Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ရေတာရှည်တပ်နယ်အတွင်း အကြမ်းဖက်သောင်းကြမ်းသူများထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးကျူးဂုဏ်ပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်

ရေတာရှည်တပ်နယ်အတွင်း အကြမ်းဖက်သောင်းကြမ်းသူများထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးကျူးဂုဏ်ပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်

ရေတာရှည် ဩဂုတ် ၁၇

=================

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အမှတ်(၅) စစ်အခြေခံ လေ့ကျင့်ရေးတပ်၊ နယ်မြေခံတပ်နယ်ခန်းမ၌ ဩဂုတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ရေတာရှည် တပ်နယ်အတွင်း အကြမ်းဖက်သောင်းကြမ်းသူများထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးကျူးဂုဏ်ပြု ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းတို့က ဩဂုတ်လ(၁၃) ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ စည်ပင်သာကျေးရွာအနီး အကြမ်းဖက်သမား များနှင့် ထိတွေ့မှုဖြစ်စဉ်တွင် မိမိတို့လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့မှုအပေါ် ချီးမြှင့်ဂုဏ်ပြုစကားများ အသီးသီးပြောကြာခဲ့ကြ သည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ချီးမြှင့်ငွေကျပ်သိန်း(၅၀)နှင့် ဂုဏ်ပြုမှတ်တမ်း ကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းက ချီးမြှင့်ငွေကျပ်(၃၉)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ကိုလည်းကောင်း၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ ချီးမြှင့်ငွေကျပ်(၁၀)သိန်း၊ ရေတာရှည်တပ်နယ်မှ ချီးမြှင့်ငွေကျပ်(၅)သိန်း၊ ဌာနဆိုင်ရာများမှ ချီးမြှင့်ငွေကျပ်(၅)သိန်းနှင့် တောင်ငူခခရိုင်ရဲတပ်ဖွဲ့မှူးမှ ချီးမြှင့်ငွေကျပ်(၅)သိန်းတို့အား အသီးသီး ဂုဏ်ပြုချီးမြှင့် ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူ များက ဂုဏ်ပြုခံလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အတူတကွ ရင်းရင်းနှီးနှီး နေ့လည်စာ သုံးဆောင်ခဲ့ကြပြီး ဖမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများအား ကြည့်ရှုခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စည်ပင်သာကျေးရွာအနီး ဩဂုတ်လ(၁၃) ရက်နေ့တွင် အကြမ်းဖက် သမားများနှင့် ထိတွေ့မှုဖြစ်စဉ်တွင် မိမိတို့လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှု မရှိဘဲ လက်နက်မျိုးစုံ (၂၇)လက်၊ ကျည်/ခဲယမ်းမျိုးစုံ (၇၈၀)တောင့်၊ ဗုံး(၆)လုံး၊ ကျည်အိမ်မျိုးစုံ(၂၀)ခု သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။