Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ (page 9)

တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ

“ရာဂီ”မုန်တိုင်းအရှိန်ကြောင့် တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြှုပ် ထိခိုက်၊ပျက်စီးခဲ့သည့် သီးနှံများ ပြန်လည်အစားထိုးစိုက်ပျိုးရန်အတွက် ဆောင်းသီးနှံ မတ်ပဲနှင့် ပဲတီစိမ်းမျိုးစေ့များထောက်ပံ့ပေးအပ်

တောင်ငူ အောက်တိုဘာ ၂၄           တောင်ငူမြို့၊ ကေတုရတနာခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက “ရာဂီ” မုန်တိုင်းအရှိန်ကြောင့် တောင်ငူခရိုင်အတွင်း ရေကြီးနစ်မြှုပ် ထိခိုက်၊ပျက်စီးခဲ့သည့် သီးနှံများပြန်လည်အစားထိုး စိုက်ပျိုးရန် အတွက် ဆောင်းသီးနှံမတ်ပဲနှင့် ပဲတီစိမ်းမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စက်တင်ဘာလအတွင်း “ရာဂီ”မုန်တိုင်း အရှိန်ကြောင့် ဒေသအလိုက် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး တောင်ငူခရိုင်အပါအဝင် မြို့နယ်(၁၀)တွင် မိုးစပါးစိုက်ဧက(၁)သိန်း(၂)သောင်းကျော် ရေကြီးနစ်မြှုပ်ခဲ့ပြီး ပျက်စီးဧက(၇)သောင်း(၇)ထောင်ကျော် ရှိခဲ့ ပြီး ဧက(၁၅၀၀၀)ကျော်အား သက်တမ်းတိုစပါးမျိုးဖြင့် ပြန်လည်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ ကြောင်း၊ စပါးပြန်လည်စိုက်ပျိုးရန် အခြေအနေမပေးသည့် နေရာများမှာ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲ၊ နေကြာ၊ ဆောင်းနှမ်း၊ အစေ့ထုတ်ပြောင်း အပါအဝင် ရေမြေသဘာဝနှင့်ကိုက်ညီသည့် သီးနှံများကို ပြန်လည်စိုက်ပျိုး သွားကြရမှာဖြစ်ကြောင်း၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

တောင်ငူ အောက်တိုဘာ ၂၃           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါလျက် အောက်တိုဘာလ(၂၂)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ ထီးလှိုင်ရပ်ကွက်၊ ထီးလှိုင် လမ်းနှင့် ကေတုမတီရှေးဟောင်းကျုံးကြား၌ အများပြည်သူ စိတ်လက်အပမ်းဖြေနိုင်စေရေး ဆောင်ရွက် နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ (၁၆)ရပ်ကွက်၊ (၁)လမ်း၌ ပဲခူး တိုင်းဒေသကြီး MSMEs ဒေသထွက်ကုန်အရောင်းစင်တာ ဖွင့်လှစ်မည့်နေရာသို့ ကွင်းဆင်းကြည့်ရှုစ်စစ်ဆေး ခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ငူမြို့၊ ကေတုမတီရှေးဟောင်းကျုံး၊ ယိုးဒယား ပေါက်သို့ ရောက်ရှိစစ်ဆေးခဲ့ပြီး ကျုံးလမ်းတစ်လျောက် ကျူးကျော်မှုမရှိစေရေး၊ …

Read More »

တောင်ငူခရိုင်အတွင်း ရေဘေးကြောင့် နေအိမ်မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စုများတွက် ထောက်ပံ့ငွေ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်

တောင်ငူ အောက်တိုဘာ ၂၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် အောက်တိုဘာလ(၂၂)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူမြို့၊ ခပေါင်းခန်းမ၌ တောင်ငူခရိုင်အတွင်း ရေဘေးကြောင့် နေအိမ်မျောပါပျက်စီးခဲ့သည့် အိမ်ထောင်စုများတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်း များ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရာဂီမုန်တိုင်းကြောင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အတွင်း စက်တင်ဘာလ(၁၁)ရက်နှင့် (၁၂)ရက်နေ့တို့တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့မှု ကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရပြီး မြို့နယ်(၅)မြို့နယ်တွင် ယာယီရေဘေးကယ်ဆယ်ရေး စခန်း(၁၄၃)ခုဖွင့်လှစ်၍ အိမ်ထောင်စု(၁၉၀၂၁)စု၊ လူဦးရေ(၇၃၈၅၁)အား အချိန်မီပြောင်းရွေ့ခြင်းနှင့် နေထိုင်စားသောက်နိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ရကြောင်း၊ ရေကြီးရေလျှံမှုကြောင့် တောင်ငူခရိုင်အတွင်း လုံးဝပျက်စီးခဲ့သည့် ပြည်သူလူထုနေအိမ်(၅၉၆)လုံးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် နေအိမ်(၆၂၂)လုံး အတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းသည် နိုင်ငံတော်အစိုးရက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်း၊ နောင်အနာဂတ်ကာလတွင် …

