Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 62)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

ဆည်ရေသောက်ဧရိယာများ မြေလပ်မရှိ စိုက်ပျိုးနိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား

ပဲခူး ဇွန် ၁၅ ================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇွန်လ(၁၅)ရက်နေ့၊ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော် ဝန်ကြီးချုပ်မှ စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အထွက်တိုး  မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေး၊ သဘာဝမြေဩဇာများ ထုတ်လုပ်အသုံးပြု နိုင်ရေးနှင့် ရေချိုများ အလေအလွင့်မရှိစေရေး လမ်းညွှန်မှာကြားချက်များအပေါ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးအတွင်း ယခင်က တစ်နှစ်(၁)သီး စိုက်ပျိုးခဲ့သည့် မြေနေရာများတွင် တစ်နှစ်(၂)သီး စိုက်ပျိုးနိုင်ရေး၊ ယခင်တစ်နှစ်(၂)သီး စိုက်ပျိုးခဲ့သည့် မြေနေရာများတွင် တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး စည်းရုံးဆောင်ရွက်ရန်နှင့် မိမိတို့အစိုးရအဖွဲ့မှ လိုအပ်သော စိုက်ပျိုးရေရရှိရေးကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပဲခူးတို်ငးဒေသကြီး (အရှေ့ခြမ်း)နှင့် ပဲခူးတို်ငးဒေသကြီး (အနောက်ခြမ်း)တို့တွင် …

Read More »

ဆရာတော်ကြီးများ၊ သက်ကြီးရွယ်အို ဘိုးဘွားများနှင့် မသန်စွမ်းသူများ အေးဆေးသက်သာစွာ ဘုရား ဖူးမြော်နိုင်စေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဓါတ်လှေကား တပ်ဆင်ဆောင်ရွက်ပေးနိုင်ခဲ့

ပဲခူး ဇွန် ၁၃ ============ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်တည်ဆောက်ခဲ့သည့် ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ဟင်္သာကုန်းစေတီတော်မြတ်ကြီး ဓာတ်လှေကားဖွင့်ပွဲ အခမ်းအနားကို ဇွန်လ(၁၃)ရက်နေ့ နံနက်ပိုင်းအချိန်က အဆိုပါစေတီတော်မြတ်ကြီး တောင်ဘက်မုခ် ဓာတ်လှေကားရှေ့တွင် ကျင်းပပြု လုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်း သာသနာတော် စည်ပင်တိုးတက်ပြန့်ပွား စေရေးနှင့် အဓွန့်ရှည်တည်တံ့ ခိုင်င်မြဲစေရေး ပဋိယတ္ထိစာသင်တိုက်များ၊ သီလရှင်စာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ ဆား စသည် တို့ကို အစဉ်ထောက်ပံ့လှူဒါန်းလျက်ရှိသည့်အပြင် သာသနာရေးဆိုင်ရာ ကျင်းပသော စာမေးပွဲများ၊ ယဉ်ကျေးလိမ္မာသင်တန်းများနှင့် ဘာသာရေးဆိုင်ရာ အခမ်းအနားများကို စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဲခူးမြို့ရှိ ရှေးဟောင်း သမိုင်းဝင်ဆုတောင်းပြည့် ဟင်္သာကုန်းစေတီတော်မြတ် ကြီးတွင်လည်း အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်၊ …

Read More »

ပဲခူးတက္ကသိုလ်အတွက် ရုက္ခဗေဒဆိုင်ရာနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရပ်များ လေ့လာ ဆည်းပူးနိုင်ရေး သစ်မျိုးစုံစိုက်ခင်း ထူထောင်ပေးနိုင်ခဲ့

