Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ယာယီရေဘေးရှောင်စခန်းများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကူညီထောက်ပံ့

ယာယီရေဘေးရှောင်စခန်းများသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကူညီထောက်ပံ့

ပဲခူး ဇူလိုင် ၃၀

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇူလိုင်လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ အတွင်းရှိ ယာယီရေဘေးရှောင်စခန်းများသို့ လိုအပ်သည်များ သွားရောက်ကူညီထောက်ပံ့ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ဖွင့်လှစ်ထား သည့် သဘာဝဘေးကွပ်ကဲမှုရုံးတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးမြို့နယ် တပ်နယ်မှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပြီး ယာယီရေဘေးရှောင်စခန်းများရှိ လူဦးရေနှင့် ထောက်ပံ့မှုစာရင်းများ စနစ်တကျပြုစုထားရှိရန်၊ ရေကြီးနစ်မြှုပ်သည့် ဘုန်းတော်ကြီးကျောင်းများရှိ သံဃာ တော်များ ဆွမ်းကိစ္စအဆင်ပြေစေရေး လိုအပ်သည်များ ထောက်ပံ့ကူညီပေးရန်၊ ရေများအမြန်ဆုံး ပြန်လည် ကျဆင်းစေရေး အဓိကရေထွက်ပေါက်များ ပိတ်ဆို့မှုမရှိစေရေး လိုက်လံစစ်ဆေးဆောင်ရွက်ရန်၊ ဝမ်းပျက် ဝမ်းလျောရောဂါဖြစ်ပွားမှုမရှိစေရေး ကရိုရင်းဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ ရေကြီးနစ်မြှုပ် ခဲ့သည့် လယ်မြေများအတွက် မျိုးစပါးများ ကြိုတင်စုဆောင်းဖြန့်ဝေပေးထားရန်နှင့် ရေကျဆင်းသွားပါက အမြန်ဆုံးပြန်လည်စိုက်ပျိုးနိုင်ရေး စက်မှုလယ်ယာမှ စိုက်ပျိုးရေးသုံးစက်ယန္တရားများ အသင့်စုဖွဲ့ထားရှိရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပဲခူးမြို့ရှိ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးခစန်းများ အလိုက် ရေးဘေးသင့်ပြည်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးအခြေအနေများကို လည်းကောင်း၊ ပဲခူးမြို့နယ်၊ တပ်နယ်မှူးက တပ်မတော်တပ်ရင်းတပ်ဖွဲ့များ၏ ရေဘေးကူညီကယ်ဆယ်ရေး နှင့် ထမင်းထုပ်များ ဖြန့်ဝေးလျက်ရှိမှု အခြေအနေကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူးက စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြစ်ရေစီးဆင်းမှုအခြေအနေနှင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းဘေး ရေထွက်ပေါက် ပြန်လည်အဆင့်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ မဟာကလျာဏီသိမ်တော်ကြီးကျောင်းနှင့် ကြေးနီကန်ဘုန်းတော်ကြီးရှိ ရေဘေးသင့်ပြည်သူများနှင့် သွားရောက်တွေ့ဆုံ၍ ရင်းနှီးနှီးနှုတ်ဆက်အားပေး စကားပြောကြားခဲ့ပြီး စားသုံးကုန်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ဆန်ရိက္ခာဘိုးများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကလေးငယ်များအတွက် အာဟာရမုန့်များ ပေးဝေခဲ့ကြပြီး ရေဘေးသင့်ပြည်သူများ ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အပြည့်အဝဆောင်ရွက်ပေးရန်နှင့် အမိုးအကာဖြင့် နေထိုင် နိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ကျောက်ကြီးစုတာပေါ်၌ သဲအိပ်ရေတားတာ ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကြီးနစ်မြှုပ်သည့် မြို့သစ် (င) ရပ်ကွက်၊ ကျောက်ကြီးစုရပ်ကွက်များအတွင်း စက်လှေများဖြင့် လည်လှည့်ကြည့်ရှု၍ ရေဘေးသင့်ပြည်သူ များအား ထမင်းထုပ်များ၊ မုန့်များ၊ ရေသန့်ဗူးများ လိုက်ခံပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။