Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 59)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်းဈေးများ ပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဇူလိုင် ၃၁ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင်းဈေးများ ပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဘုရားဈေးသို့ ရောက်ရှိခဲ့ရာ ဈေးရုံများ ပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေး မြေပြင်သန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး ဈေးအတွင်း ရေဝင်ရောက်မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရေး၊ ယာယီဈေးဆိုင်ခန်း နေရာချထားပေးနိုင်ရေး၊ ဈေးအတွင်း ကွန်ကရစ်လမ်းများခင်းရန်၊ ဈေးပတ်လမ်း ကျူးကျော်မှုမရှိစေရေးနှင့် ခြံစည်းရိုးကာရံနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဗဟိုကုန်စိမ်းသားငါးဈေးသို့ ရောက်ရှိခဲ့ပြီး ကားအဝင်/အထွက်လမ်းများ ကောင်းမွန်စေရေး၊ ဈေးအတွင်း သန့်ရှင်းသပ်ရပ်စေရေးနှင့် အမှိုက်သိမ်းစနစ် ကောင်းမွန်စေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။ …

Read More »

တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်၏ ဘဏ္ဍာငွေများ လေလွင့်မှုမရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား

ပဲခူး ဇူလိုင် ၂၉ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၉)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား Online Zoom Meeting System ဖြင့် ကျင်းပ ပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးအတွင်း ရာသီဥတုအခြေအနေအရ မိုးစပါးနှင့်မိုးသီးနှံများအတွက် စိုက်ပျိုးရေလုံလောက်စွာရရှိစေရေး အထူးအလေးထား ဆောင်ရွက်ပေးမည် ဖြစ်၍ မြို့နယ်အလိုက် စိုက်ပျိုးရေ အခက်အခဲများရှိပါက တင်ပြပေးရန်နှင့် လိုအပ် ပါကဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆)အား Server Program အတွင်း ထည့်သွင်းမှုသည် နိုင်ငံတော်စီမံကိန်းဖြစ်၍ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး လိုအပ်ချက်များအလိုက် အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်၏ ဘဏ္ဍာငွေများ …

Read More »

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည် ကဏ္ဍပေါင်းစုံ ပါဝင်ပတ်သက်နေသဖြင့် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက် အရေးကြီးကြောင်း ဝန်ကြီးချုပ်ပြောကြား

ပဲခူး ဇူလိုင် ၂၉ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၂) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကိုဗစ်(၁၉)ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် ဒေသတွင်း ခရီးသွားလုပ်ငန်းများ အမြန်ပြန်လည်ဦးမော့လာစေ ရေးနှင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်း များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊ တိုင်းဒေသကြီး အတွင်း ကိုဗစ်(၁၉) ရောဂါဖြစ်ပွားမှု လျော့ပါးလာခြင်းနှင့်အတူ ပဲခူးမြို့တစ် ခုတည်း နိုင်ငံတကာ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုအနေဖြင့် ဇူလိုင်လအတွင်း Package Tour ခရီးစဉ်(၅) ကြိမ်၊ ထိုင်းခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ခဲ့ကြကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ရှေးဟောင်းအဆောက်ဦ၊ ကျုံး၊ မြို့ရိုးများအား ပြန်လည်အဆင့်မြှင့်တင်၍ ခရီးသွားနေရာ သစ်များဖော်ထုတ် ခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အပန်းဖြေနေရာများ တည်ဆောက်ခြင်းနှင့်အတူ မြို့ပြသန့်ရှင်းသာယာလှပစေရေးကိုလည်း …

Read More »

တစ်ကွင်းတစ်ဆက်တည်း တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး ဧက(၁၀၀) စပါးမျိုး(၈)မျိုး ယှဉ်ပြိုင်စမ်းသပ် ကွက် ဓါတ်မြေဩဇာ ကြဲပတ်နေမှုအား သွားရောက်ကြည့်ရှုအားပေး

