Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 79)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး ဒီဇင်ဘာ ၂၄ ============= ပဲခူးတက္ကသိုလ်ဝန်းအတွင်း၌ ဒီဇင်ဘာလ(၂၄)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၄)နှစ်မြောက်လွတ်လပ်ရေး နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြသည်။ အဆိုပါ သန့်ရှင်းရေးပြုလုပ်ရာသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများက တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေး ပြုလုပ်နေမှုအား လိုက်လံကြည့်ရှု အားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော် မြတ်ကြီးအား သွားရောက်ဖူးမြော် ကန်တော့ပြီး ရင်ပြင်ပတ်လည် ကျောက်ပြားပြန်လည်ခင်းနေမှုနှင့် ဘက်စုံပြုပြင်မွန်းမံနေမှုတို့အား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

Read More »

ဝေါမြို့နယ်နှင့် ပဲခူးမြို့နယ်တို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲနှင့် လျာထားချက်ပြီးမြောက် အောင်မြင်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၂၃ =============== ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ်နှင့် ပဲခူးမြို့နယ်တို့တွင် ဒီဇင်ဘာလ(၂၃) ရက်နေ့ နံနက်ပိုင်းအချိန်က ပန်းခင်းစီမံချက်ဖြင့်ပြုလုပ်သော နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲနှင့် လျာထားချက်ပြီးမြောက်အောင်မြင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံသားစိစစ်ရေးကတ်၏ အရေးပါပုံနှင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ၊ နိုင်ငံသား အခွင့်အရေးဆိုင်ရာကိစ္စရပ်များအား အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပန်းခင်းစီမံချက်ကာလမတိုင်မီ ရာနှုန်းပြည့်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြသူအား ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ထားသူပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် သတ်မှတ်ကာလအတွင်းလျာထားချက်ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ခဲ့သော ဝေါမြို့နယ်ဦးစီးမှူးအား လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပေးအပ်သည့်ဂုဏ်ပြုမှတ်တမ်းလွှာအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ထားသူ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြာနှင့် သတ်မှတ်ကာလအတွင်းလျာထားချက်ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ခဲ့သော ဝေါမြို့နယ်ဦးစီးမှူးအား ဂုဏ်ပြုမှတ်တမ်းနှင့် ချီးမြှင့်ငွေ(၁၀)သိန်းကျပ်အားလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်မြို့ခေတ္တရာခန်းမနှင့် တောင်ငူမြို့ရှိ တက္ကသိုလ်များအား ကြည့်ရှု စစ်ဆေး

ပြည်/တောင်ငူ ဒီဇင်ဘာလ ၂၀ ============== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၂၀) ရက်နေ့ နံနက်ပိုင်းအချိန်က အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ ပြည်မြို့ ခေတ္တရာခန်းမသို့သွားရောက်၍ အများပြည်သူအားကစားနှင့် ပျော်ပွဲရွှင်ပွဲများပြုလုပ်နိုင်ရန် ပြုပြင်မွမ်းမံနိုင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး လူငယ်များ အားကစားပြုလုပ်နိုင်ရန် အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ် (၅)သိန်းအား ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့ကုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး သို့ ရောက်ရှိရာ ဆေးရုံးဝန်းအတွင်း တိုင်းဒေသကြီးအစိုးရမှ ထပ်မံ၍ တပ်ဆင်ပေးထားသည့် Oxygen Plant အားကြည့်ရှုပြီး အောက်ဆီဂျင်လိုအပ်ချက်မရှိစေရေးနှင့် စက်များကြံခိုင်ရေးအတွက် အမြဲမပြတ် ပြင်ဆင်ထိန်းသိမ်းသွားရန်မှာကြားကာ ပြည်မြို့နယ် ရန်ကုန်-ပြည်-မကွေး ကားလမ်းပေါ်ရှိ တီတွတ် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးနှင့် လုံခြုံရေးဂိတ်သို့ သွားရောက်ကြည့်ရှုပြီး ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ရွှေတောင်မြို့နယ်ရှိ နေကြာသီးညှပ်စံပြကွက်နှင့် ပြည်နဝဒေးသကြားစက်ရုံတို့အား ကြည့်ရှုစစ်ဆေး

