Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 44)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

ပဲခူးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်

ပဲခူး ဇန်နဝါရီ ၂၇ =============           ပဲခူးတက္ကသိုလ် အားကစားခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊အမျိုးသမီး ဘတ်စကတ်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ/ဆရာမ များ၊ တက္ကသိုလ်ကျောင်းသား/သူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ တက်ရောက်ကြပြီး အမျိုးသားပွဲစဉ်အဖြစ် သမိုင်းအထူးပြုဘာသာရပ်အသင်းနှင့် ဘူမိဗေဒအထူးပြုဘာသာရပ်အသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။           ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဥပဒေချုပ်က ဒိုင်လူကြီး များအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုနှင့် ပထမ၊ ဒုတိယဆုရရှိခဲ့ကြသည့် အားကစားသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့် ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြက်ခြေနီရှေးဦးပြုစုခြင်း …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်း တန်ခိုးကြီးဘုရားစေတီပုထိုးများတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်လျက်ရှိ

 ပဲခူး ဇန်နဝါရီ ၂၆ ====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈) မြို့နယ်တွင် တန်ခိုးကြီးဘုရားစေတီပုထိုးများအား သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ဆေးသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းများအား ဇန်နဝါရီလ(၂၅)ရက်နေ့မှစတင်၍ စုပေါင်းဆောင်ရွက်လျက်ရှိပြီး စတုဒီသာကျွေးမွေး ခြင်းများလည်း ဆောင်ရွက်ပေးလျက်ရှိသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၂၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် တပ်ရင်း/တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေး ပြုလုပ်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။           ဆက်လက်၍ မွန်းလွဲပိုင်း၌ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)အား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်း ဒေသကြီးအတွင်း အေးချမ်းတည်ငြိမ်မှု၊ အလုပ်ရှင်/အလုပ်သမားပြဿနာ ကင်းရှင်းခြင်းတို့ကြောင့် နိုင်ငံခြား သား/နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသည်ကိုတွေ့ရှိရကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံမှုများ ဆောင်ရွက်သွားမည်ဖြစ်

ပဲခူး ဇန်နဝါရီ ၂၅ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် ဇန်နဝါရီလ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးတွင် သန့်ရှင်းရေးဆောင်ရွက်နေနှင့် ဆေးသင်္ကန်းကပ်လှူပူဇော်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဗိုလ်ကုန်း(၁၈)ရပ်ကွက်အတွင်း ဉာဏ်တော်(၁၈၀)ပေရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ခဲ့ပြီး စေတီတော်အား ဆေးသင်္ကန်းကပ်လှူနေမှုနှင့် စေတနာရှင် ပြည်သူများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဌာနဆိုင်ရာများမှ စုပေါင်း၍ စေတီတော်အား သန့်ရှင်းရေးပြုလုပ်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်ဓမ္မာရုံ၌ ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီး၏ မဟာနာယကဆရာတော်ကြီးဖြစ်သည့် အသောကဘုန်းတော်ကြီး သင်ပညာရေးကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကန်တော့ခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထား ကာ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။           အဆိုပါရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးအား …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း ဝါသီးနှံ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင် ရည်မှန်းချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၄ ======================           ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၂၀)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း ဝါသီးနှံ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင် ရည်မှန်းချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ ပဲခူးတိုင်းဒေသကြီးသည် သီးနှံစုံစိုက်ပျိုး သည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ စီမံကိန်းဝင်သီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရန် လိုအပ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ဆန်ဖူးလုံမှုရှိသော်လည်း ခေတ်အဆက်ဆက် ဆီဖူလုံမှုသည် (၉၇)ရာခိုင်နှုန်းသာရှိခဲ့ရာမှ ယခုအခါနေကြာမျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးခြင်း၊ စိုက်ပျိုးရေရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းပေးနိုင်ခဲ့သဖြင့် ဆီဖူလုံမှု(၁၀၂)ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဝါသီးနှံစိုက်ပျိုးရာတွင်လည်း အမှန်တကယ် အထွက်နှုန်းကောင်းပြီး တောင်သူများအတွက် တွက်ချေကိုက်သည့် ချည်မျှင်ရှည်ဝါ Raka F1 (၆၆၆)မျိုးကို လာမည့်ဝါစိုက်ရာသီအမီ ဖြန့်ဖြူးပေးနိုင်ရေး ကြိုတင်စုဆောင်းထားရှိရန်နှင့် စိုက်ပျိုးရေအား …