ဝေါ ဇူလိုင် ၂၆ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ(၂၆)ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်အတွင်း တောင်သူလယ်သမားဘဝဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာ အုပ်စုရှိ စိုက်ပျိုးရေးရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ ခရိုင်စိုက်ပျိုးရေးဦးစီး ဌာနမှူးမှ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြ ခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူ တွက်ခြေကိုက်ပြီး အထွက်တိုးကာ ရက်တိုသည့် မျိုးကောင်းမျိုးသန့် စပါးမျိုးများ အလွယ်တကူရ ရှိစေရေး၊ သဘာဝမြေဩဇာ ထုတ်လုပ်နည်းများ အသိပညာပေးဆောင်ရွက်ရန်၊ ကျွဲနွားမွေးမြူသူများအား ပရိုတင်း ဓါတ်ကြွယ်ဝသည့် နေဗီယာမြက်စိုက်ပျိုးစေရေးနှင့် ဒေသကြက် တွဲဖက်မွေးမြူနိုင်ရေး စည်းရုံး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး မြေဆွေးမှ သဘာဝမြေဩဇာပြုလုပ်ထားရှိမှုနှင့် တောင်သူ(၁၁)ဦးပိုင် တစ်ကွင်းတစ်ဆက်တည်း တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး …

Read More »

ပဲခူးတို်ငးဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၉/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၂၅ ================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး အမှတ်စဉ်(၉/၂၀၂၂) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီး အတွင်း စပါးနှင့် ဆီထွက်သီးနှံများအား အထွက်နှုန်းကောင်းပြီး ရက်တိုသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုး ရန်လိုအပ်ကြောင်း၊ ဆီထွက်သီးနှံ (နေကြာ) တိုးချဲ့ စိုက်ပျိုးမည်ဖြစ်၍ မြို့နယ်အလိုက် ဆီစက်မျာအသင့် ပြင်ဆင် ထားရန်လိုအပ်ကြောင်း၊ လယ်မြေများ မြေလပ်မရှိစိုက်ပျိုးသွားရန်နှင့် နွေစပါး စိုက်ပျိုး၍ မရသည့် နေရာများတွင် စားဖိုဆောင်သီးနှံအား အစားထိုးစိုက်ပျိုးသွားရန် လိုအပ်ကြောင်း၊ တောင်သူလယ်သမား များ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး၊ စိုက်ပျိုးနည်းစနစ် …

Read More »

KG တိုင်းရင်းသား ကျောင်းသား/ကျောင်းသူများအတွက် တိုင်းရင်းသား ပုံပြပုံပြင်စာအုပ်များ ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၂၁ ============        ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဓမ္မစေတီလမ်းနှင့် သစ်တောရိပ်သာလမ်းထောင့်ရှိ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ရုံး၊ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၁)ရက်နေ့ နံနက်ပိုင်းက KGတိုင်းရင်းသား ကျောင်းသား/ကျောင်းသူများအတွက် တိုင်းရင်းသားပုံပြ ပုံပြင်စာအုပ်များ ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ KG တိုင်းရင်းသား ကျောင်းသား/ ကျောင်းသူများအတွက် တိုင်းရင်းသားတို့၏ ပုံပြပုံပြင်စာအုပ်များကို ပေးအပ်ရခြင်းသည် တိုင်းရင်းသား ကလေးငယ်များ မိမိတို့၏ ဘာသာစကားနှင့် စာပေကို ပိုမိုစိတ်ဝင်စားလာစေရန်ဖြစ်ကြောင်း၊ ယခု ပေးအပ် သည့် တိုင်းရင်းသား ပုံပြပုံပြင်စာအုပ်များသည် တိုင်းရင်းသားကလေးငယ်များ၏ မူလတန်းစာပေ သင်ကြား ရာတွင် များစွာအထောက်အကူဖြစ်စေရန်၊ ကျောင်းထွက်နှုန်း လျော့ကျစေရန်ဖြစ်ကြောင်း၊ တိုင်းရင်းသား တို့၏စာပေနှင့် ဘာသာစကားတို့ကို အားပေးမြှင့်တင်ခြင်းဖြင့် တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု …

Read More »

တိုင်းဒေသကြီးအတွင်း Omicron မျိုးကွဲ BA.4 , BA.5 များ ကူးစက်ပြန့်နှံ့မှုမရှိစေရန် ကြိုတင်ကာကွယ် ရေးနည်းလမ်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှာကြား

ပဲခူး ဇူလိုင် ၂၀ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၀)ရက်နေ့၊ နံနက်ပိုင်းက  ကိုဗစ်(၁၉)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁၁/၂၀၂၂) အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း Omicron မျိုးကွဲ BA.4 , BA.5 များ ကူးစက်ပြန့်နှံ့မှုမရှိစေရန် ကြိုတင်ကာကွယ် ရေးနည်းလမ်းများ အရှိန်အဟုန် မပြတ် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးများ အပြည့်အဝ ထိုးနှံပြီးသော်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်(၁၉)စည်းကမ်းချက်များနှင့် အညီ စနစ်တကျ နေထိုင်သွားရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း နိုင်ငံ့ဝန်ထမ်းမိသားစုများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ ကျောင်းသား/သူများ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးနိုင်ရေး …

