးကျန်မရှိ အပြည့် အဝ ကောက်ခံရရှိရန်လိုအပ်ကြောင်း၊ မြို့နယ်အလိုက် အခွင့်အရေးအရပ်ရပ်လိုင်စင်များအား သတ်မှတ် စည်းကမ်းချက်ပါအတိုင်း အပြည့်အဝ ရောင်းချသွားရန်လိုအပ်ကြောင်း၊ လျှပ်စစ်စွမ်းအင် ချွေတာ နိုင်ရေး လမ်းမီးများတွင် LED မီးလုံးများ လဲလှယ်တပ်ဆင်သွားရန်လိုအပ်ပြီး ကားလမ်းတစ်လျှောက် အလင်းဖွင့် ခြင်းများကို မိုးရာသီမရောက်မီ အပြီးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ဈေးများတွင် မီးဘေးနှင့် လျှပ်စစ်မီးအန္တရာယ် ကင်းရှင်းစေရေး ကြိုတင်ကာကွယ်ခြင်းများ ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ သန့်ရှင်းသော သောက်သုံးရေရရှိစေရေး ရေစုကန်များသန့်ရှင်းသပ်ရပ်ရန် လိုအပ်ကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး သတ်မှတ်လမ်းညွှန်အမှတ်အသားများ၊ အနှေးယာဉ်လမ်းကြောင်းများ ပြည့်စုံစွာထားရှိရန် နှင့် လမ်းလယ်ပန်းခုံများတွင် ရာသီမရွေးပွင့်သည့် ပန်းအလှပင်များ ရွေးချယ်စိုက်ပျိုးရန် လိုအပ်ကြောင်း၊ မိုးရာသီမရောက်မီ ရေစီးရေလာကောင်းမွန်စေရေးနှင့် ပျိုးပင်များအား ကြိုတင်ပြုစုပျိုးထောင် ထားရှိရန်လို အပ်ကြောင်း၊ မိမိတို့မြို့ သန့်ရှင်းသာယာလှပစေရေး မြို့မိ/မြို့ဖများနှင့် ပူးပေါင်းဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားခဲ့သည်။

               ထို့နောက် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးတင်ဦးက ဘဏ္ဍာငွေ အရ/အသုံးဆိုင်ရာ အချက်အလက်များ၊ တည်ဆောက်ရေး လုပ်ငန်းများအား ဖြည့်စွက်ရှင်းလင်း ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးနှင့် မြို့နယ်(၂၈)မြို့နယ်မှ စည်ပင်သာယာရေး အဖွဲ့၊ အမှုဆောင်အရာရှိများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်တွင် ဆောင်ရွက်မည့်တည်ဆောက်ရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက် မည့် အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။