Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ အပြည့်အဝကောက်ခံရရှိရေး အသိပညာပေးစည်းရုံးဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ အပြည့်အဝကောက်ခံရရှိရေး အသိပညာပေးစည်းရုံးဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဒီဇင်ဘာ ၂၆

===========================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၆/၂၀၂၂) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆောင်းသီးနှံများဖြစ်သည့် ပဲအမျိုးမျိုးနှင့် နေကြာများစိုက်ပျိုးရာတွင် အမှန်တကယ်အောင်မြင်ဖြစ်ထွန်းနိုင်သည့် မြေနေရာများရွေးချယ်ခြင်း၊ စိုက်ပျိုးရေ ရရှိရေး အထူးအလေးထား ဆောင်ရွက်ပေးသွားရမှာဖြစ်ပြီး လိုအပ်ပါက ဆိုလာရေတင်စနစ်ဖြင့် ချက်ခြင်း ဖြည့်ဆည်း ဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးသည် လျာထား စိုက်ဧကများ ကျော်လွန်စိုက်ပျိုးနိုင်ပြီး ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးရေနှင့် အခြားသွင်းအားစုများ ဆက်လက်ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျေးရွာများအား ကွင်းဆင်းရာ တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကြောင်း ဆိုင်ရာပညာရပ်များ သင်တန်းပေးခြင်းများ ဆောင်ရွက်သည့်အပြင် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ အပြည့်အဝ ပြန်လည်ကောက်ခံရရှိရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သတ်မှတ်ဘတ်ဂျက်ကာလအတိုင်း တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ရန်လိုအပ်ပြီး တိုင်းပြည်၏ ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ များအနေဖြင့် လျှပ်စစ်မီး၊ သောက်သုံးရေ၊ စက်သုံးဆီနှင့် ရုံးသုံးပစ္စည်းများအား ချွေတာသုံးစွဲကြရန်လိုအပ် ကြောင်း၊ မိမိတို့မြို့အလိုက် သန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်ရန်နှင့် အမှိုက်ပုံးများ၊ အမှိုက်ကန်များ စနစ်တကျထားရှိကြရန်လိုအပ်ကြောင်း၊ တရားမဝင်မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ စီးနင်းမှုမရှိ စေရေး ကြီးကြပ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရုံးလုပ်ငန်း များအား လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက အုပ်ချုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြှင့်မားရေး၊ အိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)အား မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များအား Power Point ဖြင့် အသီးသီးတင်ပြခဲ့ကြသည်။

          ယင်းနောက် တင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တာဝန်ရှိသူများနှင့် တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်များက အကြံပြုဖြည့်စွက် ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။