ပြည် ဒီဇင်ဘာလ ၁၉ ============ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၁၉) ရက်နေ့တွင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် အတူ ပြည်ခရိုင်၊‌ ရွှေတောင်မြို့နယ်၊ နွားခြံကုန်းကျေးရွာအုပ်စု၊ ရှမ်းကုန်းကျေးရွာ၊ ကွင်းအမှတ်(၄၄၂/၁၅၆)၌ စိုက်ပျိုးထားသည့် တောင်သူဦးသန်းမောင်၏ မြေပဲနှင့်နေကြာ သီးညှပ်စိုက်ခင်း (၅)ဧကအား သွားရောက် ကြည့်ရှုပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စက်သုံးဆီသုံးရေတင်စနစ်အစား နေရောင်ခြည် စွမ်းအင်သုံး Solar စနစ် အစားထိုးသုံးစွဲနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့သည် ရွှေတောင်မြို့နယ်၊ ကျီးသဲမြို့ရှိ ခင်မြဝေ ယက္ကန်းရုံသို့သွားရောက်၍ ကျီးသဲစည်းလုံချည်နှင့် လုံချည်များ တစ်နိုင်တစ်ပိုင်ရက်လုပ်နေမှုအနေများအားကြည့်ရှုပြီး ဒေသတွင်း ထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး မှာကြားခဲ့ကြောင်းသိရသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်ရှိ နဝဒေးသကြားစက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကာ …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း စိုက်ပျိုးရေရရှိရေးအတွက် ကုန်းမြင့်လယ်ယာမြေများအား Solar Pump ရေတင်စနစ်ဖြင့် ရေပေးဝေနေမှုနှင့် မိုးနှောင်းချည်မျှင်ရှည်ဝါကောက်သိမ်းခြင်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ပြည် ဒီဇင်ဘာလ ၁၈ ============= ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်းအချိန်က အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် အတူ ပြည်မြို့ Mingalar Garden Hotel ၌ ကျင်းပပြုလုပ်သော ပဲခူးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရေး သရေခေတ္တရာမြို့အပျော်တန်း စက်ဘီးစီးပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးမှ လုပ်ငန်း ကြိုတင်ဆောင်ရွက်ထားမှုအခြေအနေအား ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များအား ညှိနှိုင်း‌ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပေါက်ခေါင်းမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဖန်ခါးပင်ကျေးရွာရှိ တောင်နဝင်း ရေသောက်စနစ် (PK-1) မြောင်းအဖျားပိုင်း ကုန်းမြင့် လယ်ယာမြေဧက(၇၀)အား တိုင်းဒေသကြီးရန်ပုံငွေဖြင့် တည်ဆောက်ထားသော Solar Pump ရေတင်စနစ်ဖြင့် ရေပေးဝေခြင်းလုပ်ငန်းအား သွားရောက် ကြည့်ရှုကာ တောင်သူများနှင့်တွေ့ဆုံ၍ တစ်နှစ်(၃)သီး …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေး

သာယာဝတီ ဒီဇင်ဘာ ၁၇ ================= ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၁၇) ရက်နေ့ နံနက်ပိုင်းအချိန်က အစိုးရအဖွဲ့ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့်အတူ သာယာဝတီခရိုင်အတွင်း ဒေသဝမ်းစာဖူလုံပိုလျှံနိုင်ရေး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်နိုင်ရေးအတွက် လမ်း၊တံတားတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကျန်းမာရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့ စိုက်ပျိုး‌ရေးသိပ္ပံကျောင်းသို့သွားရောက်၍ ကျောင်းပြန်လည် ဖွင့်လှစ်ရန် ပြင်ဆင်ထားရှိမှုအခြေအနေအားကြည့်ရှုရာ တာဝန်ခံကျောင်းအုပ်ဆရာမကြီးမှ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များနှင့် ခေတ်မီမွေးမြူရေးလုပ်ငန်းများကိုလ ည်း‌ေလ့လာနိုင်‌ရေးအတွက်စီစဉ်ပေးခဲ့ပြီး ကျောင်းသား/သူများအား စာသင်နှစ်အလိုက် သင်ကြားပြသမည့်စာအုပ်များကိုကြည့်ရှု့လေ့လာခြင်းနှင့် မြေအသုံးချရေးဓာတ်ခွဲခန်း တွင် မြေဆီလွှာဓာတ်ခွဲခြင်းများ လုပ်ဆောင်နေမှုအား ကြည့်ရှုခဲ့ကြသည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှမြို့နယ်၊ အုတ်တွင်းကျေးရွာအနီး ကွင်းအမှတ်(၉၃၂) တောင်သူဒေါ်သန်းသန်းဝင်း၏ ဆည်ရေသောက်စနစ်ဖြင့် နွေစပါးစိုက်ပျိုးမည့် လယ်မြေ(၁၀)ဧကပေါ်တွင် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းပြီး ခေတ်မှီလယ်ယာသုံးစက်များဖြင့် မျိုးစေ့ချခြင်း၊ စုပေါင်းနွေစပါးထွန်ယက်စိုက်ပျိုးခြင်းကို ကြည့်ရှု့ကာ တစ်နှစ်သုံးသီးစားစိုက်ပျိုးနိုင်ရေးနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဝါးကတုတ်ဆည် ရေပေါ်လှောင်အိမ် (Cage Culture) ငါးမျိုး ထည့်ခြင်း အခမ်းအနားတက်ရောက်

