Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / သတ္တမအကြိမ်မြောက် “သူနာပြု-သားဖွား” ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားသို့ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

သတ္တမအကြိမ်မြောက် “သူနာပြု-သားဖွား” ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားသို့ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပြည် အောက်တိုဘာ ၂၅
==================

ပြည်မြို့၊သီရိခေတ္တရာမြို့တော်ခန်းမ၌ အောက်တိုဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက သတ္တမအကြိမ်မြောက် “သူနာပြု-သားဖွား” ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူနာများကို ကျန်းမာရေးဝန်ဆောင်မှု ပေးရာတွင် အခြားသောကျန်းမာရေးစောင့်ရှောက်မှုပေးသော ဝန်ထမ်းများနည်းတူ သူနာပြုနှင့်သားဖွား ဆရာမများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ပြည်သူများအား အရည်အသွေးပြည့်ဝသော ပြုစုကုသ မှုပေးနိုင်ရေးအတွက် သူနာပြုစောင့်ရှောက်မှုတွင် အရည်အသွေးမြှင့်တင်ရန်၊ သူနာပြုများလိုက်နာရမည့် အခြေခံသူနာပြု ကျင့်ဝတ်များကို ထိန်းသိမ်းမြှင့်တင်ရန်၊ တိုးတက်ပြောင်းလဲလာသော နည်းပညာများနှင့်အညီ လေ့လာသင်ယူနိုင်ရန်လိုအပ်ကြောင်း၊ သူနာပြု-သားဖွားများအနေဖြင့် လူနာများနှင့်ဆက်ဆံသည့်အခါ ကိုယ်ချင်းစာနာမှုကို ရှေ့တန်းတင်ဆောင်ရွက်ခြင်းအားဖြင့် သူနာပြု-သားဖွားများ၏ စေတနာပိုမိုပေါ်လွင်လာ မှာဖြစ်ပြီး ပြည်သူလူထု၏ ယုံကြည်လက်ခံအားကိုးမှု တိုးတက်ရရှိလာနိုင်မှာဖြစ်ကြောင်း၊ အောင်လက်မှတ် အပ်နှင်းခံရသည့် မောင်/မယ်များအနေဖြင့် လုပ်ငန်းခွင်သို့ ဝင်ရောက်သည့်အခါ နိုင်ငံတော်မှ ပေးအပ်သော တာဝန်ကို နေရာဒေသမရွေး သွားရောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်နေသည့် ပြည်သူများကို မိမိ၏ဆွေမျိုးသားချင်းများသဖွယ် စေတနာ၊ မေတ္တာ၊ ဂရုဏာ အပြည့်ဖြင့် ပြုစုစောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း၊ လုပ်ငန်းခွင်ဝင်ရာတွင်လည်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု၊ အသင်းအဖွဲ့ စိတ်ဓါတ်ဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းနှင့် ပြည်သူလူထု၏ ကျန်းမာရေးဆိုင်ရာ အခက်အခဲများကိုဖော်ထုတ်ပြီး စောင့်ရှောက်မှုအပြည့်အဝပေးနိုင်သော သူနာပြု-သားဖွား ဆရာမကောင်းလေးများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ သင်တန်းဆင်း သားဖွားနှင့်သူနာပြု မောင်မယ်များနှင့် စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က သင်တန်းဆင်း သားဖွားနှင့်သူနာပြု မောင်/မယ်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြ သည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းအား ၁၉၉၄ ခုနှစ်မှစတင်ဖွင့်လှစ်ခဲ့ ပြီး ၂၀၂၂ ခုနှစ်ထိ သင်တန်းဆင်းဦးရေ(၁၂၆၂)ဦးရှိပြီး ယနေ့ သင်တန်းဆင်းသည့် သင်တန်းသား/သူ(၁၂၂)ရှိ ကာ လုပ်ငန်းခွင်သို့ တိုက်ရိုက်တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။