Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 12)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၊ ဟံသာဝတီရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ် ထိန်းသိမ်းဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး စက်တင်ဘာ ၂၅           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် စက်တင်ဘာလ(၂၄)ရက်နေ့၊ ညနေ ပိုင်းက ပဲခူးမြို့အတွင်းရှိ ဟံသာဝတီရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်း ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သိန္နီတံခါးပေါက်အနီးရှိ ဟံသာဝတီမြို့ရိုး ၊ တံခါးပေါက် ပြန်လည်ဖော်ထုတ်ထားရှိမှုနှင့် မြေယာအလှရှုခင်း၊ ကျုံးပတ်လမ်း ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အများပြည်သူများ အပန်းဖြေရင်းဖြင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် တွေ့မြင်ခံစားသိရှိနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်၍ ပျက်စီးမှုများအား ချက်ခြင်းပြန်လည်ပြင်ဆင် ရန်၊ လိုအပ်သည့်နေရာတွင် သတိပေးဆိုင်းဘုတ်များ တပ်ဆင်ရန်၊ ကျုံးပတ်လမ်းတစ်လျှောက် လမ်းမီးတိုင် မီးလင်းစေရေးနှင့် ဟံသာဝတီရှေးဟောင်းကျုံးအတွင်းသို့ ရေစီးရေလာကောင်းမွန်စေရေး မြေပြင်အနိမ့်အမြင့် ပြန်လည်ချိန်ညှိ ဆောင်ရွက်သွားရန်၊ ကျုံးပတ်လမ်းဘေးရှိ အလှထိုင်ခုံများနှင့် ကျုံးရေပြင်သံပန်းအကာများ ဆေးပြန်လည်သုတ်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာ၌ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ခရစ်ကတ် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူး စက်တင်ဘာ ၂၄         ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၄ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား (၆)ခရိုင်၊ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို စက်တင်ဘာလ (၂၃)ရက်နေ့၊ ညနေပိုင်းက ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခရစ်ကတ်အားကစားနည်းသည် အာရှအဆင့်နှင့် အရှေ့တောင်အာရှအဆင့်မှာ ပြိုင်ပွဲများကျင်းပ ယှဉ်ပြိုင်ကစားနေသည့် အားကစားဖြစ်ကာ ဒေသတွင်းနိုင်ငံများအနေဖြင့် အနိုင်ရရှိနိုင်ရေး ကြိုးပမ်းလေ့ကျင့် နေသည့် အားကစားနည်းတစ်ရပ်ဖြစ်ကြောင်း၊ မြန်မာ့ခရစ်ကတ် အားကစား ကျယ်ပြန့်စွာတိုးတက်မြင့်မား ရေးကို အထောက်အကူပြုစေရေးအတွက် ခရိုင်အလိုက် ခရစ်ကတ်အားကစားသမားများ ပေါ်ထွက်လာရေး ကိုရည်ရွယ်၍ မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်နှင့် ပူးပေါင်းပြီး အဖွဲ့ချုပ်နည်းပြဆရာများဖြင့် ခရိုင်မြို့များတွင် ခရစ်ကတ်သင်တန်းများကို တစ်ပြိုင်တည်း ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ဒီသင်တန်းများက အရည်အချင်းပြည့်ဝ တဲ့သူများကို ရွေးချယ်ပြီး …

Read More »

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ရိုးရာယဉ်ကျေးမှုများ ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးရည်ရွယ်၍ ပဲခူးမြို့၌ တိုင်းရင်းသားရိုးရာအက သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ပဲခူး စက်တင်ဘာ ၂၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပဖွင့်လှစ်ခဲ့သည့် တိုင်းရင်းသားရိုးရာ အကသင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ (၂၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။      ရှေးဦးစွာ ရှမ်းတိုင်းရင်းသားများက ရှမ်းလက်သိုင်း၊ ဓားသိုင်းအကများဖြင့်လည်းကောင်း၊ ရှမ်းတိုင်းရင်းသူ များက ရှမ်းနှစ်သစ်ကူးကျေးလက်အကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း နေထိုင်သည့် တိုင်းရင်းသားအားလုံး၏ နေ့ထူးနေ့မြတ် အခမ်းအနားများ၊ စာပေ၊ ဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားများရဲ့ အနုပညာယဉ်ကျေးမှုမှာပါဝင်တဲ့ ရိုးရာ အကတွေကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အတွက် ယခုသင်တန်းကို (၁၀)ရက်ကြာ ဖွင့်လှစ်သင်ကြားပေး ခဲ့ခြင်းဖြစ်ကာ အခြေခံကကွက်တွေကို သင်ကြားပို့ချပေးထားတာဖြစ်လို့ သင်တန်းသားများအနေဖြင့် ကိုယ်ပိုင်ကကွက်များကို တီထွင်ဖန်တီးပြီး အမြဲမပြတ်လေ့ကျင့်ပေးနေဖို့လိုအပ်ကြောင်း၊ ယခုလို …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အသားနှင့်နို့ ဖူလုံပိုလျှံမှုရှိစေရေး မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ်(၄/၂၀၂၄) ဖွင့်ပွဲကျင်းပပြုလုပ်