ပဲခူး ဇွန် ၁၂ =========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ(၁၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတက္ကသိုလ်ဧရိယာ အတွင်း သစ်မျိုးစုံစိုက်ခင်း စိုက်ပျိုးပွဲတော်သို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတက္ကသိုလ်ဧရိယာအတွင်း သစ်မျိုးစုံစိုက်ခင်း (စံပြသစ်တောစိုက်ကွက်) (၄)ဧကတွင် ဒေသတွင်း ပေါက်ရောက်ဖြစ်ထွန်းနိုင်ပြီး စီးပွားရေးအရ အဖိုးတန် အသုံးဝင်သည့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သင်္ကန်း၊ တမလန်း အစရှိသည့် သစ်မျိုး(၁၃)မျိုး၊ အပင် ပေါင်း(၁၂၀၀)ပင်အား စုပေါင်းစိုက်ပျိုးပေးခြင်းအားဖြင့် ရုက္ခဗေဒဘာသာရပ် သင်ကြားနေသည့် တက္ကသိုလ် ဆရာ/ဆရာမများ၊ ဆည်းပူးလေ့လာနေသည့် ကျောင်းသား/သူများအတွက် အနီးကပ်ဆည်းပူးလေ့လာနိုင်စေရေး စိုက်ပျိုးပေးရခြင်းဖြစ်ကြောင်း၊ သစ်တောများအပါအဝင် သဘာဝသယံဇာတများကို ထိန်းသိမ်း စောင့်ရှောက်ခြင်းနှင့် ရေရှည်တည်တံ့စေရန် ဆောင်ရွက်ပေးခြင်းသည် လူသား အကျိုးစီးပွားအပြင် နောင်အနာဂတ်အတွက် ကောင်းမွန်သောလူ့မှုဘဝ ပတ်ဝန်းကျင်ကို ပုံဖော်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဟေဂစနစ်များ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး Bill Board စိုက်ထူပွဲ အား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပဲခူး ဇွန် ၁၁ ============= ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး Bill Board စိုက်ထူပွဲကို ဇွန်လ(၁၁)ရက်နေ့ နံနက်ပိုင်းအချိန်က တောင်ငူလမ်းနှင့် ဆေးရုံလမ်းထောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကျန်းမာရေးသင်တန်းသား/သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပဲခူးမြို့ပေါ် ပညာရေးဝန်ထမ်း များ၊ ကျောင်းသား/သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ သွေးလွန်တုပ် ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး Bill Boardအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။         အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ …

Read More »

(၂၉)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ ဖြေဆိုနေသည့် သံဃာတော်များနှင့် သီလရှင်များအား အအေးဗူး များ ဆက်ကပ်လှူဒါန်း

ပဲခူး ဇွန် ၁၀ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့၊ တာဝန် ရှိသူများနှင့်အတူ ဇွန်လ(၁၀)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ (၂၉)ကြိမ် မြောက် အစိုးရနိကာယ်စာမေးပွဲ ဖြေဆိုနေကြသည့် သံဃာတော်များနှင့် သီလရှင်များအား အအေးဗူးများ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည်  စာမေးပွဲ ကြီးကြပ်ရေး ဆရာတော်ကြီးများအား ဖူးမြော်ကန်တော့ပြီး နဝကမ္မ အလှူတော် ငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  (၂၉)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ ဖြေဆိုနေသည့် သံဃာတော်များနှင့် သီလရှင်များအား ဖူးမြော်ကြည်ညိုခဲ့ပြီး အအေးဗူးများ ဆက်ကပ်ခဲ့ကြ သည်။ အဆိုပါ အစိုးရနိကာယ်စာမေးပွဲအား ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဇွန်လ(၇)ရက်နေ့မှ ဇွန်လ(၁၁)ရက်နေ့အထိ သံဃာတော် များနှင့် သီလရှင်များ စုစုပေါင်း(၂၂၅)ပါး အေးချမ်းတည်ငြိမ်စွာဖြင့် စာမေးပွဲ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၁၉)နှစ်အောက် ‌အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၈ ================ ပဲခူးမြို့ ဟင်္သာလမ်းရှိ ဟံသာဝတီယူနိုက်တက် ဘောလုံးကွင်းတွင် ဇွန်လ(၈)ရက်နေ့ ညနေပိုင်း အချိန်က ၂၀၂၂ ခုနှစ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဖလား (၂၈)မြို့နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။          အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဘောလုံးဝါသနာရှင် ပရိသတ်များ တက်ရောက်ကြပြီး ဝေါမြို့နယ်ဘောလုံးအသင်းနှင့် လက်ပံတန်း မြို့နယ် ဘောလုံးအသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု့အားပေး ကြသည်။            ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ပွဲစဉ်တလျှောက် အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်း အကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆုနှင့် အကောင်းဆုံး ဘောလုံးသမားဆုရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားဆုများကို လူမှုရေးရာဝန်ကြီးနှင့် သယံဇာတရေးရာ ဝန်ကြီးတို့က …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် သနပ်ပင်မြို့နယ်သို့ ပညာရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

