Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 14)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

(၈၀)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတား ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မတ် ၁၉           (၈၀)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်း ရပ်ကွက်နှင့် ပဲခူးမြို့မဈေးသို့ ဆက်သွယ်ထားသည့် ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတား ဖွင့်ပွဲအခမ်းအနား အား မတ်လ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြစ်ကူးသံကူကွန်ကရစ်တံတား၏ မူလတံတားဟောင်းသည် တစ်လမ်းသွားနှစ်လွှာတစ်ထပ် ဘေလီတံတားဖြစ်ပြီး ဘေလီတံတားပေါ်မှ ယာဉ်ဖြတ်သန်းနေစဉ် အခြားယာဉ်များ စောင့်ဆိုင်းနေရသည့်အတွက် ယာဉ်ကြောကြပ်တည်းမှု ဖြစ်ပေါ် ခဲ့ရကြောင်း၊ သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးခဲ့ပြီဖြစ်၍ နေ့စဉ်ဖြတ်သန်းသွားလာသော ဒေသခံပြည်သူများ၊ ဈေးသွားဈေးပြန်များ၊ ကျောင်းသား/သူများ ယာဉ်အန္တရာယ် ကြုံတွေ့ရခြင်းမှ ကင်းဝေး ပြီး ယာဉ်ကြောကြပ်တည်းမှု မရှိတော့မှာဖြစ်ကာ မိုးတွင်းကာလ ပဲခူးမြစ်ရေမြင့်တက်လာမှု၊ ရေကြီးရေလျှံ မှုကြောင့် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်နှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာ နိုင်စေမှာဖြစ်ကြောင်း၊ …

Read More »

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မျက်စိကျန်းမာရေး စောင့်ရှောက်မှုနှင့် မျက်စိခွဲစိတ်ကုသမှု ဆောင်ရွက်ပေးလျက်ရှိ

ပဲခူး မတ် ၁၈           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၊ အောင်သုခ ဆေးကုသဆောင်၌ မျက်စိခွဲစိတ်ကုသမှုပြီးစီးသည့် လူနာများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောင်သုခဆေးကုသဆောင်သို့ ရောက်ရှိ ခဲ့ပြီး မျက်စိခွဲစိတ်ကုသမှု ပြီးစီးခဲ့သည့် လူနာများနှင့်တွေ့ဆုံ၍ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မျက်စိကျန်းမာရေးစောင့်ရှောက်မှုနှင့် မျက်စိခွဲစိတ် ကုသမှုခံယူထားသည့် ပြည်သူများအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မျက်စိခွဲစိတ်ကုသမှုခံယူပြီးသူများအား မျက်စိကျန်းမာရေးမျက်မှန်များ တပ်ဆင်ပေးခဲ့ပြီး အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ပြီး မျက်စိခွဲစိတ်ကုသပေးခဲ့သည့် မျက်စိဆရာဝန်ကြီး များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။           ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုလမ်းညွှန်မှုဖြင့် ကုသရေး ဦးစီးဌာန၏ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး မတ် ၁၈           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ယမန်နေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင်ကျေးရွာ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သီးထပ်စွမ်းအား တိုးတက်လာခြင်းနှင့်အတူ တောင်သူများ ဝင်ငွေ(၂)ဆ တိုးတက်ရရှိစေနိုင်မှာဖြစ်၍ မြေလပ်မရှိ သီးနှံစိုက်ပျိုးသွားရန်၊ ပန်းတိုင်အထွက်နှုန်းရရှိနိုင်သည့် မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးသွားရန်၊ မိရိုးဖလာစိုက်ပျိုးနည်းစနစ်မှ သိပ္ပံနည်းကျစက်မှုလယ်ယာစိုက်ပျိုးနည်းစနစ်သို့ ပြောင်းလဲဆောင်ရွက်ရန် အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ဧကအလိုက် စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ တက်ရောက်လာသည့် နွေစပါးစိုက်တောင်သူများ အတွက် သွင်းအားစုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ဒေသခံတောင်သူများ၊ ညောင်လေးပင်ခရိုင်အတွင်းမှ …

Read More »

ပဲခူးတိုင်ဒေသကြီးသတ္တုတွင်းစီမံကိန်းရုံးမှ လေလံကြေငြာခြင်း

ပဲခူး မတ် ၁၇       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး သတ္တုတွင်းစီမံကိန်းရုံးသည် ပဲခူးမြို့၌ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသည့် သတ္တုများအား လေလံလုပ်ထုံးလုပ်နည်းများနှင့်အညီ လေလံတင်ရောင်းချမည်ဖြစ်ပါသဖြင့် ပြည်တွင်းတိုင်းရင်းသားပိုင်ကုမ္ပဏီများ လေလံတင်သွင်းနိုင်ရေး ဖိတ်ခေါ်အပ်ပါသည်-