Read More »

ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ (ဒုတိယ) အကြိမ် ဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၃ ===========           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် (ဒုတိယ)အကြိမ် ဆေးပဋ္ဌာန်း ရွတ်ဖတ် ပူဇော်လှူဒါန်းပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၂၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးရင်ပြင်ရှိ ဘေသဇ္ဇမုဒြာလာဘမုနိ ဓမ္မဝတ်ရည်ဓမ္မာရုံကြီး၌ ကျင်းပပြုလုပ် သည်။           အခမ်းအနားသို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏  သြဝါဒါစရိယဆရာတော်ကြီး များ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့များ၊ မြို့မိ/မြို့ဖများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ၍ အခမ်းအနားကိုဖွင့်လှစ်ပေးကြသည်။           ထို့နောက် ရွှေဂူကျောင်းဆရာတော်မှ ရောင်ခြည်တော်ဖွင့်ဂါထာဖြင့် ဘုရားပင့်ပြီး ရတနာသီရိ ကျောင်း ဆရာတော်မှ ပဋ္ဌာန်းတရားများနာကြားရန် သမ္မာဒေဝနတ်ဗြဟ္မာများအား ဖိတ်ကြားခဲ့ကာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ၊ နိုင်ငံတော်သြဝါဒါစရိယ၊ ပဲခူးမြို့၊ …

Read More »

သာယာဝတီမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစီအစဉ်ဖြင့် နွေစပါးစိုက်တောင်သူများအား သွင်းအားစု ပစ္စည်းများ ပေးအပ်ပွဲကျင်းပပြုလုပ်

သာယာဝတီ ဇန်နဝါရီ ၁၈ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက် ပါလျက် ဇန်နဝါရီလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစီအစဉ် ဖြင့် နွေစပါးစိုက်တောင်သူများအား သွင်းအားစုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သာယာဝတီမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အစီအစဉ်ဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူ များအား တောင်သူစိတ်ကြိုက် လိုအပ်သော မျိုးစပါး၊ ယူရီးယား+ကွန်ပေါင်း ဓါတ်မြေဩဇာ၊ ရွက်ဖြန်း မြေဩဇာ၊ မှိုသတ်ဆေးနှင့် ပေါင်းသတ်ဆေးများအား ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူစိတ်ကြိုက် မှာယူထားသည့် သွင်းအားစုများအား ကြည့်ရှုစစ်ဆေးခဲ့ သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှမြို့နယ်၊ ကိုင်းပြင်ကြီးကျေးရွာနှင့် လက်ပံတန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာတို့ရှိ ဆောင်းနေကြာသီးသန့်စံပြကွက်များအား ကြည့်ရှုစစ်ဆေး ခဲ့ …

Read More »

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်ဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေး ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေဆုံပွဲ ကျင်းပပြုလုပ်