တောင်ငူ စက်တင်ဘာ ၂၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အသားနှင့်နို့ ဖူလုံပိုလျှံမှုရှိစေရေး မေထုန်မဲ့သားစပ် သင်တန်းဖွင့်ပွဲ အမှတ်စဉ်(၄/၂၀၂၄)အား ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စားရေရိက္ခာ ဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် ကုန်ထုတ်လုပ်မှု တိုးတက်စေရေး လိုအပ်သည်များ ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတွင်း အသားနှင့်နို့ ထုတ်လုပ်မှုဖူလုံစေရေး၊ စားသုံးမှုဖူလုံစေရေးနှင့် ပြည်ပမှ နို့နှင့်နို့ထွက်ပစ္စည်း တင်သွင်းမှုလျော့ချနိုင်စေ ရေးအတွက် မေထုန်မဲ့သားစပ်ခြင်း သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး ကျေးလက်ဒေသပါမကျန် မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ယခုသင်တန်းသည် ကိုယ်တိုင် မွေးမြူသူလုပ်ငန်းရှင်များအား လက်တွေ့မေထုန်မဲ့သားစပ်ခြင်းနှင့် တိရစ္ဆာန်မွေးမြူခြင်းဆိုင်ရာ အသိပညာ များ သင်ကြားပေးသွားမည်ဖြစ်၍ စိတ်ပါဝင်စားစွာ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၂)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု အားပေး

ပဲခူး စက်တင်ဘာ ၂၃           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ စက်တင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၂)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု အားပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့  အထွေထွေ ရောဂါကုဆေးရုံးကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လစဉ် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ …

Read More »

တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှု အမြန်ဆုံးပြန်လည်ကျဆင်းနိုင်ရေးနှင့် ရေဘေးသင့်ပြည်သူများအား သွားရောက်ကူညီထောက်ပံ့

တောင်ငူ စက်တင်ဘာ ၂၂           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ရေကြီးရေလျှံမှု အမြန်ဆုံးပြန်လည်ကျဆင်းနိုင်ရေးနှင့် ရေဘေးသင့်ပြည်သူများအား သွားရောက်ကူညီထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်၊ တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်တို့သည် တောင်ငူမြို့၊ သာသနဟိတကာရီ ဗိမာန်တော်၌ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ မိုးစပါးများ ရေကြီးနစ်မြှုပ်ခဲ့၍ ထိခိုက်ပျက်စီးဧကများ ဖြစ်လာနိုင်ကြောင်း၊  မိုးစပါးထိခိုက်ဧကများအတွက် မျိုးတူ၊ သက်တမ်းတူရှာဖွေ၍ ပြန်လည်ဖာထေးစိုက်ပျိုးသွားရန်နှင့် ပျက်စီးဧကများတွင် မတ်ပဲနှင့် ပဲအမျိုးမျိုး စိုက်ပျိုးသွားရန်၊ ရေကြီး နစ်မြှုပ်မှုကြောင့် မိုးစပါးစိုက်ဧက ထိခိုက်သွားသော်လည်း နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး ချောင်းပိတ်မြောင်း ပိတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကြိုတင်ကွင်းဆင်းတင်ပြရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တောင်ငူခရိုင်ရေဘေးကွပ်ကဲမှုရုံးသို့ အလှူရှင်များ လာရောက်ဒါန်းထားသည့် ဆန်၊ ဆီနှင့် အခြားစားသောက် ဖွယ်ရာများ …

Read More »

တောင်ငူခရိုင် ရေဘေးသင့်ပြည်သူများအတွက်စေတနာရှင် ပြည်သူများက အလှူငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

