Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 47)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၌ ရန်ကင်းသာပန်းခြံအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပဲခူး ဒီဇင်ဘာ ၂၃ ==================           ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့သော ရန်ကင်းသာပန်းခြံသစ်အား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို  ကြိုဆိုဂုဏ်ပြု သောအားဖြင့် အဆိုပါပန်းခြံကားပါကင်၌ ဒီဇင်ဘာလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက ဖွင့်လှစ်ပွဲကျင်းပပြုလုပ် သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကင်းသာပန်းခြံဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။           ထို့နောက် တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကောင်းထိုက်၊ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးတင်သိန်းနှင့် လူမှုရေးရာဝန်ကြီး ဦးအောင်မင်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ပန်းခြံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် ပြုပြင်ထိန်းသမ်းခြင်းလုပ်ငန်းများ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ပဲခူး ဒီဇင်ဘာ ၂၂ ===========           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၂၂)ရက်နေ့ နံနက်ပိုင်းက ကရင်သက္ကရာဇ်(၂၇၆၂)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲတော် အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။           ရှေးဦးစွာ ဖားစည်(၉)ချက်တီး၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်အလံနှင့် ကရင်အမျိုးသား အလံတို့အား အလံတိုင်ထိပ်သို့လွှင့်ထူကာ အခမ်းအနား တက်ရောက်လာကြသူများက အလေးပြုကြသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ယနေ့သည် ကရင်တိုင်းရင်းသား လူမျိုးများ၏ (၈၄)ကြိမ်မြောက် ကရင်နှစ်သစ်ကူး နေ့ထူးနေ့မြတ်ဖြစ်ပြီး နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကို ကောင်းခြင်းမင်္ဂလာများနှင့် ကြိုဆိုသည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ (၁၉၃၈) ခုနှစ်မှစတင်၍ နှစ်စဉ် ပြာသိုလဆန်း(၁)ရက်နေ့ကို ကရင်နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ကာ နိုင်ငံတော်ရုံးပိတ်ရက်အဖြစ် တရားဝင်ကျင်းပပြုလုပ် ခွင့်ပြုပေးခဲ့တာဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းမှာ ကရင်တိုင်းရင်းသား များအပါအဝင် တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြပြီး တိုင်းရင်းသားလူမျိုးများအားလုံး၏ ဓလေ့ ထုံးတမ်းများ …

Read More »

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ  အထူးကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှု အားပေး

ပဲခူး ဒီဇင်ဘာ ၂၁ ==========           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ ဒီဇင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ  အထူးကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်၊        ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့  အထွေထွေ ရောဂါကုဆေးရုံးကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့သည်။       ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး လစဉ် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ပဲခူး ဒီဇင်ဘာ ၂၀ ===========           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၂၀)ရက်နေ့ နံနက်ပိုင်းက (Working Group) မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော် ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သည့် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းနိုင်ရေး အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်ရေးသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍ ဖြစ်ကြောင်း၊ အိမ်ခြေအိမ်ထောင်စုစာရင်းပုံစံ(၆၆/၆)အား မြေပြင်ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းစဉ်သည် လုပ်ငန်းပမာဏကြီးမားသလို နိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်းလည်းဖြစ်ပြီး သတ်မှတ်ကာလအတွင်း အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ခံယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သင်ကြားပို့ချပေးလိုက်တဲ့ သင်ခန်းစာများကို စိတ်ပါဝင်စားစွာ သင်ယူပြီး နိုင်ငံတော်အတွက် အရေးကြီးသည့်လုပ်ငန်းစဉ်ကို ပြီးမြောက်အောင်မြင်စေရန် …

Read More »

ဒီဇင်ဘာအားကစားလ(တတိယအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ပါဝင်ဆင်နွှဲ

