ပြည် ဇန်နဝါရီ ၁၄ ===================== ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ရွှေဆံတော်ဗုဒ္ဓ ပြတိုက် ဖွင့်ပွဲအခမ်းအနားအား ဇန်နဝါရီလ(၁၄)ရက်နေ့၊ မွန်းလွဲပိုင်းက အဆိုပါပြတိုက်ရှေ့၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စေတီတော် ဂေါပကအဖွဲ့များနှင့် စေတနာရှင်ပြည်သူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ဖွင့်လှစ် ပေးခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရွှေဆံတော်ဗုဒ္ဓပြတိုက်ရှေ့၌ နေရာယူကြပြီး မင်္ဂလာအချိန်တွင် ဖဲကြိုးဖြတ်၍ ရွှေဆံတော်ဗုဒ္ဓ ပြတိုက်အသစ်အား ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမ္ဗည်းမော်ကွန်းအား အမွှေး နံ့သာရည်များ ပတ်ဖျန်းခဲ့ကြပြီး ပြတိုက်အတွင်း ခေတ်ကာလ၊ အမျိုးအစားအလိုက် ခွဲခြားပြသထားသည့် ဗုဒ္ဓရုပ်ပွားတော်များ၊ ပေစာများနှင့် အခြားသာသနိကပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် …
Read More »တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပေးအပ်သည့် ဘွဲ့တံဆိပ်များ သွားရောက်ချီးမြှင့်ပေးအပ်
ဇီးကုန်း ဇန်နဝါရီ ၁၄ ================= (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်း အခမ်းအနားကို ဇန်နဝါရီလ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များကို တစ်ဦးချင်း ချီးမြှင့်ပေးအပ်ခဲ့သည်။ အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်းအခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက်လက်ခံရယူမည့်ပုဂ္ဂိုလ်များအား တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဘွဲ့များ လက်ခံရယူမည့် ကာယကံရှင်နှင့် မိသားစုဝင်များထံသို့ လက်ရောက်ချီးမြှင့်ပေးအပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဇီးကုန်မြို့နယ်၊ ကန္တလီကျေးရွာနေ သခင်လွင်(ခေါ်)ဦးဖိုးသင်ရရှိခဲ့သည့် သီရိပျံချီဆုတံဆိပ်အား ၎င်း၏ မြေးဖြစ်သူ ဦးသိန်းဦးအား သွားရောက်အပ်နှင်းခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေး
ဇီးကုန်း ဇန်နဝါရီ ၁၄ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၁၄) ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ နွေစပါး တိုးချဲ့စိုက်ပျိုးနိုင်ရေး တိုင်းဒေသကြီးရန်ပုံငွေကျပ်(၄၃၀)သန်းဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ဂွေးပင်ကုန်း ရေတံခါးအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုးသီးနှံများအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် (၂)သီးမှ (၃)သီး ပြောင်းလဲစိုက်ပျိုးနိုင်ရေး အသိပညာပေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇီးကုန်းမြို့နယ်၊ ရွှေကြို့ပင်ကျေးရွာ အုပ်စုရှိ စနစ်တကျလယ်ယာမြေ ဖော်ထုတ်ပြီးစီးခဲ့သည့် မြေဧရိယာ(၁၃၂)ဧကပေါ်၌ နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေဖြင့် နွေစပါး(ရတနာတိုး) အစေ့ချစိုက်ပျိုးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူစိတ်ကြိုက် သွင်းအားစုများ အချိန်မီရရှိစေရေး အထူးအလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။ …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ပဲခူး ဇန်နဝါရီ ၁၃ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အတူ ဇန်နဝါရီလ(၁၃)ရက်နေ့၊ မွန်းလွဲပိုင်းက သနပ်ပင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သနပ်ပင်မြို့တွင်းတံတား တည်ဆောက်ရေးရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ တံတားအထူးအဖွဲ့(၉)၊ တာဝန်ရှိသူတစ်ဦးက တံတား တည်ဆောက်ခြင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သနပ်ပင်မြို့တွင်းတံတားသည် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင် လမ်းပေါ်ရှိပြီး သီလဝါနှင့် တိုက်ရိုက် ချိတ်ဆက်လျက်ရှိကာ ကုန်စည်စီးဆင်းမှုအတွက် အလွန်အရေးပါသည့် တံတားဖြစ်၍ သတ်မှတ်စံချိန်စံညွှန်း များအတိုင်း အရည်အသွေးပြည့်မီစွာ တည်ဆောက်ကြရန်လိုအပ်ကြောင်းနှင့် တည်ဆောက်သည့်လုပ်ငန်း အမျိုးအစားအလိုက် QC စစ်ဆေးခြင်းကို စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့သည်။ အဆိုပါ သနပ်ပင်မြို့တွင်းတံတားသည် …
Read More »အသက်(၁၈)နှစ်အောက် အခြေံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်ပြိုင်ပွဲ အောင်နိုင်ရေး အလံအပ်နှင်းခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၁၃ ==================== ပဲခူးတိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အခြေံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစား ပွဲတော်ပြိုင်ပွဲ အောင်နိုင်ရေးအလံအပ်နှင်းခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားအား ဇန်နဝါရီလ (၁၃)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပြိုင်ပွဲဝင် အားကစားသများက အားကစားနည်းအလိုက် မိတ်ဆက်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာကြံ့ခိုင်သော နိုင်ငံတော်ကိုယ်စားပြု မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးရာတွင် အခြေခံပညာကျောင်းများမှစတင်ရခြင်းဖြစ်၍ ယခု သွားရောက်ယဉ်ပြိုင်မည့် ကျောင်းသားအားကစားပွဲတော်သည် အလွန်အရေးပါကြောင်း၊ မိမိတို့ ပဲခူးတိုင်း ဒေသကြီးကိုယ်စားပြု သွားရောက်ယဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အားကစားစိတ်ဓါတ်ကို အရင်းတည်ပြီး အနိုင်မခံအရှုံးမပေး ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ ပြိုင်ပွဲဝင်မောင်/မယ်များအနေဖြင့် အောင်နိုင်ရေးအလံ ပေးအပ်သည့်အချိန်ကစပြီး မိမိတို့၏ ပဲခူးတိုင်းဒေသကြီး၏ ကောင်းမြတ်ခြင်းဂုဏ်ကို မိမိတို့တတ်ကျွမ်းသည့် …