သနပ်ပင် ဇွန် ၇ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဇွန်လ(၇)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင် မြို့နယ်သို့  ပညာရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခြေခံပညာအထက်တန်း ကျောင်း(သနပ်ပင်) သို့ရောက်ရှိခဲ့ပြီး တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ကျောင်းအတွင်း ရေဝင်ရောက်မှုကာကွယ်ရန် မြေဖို့ဆောင်ရွက်ပြီးစီးမှု၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူ ကလေးငယ်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေမှုနှင့် ပျော်ရွှင်အေးချမ်းစွာ ပညာသင်ကြားနေမှုတို့အား သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး ကျောင်းအတွင်း ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်နှင့်အညီ ပညာသင်ကြားနိုင်ရေးနှင့် လုံခြုံရေးအား အထူးအလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အခြေခံပညာအထက်တန်းကျောင်း(သနပ်ပင်)၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနေသည့် …

Read More »

ပဲခူးမြို့၌ နှစ်(၅၀)မြောက် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၅ ======================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၅)ရက်နေ့ နံနက်ပိုင်းက ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲ ပထမဆု၊ ဒုတိယ ဆုနှင့် တတိယဆု ရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကလည်းကောင်း၊ နှစ်သိမ့်ဆု ရရှိသူများအား ပဲခူးတိုင်း ဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော် ကလည်း ကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုခဲ့ကြပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့သည်။ အခမ်းအနားသို့ တို်ငးဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ …

Read More »

ပဲခူးမြို့၌ နှစ်(၅၀)မြောက် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၅ ======================           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၅)ရက်နေ့ နံနက်ပိုင်းက ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ တို်ငးဒေသကြီး ဝန်ကြီးချုပ်က ကမ္ဘာပေါ်ရှိတဲ့လူသားများ လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းလာရာ စက်ရုံအလုပ်ရုံများ တိုးချဲ့တည်ဆောက်ခြင်း၊ လူသုံးကုန်ပစ္စည်းမျိုးစုံတိုးချဲ့ ထုတ်လုပ်လာခြင်းနှင့် သဘာဝသယံဇာတ အရင်းအမြစ်များ အလွန်အကျွံ ထုတ်ယူသုံးစွဲလာသည့်အတွက် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့် ညစ်ညမ်းမှုပြဿနာတွေ သိသိသာသာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ဒီပြဿနာ တွေကို ဖြေရှင်းဖို့အတွက် ကမ္ဘာ့နိုင်ငံ များက ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့တွင် ကုလသမဂ္ဂမှ ကြီးမှူးပြီး ပထမဆုံးအကြိမ် လူသားပတ်ဝန်းကျင် ညီလာခံကြီး (United Nation Conference on Human Environment) ကို ကျင်းပခဲ့တဲ့အတွက် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၂ ခုနှစ် ပညာသင်နှစ် စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ) (၃၂)ကြိမ်မြောက် မောင်/မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်ချီးမြှင့်

သာယာဝတီ ဇွန် ၂ ================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဇွန်လ(၂)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂ ခုနှစ် ပညာသင်နှစ် စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) (၃၂)ကြိမ်မြောက် မောင်/မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ၂၀၂၂ ခုနှစ် ပညာသင်နှစ် စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) (၃၂)ကြိမ်မြောက် မောင်/မယ် သစ်လွင်ကြိုဆိုပွဲ၌ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ခံဆရာတစ်ဦးတို့က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ရာ၊ ကျောင်း သား/သူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြသည်။           အဆိုပါ ၂၀၂၂ ခုနှစ် ပညာသင်နှစ် စိုက်ပျိုးရေးသိပ္ပံ (သာယာဝတီ) (၃၂)ကြိမ်မြောက် မောင်/မယ် သစ်လွင်ကြိုဆိုပွဲ၌ တို်ငးဒေသကြီး ဝန်ကြီးချုပ်က ငွေကျပ်သိန်း(၅၀)နှင့် အားကစားပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့သည်။ …

Read More »