Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / သံဃာအပါး(၅၀၀)အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့်ဇနီးတို့မှ တက်ရောက်လောင်းလှူကြည်ညို

သံဃာအပါး(၅၀၀)အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့်ဇနီးတို့မှ တက်ရောက်လောင်းလှူကြည်ညို

ပဲခူး ဧပြီ ၂၄

======================

          ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ဧပြီလ(၂၃) ရက်နေ့ ညနေပိုင်းအချိန်က သံဃာအပါး(၅၀၀)အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့မှ တက်ရောက်လောင်းလှူကြည်ညိုခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများမှ ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ရန် ပြင်ဆင်နေမှု များအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ထို့နောက်  ဘုရားအမှူးပြုသော သံဃာတော်အပါး(၅၀၀)အား အများပေါင်းစု ကောင်းမှုကုသိုလ်တို့ဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင် အလှူရှင်များက ပဲခူးမြို့နယ်အတွင်း ကျောင်းတိုက် အသီးသီးရှိ သံဃာတော်အရှင်သူမြတ်အပါး (၅၀၀)အား ဆွမ်းဆန်နှင့် လှူဖွယ်ဝထ္တုပစ္စည်းများအား စေတနာသဒ္ဒါထက်သန်စွာဖြင့် လောင်းလှူပူဇော်ကြကြောင်း သတင်းရရှိသည်။

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်စေတီတော်မြတ်ကြီး၏ (၂၆၀၆)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား တန်ခူးလဆန်း(၁၀)ရက်နေ့မှ တန်ခူးလပြည့်ကျော်(၄)ရက်နေ့အထိ ဧပြီလ(၁၈)ရက်နေ့မှ ဧပြီလ(၂၇)ရက်နေ့ အထိ(၁၀)ရက်တိုင်တိုင် ကျင်းပပြုလုပ်လျက်ရှိပြီး တန်ခူးလဆန်း(၁၄)ရက်၊ ဧပြီလ(၂၂)ရက်နေ့ နံနက်ပိုင်း အချိန်တွင် အနေကဇာတင်ခြင်းနှင့် တစ်နေ့တာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း ပြုလုပ်ခဲ့သည့်အပြင် တန်ခူးလပြည့် နေ့၊ ဧပြီလ(၁၅)ရက်နေ့ နံနက်ပိုင်း အချိန်ကလည်း ဆွမ်းတော်ကြီးတင်လှူပူဇော်ခြင်းပြုလုပ်ခဲ့ပြီး ဖြစ်‌ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ၏ (၂၆၀၆)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် သံဃာအပါး(၅၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ၌ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများမှ စုစုပေါင်း၍ ဝတ္တုနှင့်လှူဖွယ်ပစ္စည်းတန်ဖိုးကျပ် (၁၀၀၅)သိန်းကျော် လောင်းလှူပူဇော်ခဲ့ကြကြောင်း သတင်းရရှိ သည်။