ပြည် ဇန်နဝါရီ ၁၇ ==================== ပြည်မြို့၊ အလင်္ကာဟိုတယ်၊ အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ပြည်ဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေး ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေဆုံပွဲ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်(၁၉)ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေး ခရီးသွားလုပ်ငန်းသစ်များ ဖော်ထုတ်ခြင်း၊ ရှိပြီးသား ခရီးသွားလုပ်ငန်းများ ပြန်လည်အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ နိုင်တော်အပိုင်းမှလည်း ထိုက်သင့်သည့် ဖြေလျော့မှုများ ပြုလုပ်ပေးခဲ့ပြီးဖြစ်၍ ထိုက်သင့်သည့် အခွန်များ အပြည့်အဝပေးဆောင်ရန်လိုအပ်ကြောင်း၊ ပြည်ဒေသထွက် အစားစာများသည် လူကြိုက်များအောင်မြင်လျက်ရှိပြီး ထပ်မံ၍ ထုတ်ပိုးမှုစနစ် အဆင့်မြှင့်နိုင်နိုင်ပါက ပြည်ပခရီးသွားများ ပိုမိုစိတ်ဝင်စားလာမှာဖြစ်ကြောင်း၊ အဓိကအားဖြင့် ခရီးသွားမြို့တော်သည် သန့်ရှင်းသပ်ရပ်စေရေး လိုအပ်သလို မသန်စွမ်းများအတွက်လည်း အဆင်ပြေစွာ တည်းခို၊ သွားလာနိုင်ရေးနှင့် Public Toilet …

Read More »

ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဇန်နဝါရီ ၁၇ ======================= ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဇန်နဝါရီလ(၁၇)ရက်နေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး(အနောက်) ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး(အနောက်) ပညာရေးစုံညီပွဲတော်မုခ်ဦးအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူလေးများ၏ ရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ ပဲခူးတိုင်း ဒေသကြီး(အနောက်) ပညာရေးစုံညီပွဲတော်အား ဆက်လက်ကျင်းပပြုလုပ်ရာ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက စုံညီပွဲတော် တို့နွှဲပျော်သီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီနိုင်ငံတော် တည်ဆောက်နိုင်ရေး အတွက် ထူးချွန်ထက်မြတ်သည့် အသိပညာရှင်များ၊ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့၌ နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက် တောင်သူများအား သွင်းအားစုပစ္စည်း ပေးအပ်ပွဲသို့ တက်ရောက်

ပြည် ဇန်နဝါရီ ၂၀ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက တည်ဆောက်ရေး(၂) အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက် တောင်သူများအား သွင်းအားစုပစ္စည်းများ ပေးအပ်ပွဲ အခမ်း အနားသို့ တက်ရောက်ခဲ့သည်။            ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး တောင်သူလယ်သမားများ၏ လူမှုစီးပွါးဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်စေအောင် နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ အနေဖြင့်လည်းမျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်ပျိုးရေရရှိရေး၊ သွင်းအားစုနှင့် ကုန်ထုတ် လမ်းများအား ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အပြင် နွေစပါးစိုက်တောင်သူများအား တစ်ဧက လျှင် ပုလဲဓါတ်မြေဩဇာ (၁)အိတ်နှုန်း အစိုးရစျေးနှုန်းဖြင့် တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးပေးသွား မှာဖြစ်ကြောင်း၊ အကြောင်းအမျိုးကြောင့် ရပ်နားခဲ့ရသည့် လျှပ်စစ်ရေတင်လုပ်ငန်းများအား …

Read More »

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက် ကြည့်ရှုစစ်ဆေး

ပြည် ဇန်နဝါရီလ ၁၆ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်နိုင်ဦး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီလ(၁၆)ရက်နေ့၊ မွန်းလွဲပိုင်းက သရေခေတ္တရာ ပျူမြို့ဟောင်း၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြား ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သရေခေတ္တရာပျူမြို့ဟောင်းအတွင်းရှိ အရှေ့ဘက် ဆင်ကျုံးဟောင်းနေရာအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူနိုင်ရေး၊ လမ်းညွှန်ဆိုင်ဘုတ်နှင့် လမ်းများကောင်းမွန်စေရေး ဆောင်ရွက်ရန် လမ်းညွှန်မှာ ကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နန်းတော်အရှေ့ဘက်ရေကျုံး တူးဖော် ထားရှိမှုနှင့် ထပ်မံ၍ တူးဖော်သွားရန်၊ တူးဖော်ရရှိသည့် ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများအား စနစ် တကျ မှတ်တမ်းတင်ထားရှိရန် …

Read More »