Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး သဘာဝမြေဩဇာထုတ်လုပ်သည့် စက်ရုံများသို့ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး

လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး သဘာဝမြေဩဇာထုတ်လုပ်သည့် စက်ရုံများသို့ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး

ပဲခူး ဩဂုတ် ၃၁

===================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် ဩဂုတ်လ(၃၁)ရက်နေ့၊ နံနက်ပိုင်းက လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ပဲခူးမြို့နယ်အတွင်းရှိ သဘာဝ မြေဩဇာထုတ်လုပ်သည့် စက်ရုံများသို့ သွားရောက်ကြည့်ရှုခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည်  မွေးမြူရေးခြံများမှ ထွက်ရှိသော ကြက်ချေးဖြင့် သဘာဝမြေဩဇာ ထုတ်လုပ်နေသော ပဲခူးမြို့နယ်၊ ကမာနတ်ကျေးရွာ အုပ်စုရှိ Myanmar Agro Eagle Co., Ltd  ၊ ထန်းပင်ချောင်ကျေးရွာအုပ်စုရှိ CPP Myat Min Agro Co., Ltd နှင့် ပဲခူးမြို့နယ်၊ အင်းတကော်မြို့ရှိ Royal Green Smart Co., Ltd တို့၏ အော်ဂဲနစ်မြေဩဇာ ထုတ်လုပ်သည့် စက်ရုံးများသို့ ရောက်ရှိခဲ့ရာ စက်ရုံတာဝန်ခံများက  အော်ဂဲနစ်မြေဩဇာထုတ်လုပ်မှု အဆင့်ဆင့်၊ ပါဝင်ပစ္စည်းများနှင့် ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က  ရှင်းလင်းတင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည် များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး စက်ရုံအတွင်း အော်ဂဲနစ်မြေဩဇာ ထုတ်လု်ပနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

          ပဲခူးမြို့နယ်အတွင်း သဘာဝမြေဩဇာစက်ရုံ(၃)ရုံရှိပြီး တစ်ရက်လျှင် တန်(၉၀)ကျော် ထွက်ရှိကာ ပါဝင်ပစ္စည်းအပေါ်မူတည်၍ မြေဩဇာ(၁)အိတ်လျှင် အများဆုံး(၆)သောင်းကျပ်မှ အနည်းဆုံး(၂)သောင်း ကျပ်ထိရှိကာ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနှင့် မန္တလေး တိုင်းဒေသကြီးများသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။