ပဲခူး ဒီဇင်ဘာ ၁၇ =========================           ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့တွင်ကျင်းပပြုလုပ်သည့် ဒီဇင်ဘာအားကစားလ (တတိယအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ ပါဝင်ဆင်နွှဲခဲ့ကြသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာနမှကျင်းပပြုလုပ်သည့် ဒီဇင်ဘာလ(တတိယအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ရောက်ရှိခဲ့ပြီး ပဲခူးမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့မှစတင်၍ ကျောက်တွင်းကုန်းမီးပွိုင့်၊ ရှင်စောပု လမ်း၊ ရွှေမော်ဓောဘုရားလမ်း၊ ဟင်္သာလမ်းနှင့် ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်းအထိ စုပေါင်းလမ်း လျှောက်ကြပြီး ဘောလုံးကွင်းအတွင်း၌ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ကြကြောင်း သိရသည်။           အဆိုပါ ဒီဇင်ဘာအားကစားလ(တတိယအပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း လူဦးရေ (၃၄၀၀) ကျော် လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲခဲ့ကြပြီး …

Read More »

နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေဖြင့် သနပ်ပင်မြို့နယ်အတွင်း ပဲတီစိမ်းစိုက်ပျိုးသည့် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

သနပ်ပင် ဒီဇင်ဘာ ၁၆ ==============           သနပ်ပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁၆) ရက်နေ့၊ နံနက်ပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သနပ်ပင်မြို့နယ်အတွင်း ပဲတီစိမ်း စိုက်ပျိုးသည့် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်အတွင်း လူဦးရေအားလုံး၏ (၇၀)ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူလူထုများဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား အသက်မွေးလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိကြောင်း၊ ဒေသအတွင်း ကိုဗစ်(၁၉)ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် ရာသီဥတုဖောက်ပြန်မှုတို့ကြောင့် ကျဆင်းခဲ့ရသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်မှ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများ ထောက်ပံ့ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ တောင်သူ လယ်သမားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်းအပေါ်  စိုက်ပျိုးရေး လုပ်ငန်းများတွင် အကျိုးရှိရှိအသုံးချပြီး သီးနှံပေါ်ချိန်တွင် …

Read More »

ဆောင်းနေကြာ၊ ပဲတီစိမ်းနှင့် နွေစပါးစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် စာရင်းဇယားအချက် အလက်များ မှန်ကန်စေရေး ကွင်းဆင်းဆောင်ရွက်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ်လမ်းညွှန်မှာကြား

ပဲခူး ဒီဇင်ဘာ ၁၅ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁၄)ရက်နေ့၊ မွန်းလွဲပိုင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆောင်းနေကြာ၊ ပဲတီစိမ်းနှင့် နွေစပါးစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် စာရင်းဇယားအချက်အလက်များ မှန်ကန်စေရေး ကွင်းဆင်းဆောင်ရွက်ရန် ပြောကြားသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆောင်းနေကြာနှင့် ပဲတီစိမ်းစိုက်ဧကများအတွက် လိုအပ်သည့် သွင်းအားစုများ ထောက်ပံ့ပေးသွားမည့် လုပ်ငန်းစဉ်သည် တောင်သူများအတွက် အမှန်တကယ်အကျိုးရှိပြီး Quick Wins ဖြစ်ပေါ်စေသည့် စီမံချက် တစ်ခုဖြစ်၍ မြို့နယ်အလိုက် အောက်ခြေအဆင့်ထိ ကြီးကြပ်ဆောင်ရွက်ကြစေလိုကြောင်း၊ နွေစပါးရာသီ တွင်လည်း လိုအပ်သော မျိုးကောင်းမျိုးသန့်များ၊ စိုက်ပျိုးရေးသွင်းအားစုများကို ထပ်မံပံ့ပိုးဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတစ်ခု၏ စီးပွားရေး ရည်မှန်းချက်များ၊ မျှော်မှန်းချက်များ အကောင်အထည်ဖော် ရာတွင် စာရင်းဇယားအချက်အလက်များအပေါ် …

Read More »

ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်းပေါ်ကြီး အဗျားတံတားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့