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အုတ်တွင်းမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်တို့တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ စိတ်အေးချမ်းသာ စွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး မတ် ၁၇               ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်တို့တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ် ဝင်တန်း စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။               ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အုတ်တွင်းမြို့နယ်၊ ဗောဓိကုန်းကျေးရွာ အုပ်စု၊ အထက- တပ်နယ်၊ စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူ (၁၀၇)ဦးမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ ကြီးကြပ်ရေးမှူး ဆရာ/ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ခဲ့သည်။                 ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒိုက်ဦးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန၌  ကျောင်းသား/သူ (၂၃၁)ဦးနှင့်အမှတ်(၂)အခြေခံပညာအထက်တန်း …

Read More »

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၁/၂၀၂၅) သင်တန်းဖွင့်ပွဲကျင်းပ

အုတ်တွင်း မတ် ၁၇           နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန် ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရန် အတွက် စစ်မှုထမ်းဆောင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းတပ်နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ် စဉ်(၁၁/၂၀၂၅)သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့၊ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ နယ်မြေခံသင်တန်း ကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်မည့်  သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မတ် ၁၄           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၁၄)ရက်နေ့၊ နံနက် ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မကြာမီရက်ပိုင်းအတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကျင်းပတော့မည်ဖြစ်ရာ ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားကြရမှာဖြစ်ကြောင်း၊ စာမေးပွဲကျင်းပစဉ် ကာလအတွင်း ကျောင်းသား/သူများ သက်ဆိုင်ရာစာစစ်ဌာနများသို့ အချိန်မီရောက်ရှိစေရေး သယ်ယူ ပို့ဆောင်ရေးအတွက် အရံမော်တော်ယာဉ်များထားရှိသွားရန်နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရေးလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ မေးခွန်း လုံခြုံရေး၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များ အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မတ် ၁၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မ ဗိမာန်တော်ကြီး၌ မတ်လ(၁၃) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၅ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။         ရှေးဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးတို့က ကြွရောက်လာသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်၊ ပဲခူးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များနှင့် သီလရှင်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။         ထို့နောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ဒုတိယပိုင်းအား ဆက်လက် ကျင်းပပြုလုပ်ရာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ရွှေတံဆိပ်များဆုရှင် အဆိုတော် မထက်ထက်မော်က “ထူးမခြားနား”ရောင်ခြည်တော်ဖွင့် သုံးပိုဒ်ဖြင့် သီဆိုပူဇော်ကာအခမ်းအနားမှူးက …

Read More »

ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေဂူလေးစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး မတ် ၁၂           ပဲခူးမြို့၊ ကလျာဏီရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေဂူလေးစေတီတော်မြတ်ကြီး အထွဋ်တွင် ရတနာစိန်ဖူးတော်၊ ရတနာငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူပူဇော်ခြင်း မင်္ဂလာ အခမ်းအနားကို မတ်လ(၁၂) ရက်နေ့ နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ အခမ်းအနားသို့ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ မင်္ဂလာ အောင်စည်အောင်မောင်း(၉)ကြိမ်တီးခတ်ပူဇော်ကာ အခမ်း အနားကို ဖွင့်လှစ်ပေးပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင်၊ ပဲခူးမြို့၊ ဥဿာသီရိစာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တသူရိယအရှင်သူမြတ်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။ ၎င်းနောက် အခမ်းအနားမှူးက နတ်ဗြဟ္မာများ ပင့်ဖိတ်လွှာအား ဖတ်ကြားခဲ့သည်။           ထို့နောက် ဥပသကာများက ပရိတ်ပန်း၊ …

Read More »

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး မတ် ၁၁           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့ကမ္ဘာကြီးမှာ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ အကျပ်အတည်းများနှင့် ပြောင်းလဲမှုများကြောင့် စားသုံးသူများ၏ အခွင့်အရေးများကို ပိုမို ကာကွယ်ရန် လိုအပ်လာကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် စားသုံးသူများအပေါ် ကာကွယ် စောင့်ရှောက်ပေးနေသည့်အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း နိုင်ငံတကာအဆင့်မီ အရည် အသွေးမြင့်မားတဲ့ ကုန်စည်တွေကို ထုတ်လုပ်တင်ပို့ရောင်းချနိုင်သော အခွင့်အလမ်းများရရှိစေရန်အတွက် ဖော်ဆောင်ပေးရခြင်းဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေး တိုးတက်ကောင်းမွန်ခြင်းက စီးပွားရေးလုပ်ငန်းရှင် တို့၏ ထုတ်ကုန်အရည်အသွေး တိုးတက်ကောင်းမွန်ခြင်း၊ ပြည်သူများ လုံခြုံစိတ်ချရမှုရှိခြင်းမှတစ်ဆင့် နာမည်ကောင်းရရှိခြင်း၊ စားသုံးသူတွေရဲ့ ယုံကြည်မှုရရှိပြီး ရောင်းအားကောင်းလာခြင်း၊ ဈေးကွက်ပိုမိုရရှိခြင်းစသည့် အောင်မြင်တိုးတက်မှုများဖြစ်ပေါ်စေကာ ဈေးကွက်စီးပွားရေးလုပ်ငန်းစနစ်မှာလည်း …

Read More »