Read More »

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ မိုးရာသီစခန်းချလေ့ကျင့်ရေးဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးထောက်ပံ့

တောင်ငူ အောက်တိုဘာ ၂၂ တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူ များကို အခြေခံစစ်ပညာနှင့်တန်းမြင့်စစ်ပညာသင်တန်းများ သင်ကြားလေ့ကျင့်ပေး ခြင်းဖြင့် နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏ တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ခံယူချက်မြင့်မာပြီး အရည်အချင်း ပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ဆရာမများနှင့်ကျောင်းသားကျောင်းသူများကို ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး၏ တက္ကသိုလ် လေ့ကျင့်ရေးတပ်များမှလေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။ ထိုသို့ ဖွင့်လှစ်ပေးလျက်ရှိရာတောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံသင်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ မိုးရာသီစခန်းချလေ့ကျင့်ရေးဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့် တာဝန်ရှိသူများက စားရိပ်သာသို့ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်မှုထမ်းမည့် အပတ်စဉ်(၆) သင်တန်းသားများအား သွားရောက်တွေ့ဆုံအားပေး

အောက်တိုဘာ ၁၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်တိုဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်မှုထမ်းမည့် အပတ်စဉ်(၆) သင်တန်းသားများအား သွားရောက်တွေ့ဆုံ အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ ပင်မထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းမှူး ဗိုလ်မှူးကြီး တင်မောင်လွင်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွဋ်တို့နှင့်အတူ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်မှုထမ်းမည့် အပတ်စဉ်(၆)သင်တန်းသားများအား သင်တန်းသားအိပ်ဆောင်များသို့ သွားရောက်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သင်တန်းသားစားရိပ်သာတွင် သင်တန်းသားတစ်ဦးချင်းအတွက် စားသောက်မည့် နမူနာပုံစံနှင့် ချက်ပြုတ်ထားရှိမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းပေးခဲ့သည်။ ယင်းနောက် သင်တန်းသားများ ခရီးစဉ် တစ်လျှောက်လိုအပ်သော အသင့်စားခေါက်ဆွဲခြောက်များ၊ ငါးပိထောင်းဗူးများ ထပ်မံထောက်ပံ့ပေး ခဲ့ကြောင်း သတင်းရရှိ သည်။

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဆီမီး(၁၀၀၀၀)ဆက်ကပ်လှူဒါန်းပူဇော်

ပဲခူး အောက်တိုဘာလ ၁၈ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား အောက်တိုဘာလ(၁၇)ရက်နေ့ ညပိုင်း၊ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင် ၍ ဆီမီး (၁၀၀၀၀) ဆက်ကပ်လှူဒါန်းပူဇော်ပွဲအား ပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပြု လုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးတို့က ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဗုဒ္ဓဂုဏ်တော်များကို ရည်မှန်း၍ နမောတဿသုံးကြိမ်ရွတ်ဆို ကန်တော့ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့သည် စေတီတော်မြတ်ကြီးအား ဆီမီး(၁၀၀၀၀)အား စတင်မီးထွန်း ညှိပူဇော်ခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီး …

Read More »

ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ လောင်းလှူပူဇော်ကြည်ညို

ပဲခူး အောက်တိုဘာ ၁၇           ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှကြီးမှူး၍ သီတင်းကျွတ်လပြည့်နေ့၊ အောက်တိုဘာလ (၁၇)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့ ရွှေမော်ဓောဘုရား တောင်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်၊ ကြခတ်ဝိုင်းကျောင်းတိုက်သိမ်တော်၊ မဟာကလျာဏီသိမ်တော်နှင့် ကမ္မဌာန်းကျောင်းတိုက်သိမ်တော်စသည့်နေရာများတွင် သံဃဂိုဏ်းအလိုက် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ လောင်းလှူပူဇော် ကြည်ညိုခဲ့ကြသည်။           သံဃမဟာပဝါရဏာပွဲတော်အား ရွှေမော်ဓောဘုရားတောင်ဖက်မုခ်ရှိ မဟာသီဝလိသိမ်တော်ကြီး၌ ပဲခူးမြို့၊ မြို့မစာသင်တိုက်ဆရာတော်ဦးဆောင်၍ သုဓမ္မာဂိုဏ်းဝင်ကျောင်းပေါင်း(၃၆၅)ကျောင်းမှ သံဃာတော်(၂၉၆၇)ပါးတို့မှ (၁၀၃၃)ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ ကြခတ်ဝိုင်း ကျောင်းတိုက်သိမ်တော်ကြီးတွင် ကြခတ်ဝိုင်းကျောင်းတိုက် ဆရာတော်ကြီးမှဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် ကျောင်းပေါင်း(၂၀၅)သံဃာတော်အပါး(၁၃၂၉)ပါးမှ (၁၆၁)ကြိမ်မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ မဟာကလျာဏီသိမ်တော်ကြီးတွင် သာသနာ့မဏ္ဍိုင်ပါဌိတက္ကသိုလ်ကျောင်းတိုက် ဆရာတော်ကြီးမှ ဦးဆောင်၍ ရွှေကျင်ဂိုဏ်းဝင် ကျောင်းပေါင်း(၃၈)ကျောင်းမှ သံဃာတော်(၄၄၁)ပါးတို့မှ (၁၄၃)ကြိမ် မြောက် ပဝါရဏာပြုပွဲကိုလည်းကောင်း၊ ကမ္မဌာန်းကျောင်းတိုက်သိမ်တော်ကြီးတွင် ကမ္မဌာန်းကျောင်း တိုက် ဆရာတော်ကြီးမှ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ ပထမဆုံးအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ်မီးမျှောပူဇော်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ခဲ့

ပဲခူး အောက်တိုဘာ ၁၆           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ပထမဆုံးအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ် မီးမျှောပူဇော် ပွဲတော်အား အောက်တိုဘာလ (၁၅)ရက်နေ့၊ ညပိုင်းက ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်၊ ပဲခူးမြစ်၌ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ ပထမဆုံးအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ် မီးမျှောပူဇော်ပွဲတော်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ စီးပွားရေး ရာဝန်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။           ထို့နောက် ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ များ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများမှ မြတ်ဗုဒ္ဓထံရည်မှန်း၍ မီးကြာခွက်(၂၀၀၀)အား မီးမျှောပူဇော်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီး၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ညစဉ်ဆီမီး(၇၀၀၀) ကပ်လှူပွဲသို့ …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် MSME စျေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၆           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အောက်တိုဘာလ(၁၅)ရက်နေ့၊ ညနေပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၌ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် MSME စျေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားအား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ သတင်းကျွတ်မီးထွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် မြို့မိ/မြို့ဖ(၂)ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနဗင့် ၎င်းတို့၏ ဇနီးများတို့သည် သီတင်းကျွတ် မီးထွန်းပွဲတော်ကျင်းပရာ ရွှေမော်ဓောဘုရားလမ်းတစ်လျှောက်ရှိ ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများမှ ကျွေးမွေးလှူဒါန်းနေသည့် နိဗ္ဗာန်ဈေးတန်းများ၊ မီးအလှဆင်ရုပ်ပုံ များနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်လျက်ရှိ သည့် အသေးစား၊ အငယ်စားနှင့် …

Read More »

ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၃           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သဘာဝဘေးအန္တရာယ် ဖြစ်ပေါ် စေနိုင်သည့် အကြောင်းအရင်းများကို စနစ်တကျဖြင့် ဝိုင်းဝန်းကိုင်တွယ်ဖြေရှင်းခြင်း၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းနှင့် ကာကွယ်ခြင်းတို့သည် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေနိုင်မှာဖြစ် ကြောင်း၊ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် အဓိကလူ့စွမ်းအားအရင်း အမြစ်ဖြစ် သည့် ကလေးငယ်များ၊ မျိုးဆက်သစ်လူငယ်များကို လက်ရုံးရည်သာမက နှလုံးရည်မြင့်မားအောင်၊ သဘာဝဘေးအသိပညာနှင့် တုံ့ပြန်ဆောင်ရွက်ရေး စွမ်းရည်မြင့်မားအောင် လေ့ကျင့်မွေးထုတ်ကြရမှာဖြစ် ကြောင်း၊ အနာဂတ်ကာလတွင် မညီမျှမှုများ၊ ကွာဟမှုများ၊ လျော့နည်းပပျောက်ပြီး သဘာဝဘေးဒဏ် ခံနိုင်စွမ်းမြင့်မားသည့် လူမှုပတ်ဝန်းကျင်နှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော အခြေခံအဆောက်အအုံများ ဖြင့် မျှော်မှန်းထားသော သဘာဝဘေးထိခိုက်မှု လျော့ပါးရေးရည်မှန်းချက်ကို …

Read More »