Read More »

Online System ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)များ Database သို့ သတ်မှတ်ချိန်အတွင်း အချိန်မီထည့်သွင်းပြီးစီးနိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဇူလိုင် ၁၇ ==================           ပဲခူးတို်ငးဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁၆)ရက်နေ့၊ မွန်းလွဲပိုင်းက Online System ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆)များ Database သို့ သတ်မှတ်ချိန်အတွင်း အချိန်မီ ထည့်သွင်းပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ ပဲခူးတိုင်းဒေသကြီးသည် ပန်းခင်းစီမံချက်နှင့် နိုင်-၄ စာရင်းများ ရေးသွင်းခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များကို ပထမဆုံးပြီးစီးခဲ့သည့် တိုင်းဒေသကြီးတစ်ခု ဖြစ် ကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ ရိုက်သွင်းခြင်းနှင့် ပြန်လည် စစ်ဆေးခြင်းလုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်မှသာ လွပ်လပ် ပြီး တရားမျှတသော ရွေးကောက်ပွဲအတွက် စနစ်ကျပြီး တိကျသော မဲစာရင်းများ ထွက်ရှိလာနိုင်မှာဖြစ်ကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ များ …

Read More »

ပဲခူးတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၆ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)အား ဇူလိုင်လ(၁၅)ရက်နေ့ မွန်းလွဲ ပိုင်းက ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ဝေါမြို့နယ်တို့သည် ပင်လယ်နှင့်ဆက်စပ်လျက်ရှိပြီး ခေါင်းလောင်းပုံ (Bell-Mouth)အတွင်း ကျရောက်လျက်ရှိ၍ မိုးတွင်းကာလ စစ်တောင်းမြစ်ရေ တိုက်စားခံရသည့်အပြင် ပင်လယ်ဒီရေသက်ရောက်ပြီး မြစ်ကမ်းပါး ပြိုကျမှုများကြောင့် လယ်မြေများ၊ ရွာမြေများ ပျက်စီးဆုံးရှုံး လျက်ရှိကြောင်း၊ ဒီအခြေအနေကို ကာကွယ်နိုင်ရန်အတွက် ဝါးတိုင်စိုက်လှိုင်းကာရေကာနှင့် ဝါးတိုင်စိုက် ရေလွှဲရေကာ လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပြီး သဘာဝနည်းဖြင့် ကာကွယ်နိုင်ရေး ဒီရေတော စိုက်ပျိုးခြင်းများလည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဒီရေတောများ ရေရှည်တည်တံ့စေရန်အတွက် ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကို ဒေသခံများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဒီရေတောများ အောင်မြင်ဖြစ်ထွန်း …

Read More »

၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အုပ်ချုပ်/နည်းပြ၊ အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၅ ==================      ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁၄)ရက်နေ့ နံနက်ပိုင်းက ၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အုပ်ချုပ်/နည်းပြ၊ အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဩဝါဒခံယူပွဲ အခမ်းအနား ကျင်းပပြုလုပ် သည်။      ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလက်ရွေးစင် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးအသင်း အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများမှ တစ်ဦးချင်းမိတ်ဆက်‌ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ဘောလုံးအားကစားနည်းသည် မြန်မာနိုင်ငံအတွက် အမျိုးသားအားကစားအဖြစ် သတ်မှတ်ထားကြောင်း၊ မြန်မာ့ဘောလုံး အားကစားကို အရှေ့တောင်အာရှနှင့် အာရှဒေသနယ်ပယ်မှာ အောင်မြင်စွာ ရပ်တည်နိုင်ခဲ့တယ်ဆိုတာကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးမှ အာရှလက်ရွေးစင် အားကစားသမားများကို မွေးထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့ကြောင်း၊ ပဲခူးတိုင်း ဒေသကြီး၏ ဘောလုံးအားကစားအဆင့်အတန်းသည် တချိန်သောကာလက အောင်မြင်မှုများစွာ ရရှိခဲ့သော တိုင်းတစ်ခုဖြစ်ခဲ့ကြောင်း၊ ယခင်ကလို …

Read More »