Read More »ပဲခူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား(နေပြည်တော်)တွင် ပါဝင်ဆောင်ရွက်ခဲ့ သည့် ဝန်ထမ်းများနှင့် ကူညီပံ့ပိုးပါဝင်ဖျော်ဖြေခဲ့သည့်ပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်ခြင်းပြုလုပ်ခဲ့
ပဲခူး ဇန်နဝါရီ ၁၃ =========================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား(နေပြည်တော်)တွင် ဂုဏ်ပြုယာဉ်ဒုတိယဆုရရှိခဲ့မှုအပေါ် ပါဝင်ဆောင်ရွက်ခဲ့ သည့် ဝန်ထမ်းများနှင့် ကူညီပံ့ပိုးပါဝင်ဖျော်ဖြေခဲ့သည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနား(နေပြည်တော်)တွင် ဂုဏ်ပြုယာဉ်ဒုတိယဆုရရှိခဲ့မှုအပေါ် ပါဝင်ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းများ နှင့် ကူညီပံ့ပိုးပါဝင်ဖျော်ဖြေခဲ့သည့်ပုဂ္ဂိုလ်များအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဂုဏ်ပြုယာဉ်အတွက် မြန်မာမှုအနုပညာရှင် များ၊ ကပြဖျော်ဖြေခဲ့သည့် တောင်ငူပညာရေးကောလိပ်မှ ဆရာမများအတွက် ဂုဏ်ပြုမှတ်တမ်းများကို လည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်မှ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ဆရာစံ၏ နယ်ချဲ့တော်လှန်ရေးစည်းရုံးမှု သရုပ်ဖော် …
Read More »ပဲခူးမြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)အား မြေပြင်စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၁၂ =========================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် ဇန်နဝါရီလ(၁၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ပေါ်ရပ်ကွက်များတွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)အား မြေပြင်စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်၊ စိန်သာမြ လမ်းသို့ ရောက်ရှိခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)အား နေအိမ်တစ်ခုချင်းအလိုက် တိုက်ဆိုင် စစ်ဆေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရပ်ကွက်အတွင်း အမှိုက်ကင်းစင်ရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရားကြီးမြို့၊ အမှတ်(၁)ရပ်ကွက်တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)အား မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး ခြင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ရပ်ကွက်နေပြည်သူများနှင့် …
Read More »လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ်(၃/၂၀၂၂-၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
ပဲခူး ဇန်နဝါရီ ၁၁ ===================== ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ သင်တန်းခန်းမတွင် ဇန်နဝါရီလ(၁၀)ရက်နေ့ မွန်းလွဲပိုင်းက လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ် (၃/၂၀၂၂-၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အထည်ဖော်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၏ အင်အားတစ်ခုတည်းနှင့် ဆောင်ရွက်၍မရဘဲ လယ်ယာ လုပ်ငန်းခွင်တွင် လက်တွေ့လုပ်ကိုင်နေသည့် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်မှသာ အောင်မြင်မှာ ဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေများ ဖော်ထုတ် ပေးလျက်ရှိပြီး စနစ်ကျလယ်ယာမြေ ဖော်ထုတ်ရန်ဆန္ဒရှိသည့် ကျေးရွာများရှိပါက သက်ဆိုင်ရာမြို့နယ် ထွန်စက်စခန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်သည်ကို သတင်းစကားပေးလိုကြောင်း၊ …
Read More »ပဲခူးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်
ပဲခူး ဇန်နဝါရီ ၁၀ ======================= ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဇန်နဝါရီလ(၁၀)ရက်နေ့ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်မုခ်ဦးအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းသား/သူများ၏ ရိုးရာအကအဖွဲ့များအား လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ပဲခူးတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော်အား ဆက်လက်ကျင်းပပြုလုပ်ရာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက စုံညီပွဲတော် တို့နွှဲပျော်သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်မီနိုင်ငံတော် တည်ဆောက်နိုင်ရေး အတွက် ထူးချွန်ထက်မြတ်သည့် အသိပညာရှင်များ၊ အတတ်ပညာရှင်များ …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်း အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)အား မြေပြင်စာရင်းတိုက်ဆိုင်စစ်ဆေး ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၉ =========================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် ဇန်နဝါရီလ(၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ပေါ်ရပ်ကွက်များတွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)အား မြေပြင်စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်၊ စိန်သာမြ လမ်းသို့ ရောက်ရှိခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)အား နေအိမ်တစ်ခုချင်းအလိုက် တိုက်ဆိုင် စစ်ဆေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရပ်ကွက်အတွင်း အမှိုက်ကင်းစင်ရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းသို့ ရောက်ရှိခဲ့ပြီး အသက်(၅)နှစ်မှ (၁၂)နှစ်ထိ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster ထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် …
Read More »