Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 10)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီ ၁၉ ================           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ဂွေးချောင်းကျေးရွာ အုပ်စုရှိ တစ်ကွင်းတစ်ဆက်တည်း အထွက်နှုန်းကောင်း နွေစပါး(၁၅၀)ဧက စုပေါင်းဓါတ်မြေဩဇာကြဲပတ် နေမှုနှင့် သမန်းနိုးခြင်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး သတ်မှတ်စိုက်နည်းစနစ်များအတိုင်း အချိန်မှန်ဆောင်ရွက်ပါက ပန်းတိုင်အထွက်နှုန်း ကျော်လွန်နိုင်မည်ဖြစ်၍ ကျေးရွာများအလိုက် ကွင်းဆင်း အသိပညာပေးခြင်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်ကျေးရွာ ရှိ ဦးရဲလင်းစိုး၏ “ပြည်ကျော်”တန်(၈၀)ကျဆန်စက်၌ ပဲခူးတိုင်းဒေသကြီး၏ စက်မှုထုတ်ကုန်တစ်ခုဖြစ်သော Gasifier စွန့်ပစ်စပါးခွံသုံး လျှပ်စစ်ဓါတ်အားပေးစက်ဖြင့် ဆန်စက်လည်ပတ်နေမှုနှင့် စပါးအခြောက်ခံစက် လည်ပတ်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စပါးခွံများအား ထင်းအစားထိုး …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မိုးညိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး

မိုးညို ဖေဖော်ဝါရီ ၁၈ ================              ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၁၈)ရက်နေ့၊ မွန်းပိုင်းက မိုးညိုမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။               ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မိုးညိုမြို့နယ်၊ သာယာကုန်း ကျေးရွာအုပ်စုရှိ ဦးစိန်လှိုင်၏ ငါးမွေးမြူရေးကန် မြေဧရိယာ (၁၇၁)ဧက၌ ငါးမြစ်ချင်း၊ မြက်စားငါးချင်းနှင့် ငါးမုတ် စုစုပေါင်းကောင်ရေ (၁၈၀၀၀၀) မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။                   ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မိုးညိုမြို့နယ်၊ ဗောဓိကုန်း ကျေးရွာအုပ်စု၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် စိုက်ပျိုးရေရရှိရေး တုံကင်သုံးရေတွင်း (၁၂၉)တွင်း တူးဖော်ပေးခဲ့မှုအပေါ် တစ်ကွင်းတစ်ဆက်တည်း အစေ့ထုတ်ပြောင်း မြေဧရိယာ(၁၇၆၀)ဧက  စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး တစ်နှစ်(၃)သီးစိုက်ဧကများ တိုးတက်စေရန် စိုက်ပျိုးရေရရှိရေး …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ဂုဏ်ပြု ထောက်ပံ့ပေးအပ်

ပဲခူး ဖေဖော်ဝါရီ ၁၅ ======================= နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲခူးမြို့၊ ဈေးသူ/ဈေးသားများက စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ပွဲ အခမ်းအနားအား ဖေဖော်ဝါရီလ(၁၅)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ကျင်းပ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပဲခူးမြို့အတွင်းရှိ ဈေးသူ/ဈေးသားများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း သဘာဝဘေးဖြစ်ပွားမှု များတွင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များမှ နေ့ညမပြတ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ရှေ့ဆုံးမှပါဝင်ဆောင်ရွက်ခဲ့သလို ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း အင်ပြည့်အားပြည့် ဆောင်ရွက်ပေးခဲ့သည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက် နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး မိမိတို့၏ အသက်ကို ပဓာနမထားဘဲ တာဝန်ထမ်းဆောင်နေကြသူများဖြစ်ကာ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင်လည်း ရှေ့ဆုံးမှ ပါဝင်ဆောင်ရွက်နေသူများပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် …

Read More »

ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးပွဲ အခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး ဖေဖော်ဝါရီ ၁၄ =================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဖေဖော်ဝါရီလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး အသိပေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ခရိုင်(၆)ခု၊ မြို့နယ် (၂၈)မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင် မှီတင်နေထိုင်ကြသည့် လူဦးရေစုစုပေါင်း(၅)သန်းကျော်အတွက် အဓိကကျသည့် ပြည့်သူ့ကျန်းမာရေးကဏ္ဍများ ပိုမိုကောင်းမွန် ဖွံ့ဖြိုးတိုးတက်လာစေရန် အလေးထားကြိုးစား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များ ပြည့်စုံကောင်းမွန်မှသာ လူမှုရေးစီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး တိုင်းပြည်၏ဝင်ငွေတိုးတက်မှုကို အထောက်အကူပြုစေနိုင်မှာ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကို အရှိန်အဟုန်မြှင့် ထိုးနှံပေးခဲ့ရာ အသက်(၁၈)နှစ်အထက် ပြည်သူနှင့် အသက်(၁၈)အောက် ကျောင်းသား/သူများအား စတုတ္ထအကြိမ်အထိ …

Read More »

တိုင်းဒေသကြီး ဂုဏ်ထူးဆောင်ဆုတံဆိပ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၃ ============== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဖေဖော်ဝါရီလ (၁၂)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဂုဏ်ထူးဆောင် ဆုတံဆိပ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သင်္ဂဟတရားနှင့် လျော်ညီသည့် ချီးမြှင့်ထိုက်သူ ချီးမြှောက်ထုက်သူတို့ကို ဖော်ထုတ်ချီးမြှင့်ခြင်းပြုသည့် ထူးခြားလေးနက်သည့် အခမ်းအနားတစ်ခုဖြစ် ကြောင်း၊ ရှေးမြန်မာဘုရင်များလက်ထပ်မှ ယနေ့အထိ နိုင်ငံတော်တည်ဆောက်ရေးနှင့် ကာကွယ်ရေးနှင့် စီမံ ခန့်ခွဲရေးစသည့် ကဏ္ဍများတွင် စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်ခဲ့ကြသူများကို သက်ဆိုင်ရာနယ်ပယ် အလိုက် ဘွဲ့ထူး၊ ဂုဏ်ထူးများပေး၍ ချီးမြှင့်မြှောက်စားခဲ့ကြသလို ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှု၊ စီမံခန့်ခွဲရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လုံခြုံရေး၊ …

Read More »

ပဲခူးမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ (၇၇)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အခမ်းအနားအား ဖေဖော်ဝါရီလ (၁၂)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး နံနက်(၅:၃၀) အချိန်တွင် အလံတင်ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ နိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့ လွှင့်တင်၍ အလေးပြုခဲ့ ကြသည်။ ထို့နောက် နံနက်(၇)နာရီအချိန်တွင် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားအား ဆက်လက်ကျင်းပပြလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ရဲဘော် အပေါင်းအား ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အလေးပြုခဲ့ကြသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ …

Read More »

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၌ သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၁၀           ပဲခူးမြို့၊ ရွှေမော်ဓော်ဘုရား အနောက်ဘက်မုခ် ယာဉ်ရပ်နားဝန်းအတွင်း၌ ဖေဖော်ဝါရီလ(၁၀) ရက်နေ့၊ နံနက်ပိုင်းက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် မြို့မိမြို့ဖ ဦးဝင်းတို့က (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို သစ်သီးဝလံပန်းမန် ပြပွဲ၊ ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းမှ ဂုဏ်ပြုဘင်ခရာတီးဝိုင်းနှင့် ဂုဏ်ပြု ပန်းပွားအက အဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ …

Read More »

ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီ ၉ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၈)ရက်နေ့၊နံနက်ပိုင်း က ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ မုန်တိုင်းကျေးရွာရှိ ဆောင်းသီးနှံ ဟင်းသီးဟင်းရွက်စိုက်ခင်းသို့ ရောက်ရှိခဲ့ပြီး စားဖိုးဆောင်သီးနှံ အမယ်သစ်အဖြစ် ပြည်တွင်းသုံးကုန် ပြည်ပ ပို့ကုန် (၂)မျိုးလုံးဈေးကွက်ရှိသည့် ကြက်သွန်နီ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် Mobile Solar System တပ်ဆင်နိုင်ရေးနှင့် ပြည်ပမှလာသည့် ဟင်းသီးဟင်းရွက်မျိုးစေ့များ စိုက်ပျိုးခြင်းအပြင် ဒေသမျိုးများ လည်း ပြန်လည်ဖော်ထုတ်၍ ဓာတုကင်း လွတ်ဟင်းသီးဟင်းရွက်ဇုံတစ်ခုအဖြစ် ဖော်ထုတ်နိုင်ရေး တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ စိုင်တီကျေးရွာရှိ မွေးမြူရေးလုပ်ငန်း …

Read More »

ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) သီးနှံစိုက်စွမ်းအားပိုမိုတိုးတက်စေရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး ဖေဖော်ဝါရီ ၈ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၇)ရက်နေ့၊ မွန်းလွဲပိုင်း က ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) သီးနှံစိုက်စွမ်းအားပိုမိုတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပေါင်းတည်မြို့နယ်၊ ကြူတောကန်ကျေးရွာ အုပ်စု၌ နွေစပါးပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေး Drum Seeder ဖြင့် ဈေးကွက်ဝင်ပြီး အထွက်နှုန်းကောင်း သော ဗီယက်နမ်စပါးမျိုး တိုက်ရိုက်အစေ့ချစိုက်ပျိုးနေမှုအား ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုအားပေး ခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ စိုက်နည်းစနစ်များ ပြောင်းလဲခြင်းအားဖြင့် သီးနှံအထွက်နှုန်း ပိုမို တိုးတက်လာခြင်း၊ ရောဂါပိုးမွှားကင်းရှင်းခြင်း၊ တောင်သူများအတွက် တစ်ဧကချင်းစီအလိုက် မိသားစုဝင်ငွေ ပိုမိုတိုးတက်လာနိုင်ခြင်းတို့အား အချိန်တိုအတွင်း ခံစားနိုင်မည်ဖြစ်၍ စနစ်တကျ ကြိုးစားဆောင်ရွက်စေရန် ရည်ရွယ်၍ စံပြစိုက်ခင်းကွင်းသရုပ်ပြပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း အကျယ်တဝံ့ရှင်းလင်းပြောကြား ခဲ့ပြီး တိုင်းဒေသကြီးအတွင်း သီးနှံစိုက်စွမ်းအား ပိုမိုတိုးတက်စေရန် မြေလပ်မရှိ စိုက်ပျိုးကြရန်နှင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ ဆောင်ရွက် လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

ပြည် ဖေဖော်ဝါရီ ၄ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၄)ရက်နေ့၊ နံနက် ပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် MSMEs လု်ပငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရွှေတောင်မြို့နယ်၊ တောင်လုံးညိုကျေးရွာ ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာမွေးမြူလုပ်ကိုင်လျက်ရှိသော ဦးကိုကိုမြတ်၏ အသားစား ကြက် ကောင်ရေ(၁၅၀၀၀) မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး အသေးစားမွေးမြူရေးလုပ်ငန်း စတင်မည့်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများထုတ်ချေးပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပြီး ရပ်ကွက်/ကျေးရွာများအဆင့်ထိ သိရှိနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက် သွားရန်နှင့် မွေးမြူရေးနှင့်ပတ်သက်၍ စီးပွားဖြစ်အကြီးစားမွေးမြူရေးလုပ်ကိုင်လိုသူများအား ဖိတ်ခေါ်၍ ပြည်မြို့နယ်၊ တီတွတ်ကျေးရွာအနီး မွေးမြူရေးဇုံ၌ လာရောက်လုပ်ကိုင်နိုင်ရေး စည်းရုံးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဦးဇာ်ဝင်းလှိုင်၏ ရွှေတောင်စည်းလုံချည်ယက္ကန်း …

Read More »