ပဲခူး ဒီဇင်ဘာ ၁၆ ရက် ============= ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ (၁၆) ရက်နေ့ နံနက်ပိုင်း အချိန်က အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အတူ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၄၆)မိုင် (၂)ဖာလုံ အနီးရှိ ဝါးကတုတ်ဆည်၌ ကျင်းပပြုလုပ်သည့် ရေပေါ်လှောင်အိမ် (Cage Culture)ငါးမျိုးထည့်ခြင်း အခမ်းအနားတက်ရောက် ခဲ့သည်။ အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများက ငါးခုံးမကြီး(၂၀၀၀)ကောင်၊ တီလားပီးယား (၂၀၀၀)ကောင် တို့အား ဝါးကတုတ်ဆည် ရေပေါ်လှောင်အိမ် (Cage Culture)(၄)ကန်အတွင်းသို့ ငါးမျိုး ထည့်ပေးခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အခြားသော ဆည်/ မြစ်ချောင်းများအတွင်း ငါးအကောင်ရေ (၁၀၀၀)ဆံ့ (၁၀)ပေပတ်လည်ပိုက်များဖြင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၅ ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁၅)ရက် နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီး ပင်လယ်ကမ်းရိုး တန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ဝေါမြို့နယ်တို့ရှိ ပင်လယ်နှင့်ထိစပ်လျက်ရှိသော ကျေးရွာများ သည် မိုးတွင်းကာလတွင် စစ်တောင်း မြစ်ရေ တိုက်စားခြင်းခံရသည့်အပြင် ပင်လယ်ဒီရေဒီလှိုင်းများကြောင့် ကမ်းပါးပြိုပြီး စိုက်ပျိုး မြေများ၊ ရွာမြေများ နှစ်စဉ်ပျက်စီးဆုံးရှုံးလျက်ရှိကြောင်း၊ ကမ်းပါးပြိုမှု သဘာဝဘေးအန္တရာယ်အား ထိန်းသိမ်း ကာကွယ်နိုင်ရန် စစ်တောင်းမြစ်ဝနှင့် မုတ္တမပင်လယ်ကွေ့များတွင် သဘာဝအလျောက် ပေါက်ရောက်နေသည့် ဒီရေတောများအား ဥပဒေနှင့်အညီ စီမံအုပ်ချုပ်နိုင်ရန် ဒီရေတော ကြိုးပြင်ကာကွယ်တောများ သတ်မှတ်ခြင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ တည်ထောင်ပေးခြင်းနှင့် လိုအပ်သော နေရာများတွင် …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပန်းခင်းစီမံချက်လျာထားချက် ရာနှုန်းပြည့်အောင် ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ပဲခူးမြို့နယ်/ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့်တွေ့ဆုံ

ပဲခူး ဒီဇင်ဘာ ၁၅ ရက် ============= ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများနှင့် အတူ ဒီဇင်ဘာလ(၁၅)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ပန်းခင်းစီမံချက်လျာထားချက် ရာနှုန်းပြည့် အောင် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ပဲခူးမြို့နယ်အတွင်းရှိ မြို့နယ်/ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တွေ့ဆုံ ခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့ အနေဖြင့် ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အပြင် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးလင်းရေး လုပ်ငန်းများနှင့် ရပ်ရွာအေးချမ်းသာယာလုံခြုံမှု ရှိစေရေး လုပ်ဆောင်ပေးရာတွင် သက်ဆိုင်ရာဌာနများနှင့်အတူ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ကူညီပံ့ပိုးပေးမှုကြောင့် အောင်မြင်မှုများရရှိခဲ့မှုအပေါ် ကျေးဇူးတင်ပါကြောင်း၊ စီမံ အုပ်ချုပ်ရေးအဖွဲ့များ အနေဖြင့် မိမိတို့မြို့ ရပ်ကွက်/ ကျေးရွာများ၏ လုံခြုံမှုရရှိရေးအတွက် အထူးဂရုစိုက်ရန်နှင့် လုံခြုံရေးအမြင်ရှိရန်လိုအပ်ပြီး သတင်းလက်ဦးမှုအမြဲရရှိနေရန်လိုအပ်ကြောင်း၊ ပဲခူးမြို့နယ်အတွင်း ရပ်ကွက်(၄၀)ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၆)အုပ်စု၊ …

Read More »

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၄ =================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တောင်ဝင်ဟံသာခန်းမ၌ ဒီဇင်ဘာလ(၁၄)ရက်နေ့၊ နံနက်ပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လွတ်လပ်ရေးနေ့ အခမ်းအနားကို လွတ်လပ်ရေးနေ့ ဦးတည်ချက်များနှင့်အညီ ကျင်းပသွားရန် ဖြစ်ပါကြောင်း၊ မြို့နယ်/ရပ်ကွက်များအလိုက် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပဲခူးမြို့တွင်လည်း Mini မာရသွန်အပါအဝင် အားကစား နည်း(၉)မျိုးကို ထည့်သွင်းကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် နိုင်ငံတော် အဆင့် ဂုဏ်ထူးဆောင်ဆုရရှိထားသူများ၊ မော်ကွန်းဝင်အဆင့်ရရှိထားသူများနှင့် သီးခြားထောက်ပံ့ ပေးရမည့်သူများကိုလည်း ပြည့်စုံအောင် ဖိတ်ကြားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လွတ်လပ်ရေးနေ့၌ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် သစ်သီးဝလံပန်းမံပြခန်း ပြိုင်ပွဲများ ထည့်သွင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်သွားရန်နှင့် အခမ်းအနားကို ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ …

Read More »