ဝေါ ဒီဇင်ဘာ ၁၄ ===================           ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင်လမ်း မိုင်တိုင်(၇၅/၀ မှ ၇၅/၁)ကြားရှိ အဗျားတံတားအား ဒီဇင်ဘာ လ(၁၄)ရက်နေ့၊ နံနက်ပိုင်းက အဆိုပါတံတားနေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက  ယနေ့ဖွင့်လှစ်ပေးလိုက်သည့် အဗျားတံတား သည် ယခင်ကစစ်တောင်းတူးမြောင်းလက်တက် ဆည်းမြောင်းရေလွှဲပေါက်ပေါ်မှာ တည်ဆောက်ထားသည့် တံတားဖြစ်ပြီး အဝေးပြေးခရီးသည်တင်ယာဉ်ကြီးများ၊ ကုန်တင်ယာဉ်ကြီးများ နေ့/ညမပြတ်ဖြတ်သန်း သွားလာမှုကြောင့် ပျက်စီးလာသဖြင့် ယာဉ်အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ အပြန်လမ်းတံတားအဖြစ် အသုံးပြုနိုင်စေရန် တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ တံတားများ တည်ဆောက်ပေးခြင်းကြောင့် ရန်ကုန်မြို့မှတဆင့် မြန်မာနိုင်ငံ၏တောင်ဘက်စွန်းမြို့များသို့ တစ်ဆက်တည်း အချိန်တိုအတွင်း သွားလာနိုင်မှာဖြစ်ပြီး ဒေသထွက်ကုန်များလည်း ထိုင်းနိုင်ငံနယ်စပ်ဂိတ် များသို့ ကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန်ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက် ဘက်စုံကဏ္ဍစုံဟန်ချက်ညီညီ ဖွံဖြိုးတိုးတက်စေရန် …

Read More »

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးမြို့၊ ဘုရင့်နောင်ရုပ်ထုနှင့် ရင်ပြင်ပန်းခြံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၂ ============            (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာလ(၁၂) ရက်နေ့ ညနေပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်(၈)ရပ်ကွက်၊ ပဲခူးတက္ကသိုလ်အနီး၊ ရန်ကုန်-မန္တလေးလမ်းနှင့် ပဲခူးမြို့ရှောင်လမ်းအကြားတွင် ဘုရင့်နောင်ရုပ်ထုနှင့် ရင်ပြင်ပန်းခြံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်အနက်မှ တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက် ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဟူသော ဦးတည်ချက်နှင့်အညီ ယနေ့ခေတ်လူငယ်များ ဇာတိသွေး ဇာတိမာန်တက်ကြွစေရန်နှင့် အမိနိုင်ငံတော်အား ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ (၁၆)ရာစု အရှေ့တောင်အာရှသမိုင်းတွင် ကျော်ကြားသော ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံကြီးကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီး ဟံသာဝတီ(ပဲခူး)တွင် ကမ္ဘောဇသာဒီနန်းတော်၌ နန်းစိုက်ခဲ့သော ဘုရင်ဧကရာဇ် တစ်ဦးဖြစ်သူ ဘုရင့်နောင်ကျော်ထင်အနော်ရထာ (ဘုရင့်နောင်မင်းတရားကြီး)၏ ရုပ်တုအား ထုလုပ်ထားရှိ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဟံသာဝတီ(ပဲခူး)သည် …

Read More »

ပဲခူးမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသား/ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၀ ==========            (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီဇင်ဘာလ(၁၀)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။           အဆိုပါ အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ် မှ အမျိုးသား အားကစားသမား(၉၁၅)ဦး၊ အမျိုးသမီး အားကစားသမား(၃၁၂)ဦး၊ စုစုပေါင်း (၁၂၂၇)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး အမျိုးသားမီနီမာရသွန်ပြိုင်ပွဲအား ပဲခူးမြို့အဝင်(တိုးဂိတ်)မှ ရွှေမော်ဓောဘုရားလမ်း၊ တိုင်းဒေသကြီးအားကစားကွင်းအရှေ့အထိလည်းကောင်း၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲအား ပဲခူးတက္ကသိုလ် အနီး၊ မြို့ရှောင်လမ်း၊ ဘုရင့်နောင်ရုပ်ထုရှေ့မှ ရွှေမော်ဓောဘုရားလမ်း၊ တိုင်းဒေသကြီး အားကစားကွင်း အရှေ့အထိလည်းကောင်း ယှဉ်ပြိုင်ပြေးကြရာ တိုင်းဒေသကြီး ဥပဒေချုပ်မှ ခရာမှုတ်၍ စတင်တာလွှတ် ပေးခဲ့သည်။           မီနီမာရသွန်ပြိုင်ပွဲဝင်ကြသည့် အားကစားသမားများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ …

Read More »