Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / “ရာဂီ”မုန်တိုင်းသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အခြားဌာနနှင့် အဖွဲ့အစည်း များ ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်

“ရာဂီ”မုန်တိုင်းသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အခြားဌာနနှင့် အဖွဲ့အစည်း များ ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၃၀

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ “ရာဂီ”မုန်တိုင်းသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အခြားဌာနနှင့် အဖွဲ့အစည်းများ ဂုဏ်ပြုပွဲအခမ်းအနားအား အောက်တိုဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “ရာဂီ”မုန်တိုင်းအရှိန်ကြောင့် စစ်တောင်း မြစ်ရေ မြင့်တက်ခဲ့ပြီး စက်တင်ဘာလ(၁၁)ရက်နေ့တွင် ရေတာရှည်၊ ရေနီနှင့် သာဂရမြို့တို့တွင် စတင်ရေ ဝင်ရောက်ခဲ့ရာမှ တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုစတင်ဖြစ်ပွားခဲ့ကြောင်း၊ ရေကြီးရေလျှံမှုစတင်မဖြစ် ပွားမီအချိန်ကပင် ကြိုတင်ပြောင်းရွေ့နိုင်ရေး စီမံဆောင်ရွက်ခဲ့ခြင်းကြောင့် အသင့်စုဖွဲ့ထားသည့် တပ်ရင်း တပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် လူမှုကယ်ဆယ်စောင့်ရှောက်ရေးအသင်းများ စုပေါင်းအားဖြင့် ပြည်သူများဘေးလွတ်ရာသို့ သက်စွန့်ကြိုးပမ်း ရွေ့ပြောင်းပေးနိုင်ခဲ့သည့်အတွက် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီး ဆုံးရှုံးမှု လျော့နည်းသက်သာခဲ့ရကြောင်း၊ “ရာဂီ”မုန်တိုင်း၏ နောက်ဆက်တွဲဆက်စပ်မှုကြောင့် တောင်ငူ ခရိုင်အတွင်း နှစ်ပေါင်း(၁၀၀)ခန့်တွင် မကြုံစဖူး ရေကြီးရေလျှံမှုကြီးမားစွာ ဖြစ်ပေါ်ခဲ့သည့်အတွက် မြို့နယ်(၅)မြို့နယ်တွင် ကယ်ဆယ်ရေးစခန်းပေါင်း(၁၄၃)ခု၊ အိမ်ထောင်စု (၁၉၀၂၁)စု၊ လူဦးရေ(၇၃၈၅၁)ဦးနှင့် ညောင်လေးပင်ခရိုင်တွင် မြို့နယ်(၃)မြို့နယ်၌ ကယ်ဆယ်ရေးစခန်းပေါင်း(၁၅)ခု၊ အိမ်ထောင်စု (၁၂၁၉)စု၊ လူဦးရေ(၅၄၅၃)ဦးတို့အား အချိန်မီပြောင်းရွှေ့ခြင်းအပြင် နေထိုင်စားသောက်ရေး၊ ကျန်းမာရေးစသည် တို့ကို တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ လုံးဝပျက်စီးခဲ့သည့် နေအိမ်များနှင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ်များအတွက် ထောက်ပံ့ ငွေများပေးအပ်ခဲ့သလို ပျက်စီးခဲ့သည့် လယ်မြေများအတွက်လည်း ဆောင်းသီးနှံမျိုးစေ့များ ထောက်ပံ့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ရာသီဥတုဆိုးရွားမှု အခက်အခဲများကြားမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် လူသားချင်းစာနာ ထောက်ထားစိတ်ဖြင့် အားသွန်ခွန်စိုက် နေ့မအားညမနား ကြိုးပမ်းဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်စောင့်ရှောက်ရေးအသင်းများ၊ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း အမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “ရာဂီ”မုန်တိုင်းသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဝင်းထွဋ်လေးက မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူစစ်တပ်ဖွဲ့ဝင်များကိုလည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများနှင့် လူမှု ကယ်ဆယ်စောင့်ရှောက်ရေးအသင်းများကိုလည်းကောင်း စုစုပေါင်းဂုဏ်ပြုငွေကျပ်(၆၈၅)သိန်းနှင့် ဂုဏ်ပြု မှတ်တမ်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် “ရာဂီ”မုန်တိုင်းသင့်ဒေသ များတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အခြားဌာနနှင့် အဖွဲ့အစည်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။