Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ဝေါမြို့နယ်နှင့် ပဲခူးမြို့နယ်တို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲနှင့် လျာထားချက်ပြီးမြောက် အောင်မြင်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ဝေါမြို့နယ်နှင့် ပဲခူးမြို့နယ်တို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲနှင့် လျာထားချက်ပြီးမြောက် အောင်မြင်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၂၃
===============

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ်နှင့် ပဲခူးမြို့နယ်တို့တွင် ဒီဇင်ဘာလ(၂၃) ရက်နေ့ နံနက်ပိုင်းအချိန်က ပန်းခင်းစီမံချက်ဖြင့်ပြုလုပ်သော နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲနှင့် လျာထားချက်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံသားစိစစ်ရေးကတ်၏ အရေးပါပုံနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ၊ နိုင်ငံသား အခွင့်အရေးဆိုင်ရာကိစ္စရပ်များအား အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပန်းခင်းစီမံချက်ကာလမတိုင်မီ ရာနှုန်းပြည့်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြသူအား ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ထားသူပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် သတ်မှတ်ကာလအတွင်းလျာထားချက်ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ခဲ့သော ဝေါမြို့နယ်ဦးစီးမှူးအား လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပေးအပ်သည့်ဂုဏ်ပြုမှတ်တမ်းလွှာအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ထားသူ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြာနှင့် သတ်မှတ်ကာလအတွင်းလျာထားချက်ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ခဲ့သော ဝေါမြို့နယ်ဦးစီးမှူးအား ဂုဏ်ပြုမှတ်တမ်းနှင့် ချီးမြှင့်ငွေ(၁၀)သိန်းကျပ်အားလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးမှ ဝေါမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုနှင့် ကျေးရွာများမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ထားသူပြည်သူများအားလည်း‌ကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်သူတစ်ဦးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အခမ်းအနားတက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကြကြောင်းသိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက်(၁၁)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲနှင့် လျာထားချက် ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနားသို့ ဆက်လက်တက်ရောက်ခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ထားသူ ပြည်သူများနှင့် မြို့နယ်ဦးစီးမှူးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဝေါမြို့နယ်တွင် ပန်းခင်းစီမံချက်အရ လျာထားမှု (၅၂၄၈)ဦးနှင့် ပဲခူးမြို့နယ်တွင် ပန်းခင်းစီမံချက်အရ လျာထားမှု (၉၉၀၆)ဦးတို့အား ဒီဇင်ဘာလ(၁၃)ရက်နေ့တွင် သတ်မှတ်ကာလမတိုင်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့သည့်အပြင် အဆိုပါမြို့နယ်(၂)မြို့နယ်သည် မြန်မာတစ်နိုင်ငံလုံးတွင် ပန်းခင်းစီမံချက် ပထမဆုံး လျာထားချက်ပြည့်မီပြီးစီးသည့် မြို့နယ်(၂)ခုဖြစ်ကြောင်း သတင်းရရှိသည်။