တောင်ငူ စက်တင်ဘာ ၂၁          တောင်ငူမြို့၊ ခပေါင်းခန်းမ၌ စက်တင်ဘာလ(၂၁)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူခရိုင် ရေဘေးသင့်ပြည်သူများအတွက်စေတနာရှင် ပြည်သူများက အလှူငွေ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ် သည်။          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရာဂီမုန်တိုင်းကြောင့် စစ်တောင်းမြစ်ရေ မြင့်တက်ခဲ့ပြီး တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွါးခဲ့မှုအပေါ်  စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် တက်ကြွစွာပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုကျေးဇူးတင်စကား ပြောကြားခဲ့သည်။           ထို့နောက် တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြှုပ်မှုများအတွက် စေတနာရှင်ပြည်သူများစုပေါင်း၍ ငွေကျပ်(၅၈၂၅၁၀၀၀၀)အား  ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တောင်ငူလေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် စွမ်းလှိုင်မင်းနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အသီးသီးလက်ခံရယူခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့သည် …

Read More »

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် MSMEs လုပ်ငန်းငယ်များ ထူထောင်မည့်သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်

ပဲခူး စက်တင်ဘာ ၂၀           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေ တိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နည်းပညာပေးသင်တန်းဖွင့်လှစ်ခဲ့မှုများမှ လုပ်ငန်းထူထောင်လုပ်ကိုင်မည့် သင်တန်းသူများအား လုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အထူးအလေးထား ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဲခူးမြို့နှင့် ပြည်မြို့တို့တွင် ဒေသထွက်ကုန်အရောင်းစင်တာများ ဖွင့်လှစ် ပေးထားပြီး ထုတ်လုပ်သူများအနေဖြင့် အလွယ်တကူတင်ပို့ရောင်းချနိုင်သလို စားသုံးသူများအနေဖြင့်လည်း …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် တိုင်းမှူးတို့ တောင်ငူခရိုင်အတွင်း ရေကြီးရေလျှံမှုများအား သွားရောက်ကူညီထောက်ပံ့

တောင်ငူ စက်တင်ဘာ ၁၅          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့်အတူ စက်တင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းကရေကြီးရေလျှံမှုများအား သွားရောက် ကူညီ ထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တောင်ငူမြို့၊ သာသနာ့ဟိတကာရီ ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသည့် တောင်ငူခရိုင်သဘာဝဘေးကွပ်ကဲမှုရုံးသို့ ရောက်ရှိခဲ့ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး  အောင် သောင်းထိုက်က တောင်ငူခရိုင်အတွင်း ရေဝင်ရောက်မှု၊ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း များအလိုက် တာဝန်ပေးအပ်ထားသည့် ခရိုင်အဆင့်ဌာနဆိုင်ရာများက ရေဘေးရှောင်ကယ်ဆယ်ရေးစခန်း များ၏ အခြေအနေများအား သေးစိတ်ရှင်းလင်တင်ပြခဲ့သည်။           ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယာယီရေဘေးရှောင်စခန်းများအလိုက် စားသောက်နေထိုင် ရေး အဆင်ပြေရန်၊  ကူညီကယ်ဆယ်ရေးအတွက် လိုအပ်သည့် စက်တပ်ရေယာဉ်များ၊ စစ်တောင်းမြစ်ရေ ဝင်ရောက်နိုင်သည့် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းမှူးတို့ တောင်ငူမြို့နှင့် ရေတာရှည်မြို့များရှိ ရေကြီးရေလျှံမှုများအား သွားရောက်ကူညီထောက်ပံ့

တောင်ငူ စက်တင်ဘာ ၁၄            ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်သိုက်နှင့်အတူ စက်တင်ဘာလ(၁၃)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူမြို့နှင့် ရေတာရှည်မြို့ များရှိ ရေကြီးရေလျှံမှုများအား သွားရောက်ကူညီထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် တောင်ငူမြို့၊ သာသနာ့ဟိတကာရီ ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသည့် တောင်ငူခရိုင်သဘာဝဘေးကွပ်ကဲမှုရုံးသို့ ရောက်ရှိခဲ့ပြီး ခရိုင်သဘာဝ ဘေးကော်မတီဝင်များနှင့်တွေ့ဆုံ၍ ရေဘေးကယ်ဆယ်ရေးစခန်းအလိုက် ခရိုင်အဆင့်ဌာနဆိုင်ရာ ဦးဆောင်သောအဖွဲ့ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးစီစဉ်ဆောင်ရွက်ပေးရန်၊ ရေသန့်လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ရန်၊ စက်လှေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် စေတနာရှင် အလှူရှင် များ၏ တန်ဖိုးငွေကျပ်(၄၆၂၀၀၀၀၀) တန်ဖိုးရှိ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများအား လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။          ထို့နောက် …

Read More »