Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၂

===========

       ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ နိုဝင်ဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ဆရာမများ သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

       ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပညာရေးစနစ်သစ်ဖြစ်သည့် KG+12ကို ပြောင်းလဲခဲ့တာ လာမည့်ပညာသင်နှစ်ဖြစ်သည့် ၂၀၂၃-၂၀၂၄ပညာသင်နှစ်မှာ Grade-9နှင့် Grade-12 စနစ်သစ်ကြီးတစ်ခုလုံးကို သင်ရိုးသစ်များနှင့် ပြောင်းလဲနိုင်တော့မှာဖြစ်ကြောင်း၊ သင်ကြားသင်ယူမှု ဖြစ်စဉ်အရ တီထွင် ဖန်တီးသည့်အဆင့်ရောက်ရှိအောင် သင်ကြားပေးနိုင်ရန် ယခုလိုသင်ထောက်ကူ ပစ္စည်းများ လက်တွေ့အသုံးချမှုသည် အင်မတန် အရေးကြီးသည့် အချက်တစ်ခုဖြစ်ကြောင်း၊ သင်ယူမှူဖြစ်စဉ် သင်ယူမှုတြိဂံအရ (Practice doing) လို့ခေါ်သည့် လေ့ကျင့်လုပ်ဆောင်ခြင်းကြောင့် သင်ယူမည့် အကြောင်းအရာ၏(၇၅%)ကျော်ကို ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်သများက ရရှိကြမှာဖြစ်သည့်အတွက် စနစ်သစ်ပညာရေး၏ ရည်ရွယ်ချက်ကို အချိန်တိုအတွင်းရောက်ရှိအောင် အထောက်အကူဖြစ်နိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော် အနေဖြင့် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍတွေမှာ ဘဏ္ဍာငွေအမြောက်အများအသုံးပြုပြီး ခေတ်မီဖွံဖြိုး တိုးတက်အောင် ဆောင်ရွက်လျှက်ရှိ၍ နိုင်ငံတော်ရဲ့ စေတနာကိုနားလည်သိရှိပြီး ဆရာ/ဆရာမများအနေဖြင့် သင်ထောက်ကူပစ္စည်းများ အသုံးချနိုင်မှုကို ကြိုးပမ်းသင်ယူကြရန် အမှာစကားပြောကြားသည်။

       ထို့နောက် ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဆရာကြီး ဦးစိုးလွင်က သင်တန်း ဖွင့်လှစ်သင်ကြားရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ တာဝန်ရှိသူများက ပဲခူးတက္ကသိုလ်မှ သင်တန်းနည်းပြများနှင့် သင်တန်းသား ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး စာသင်ခန်းများအတွင်း သင်ခန်းစာများသင်ယူ၊ သင်ကြားနေမ တို့အား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

        အဆိုပါသင်တန်းအား ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း)ရှိ ပဲခူး၊တောင်ငူ၊ညောင်လေးပင်ခရိုင်တို့မှ ဓာတုဗေဒဘာသာရပ် အတွက်(၃၄၆)ဦး၊ ရူပဗေဒဘာသာရပ်အတွက်(၅၉၃)ဦး၊ ဇီဝဗေဒဘာသာရပ်အတွက် (၄၀၅)ဦး တက်ရောက်သင်ယူကြမည်ဖြစ်ပြီး ပဲခူးတက္ကသိုလ်မှ ဓာတုဗေဒ၊ ရူပေဗဒ၊ ဇီဝေဗဒဌာနများရှိ ပါမောက္ခများ၊ ဌာနမှူးများက တာဝန်ယူကာ နိုဝင်ဘာလ (၁၂/၁၃/၁၉/ ၂၀/၂၆/၂၇)ရက်နေ့များတွင် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)တွင်လည်း ပြည်တက္ကသိုလ်မှ ပါမောက္ခများ၊ ဌာနမှူးများက  တာဝန်ယူပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။