Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အဓိကသီးနှံ(၁၀)မျိုးအနက် ပန်းတိုင်အထွက်နှုန်း(၆)မျိုး ရရှိထားပြီးဖြစ်သော်လည်း ကျန်ရှိသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရန် မျိုး၊ မြေ၊ ရေ၊ နည်း လမ်း(၄)သွယ် ပြည့်စုံကောင်းမွန်စေရေး ဆက်လက် ပံ့ပိုးကူညီဆောင်ရွက်သွားရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်းမှာကြား

အဓိကသီးနှံ(၁၀)မျိုးအနက် ပန်းတိုင်အထွက်နှုန်း(၆)မျိုး ရရှိထားပြီးဖြစ်သော်လည်း ကျန်ရှိသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရန် မျိုး၊ မြေ၊ ရေ၊ နည်း လမ်း(၄)သွယ် ပြည့်စုံကောင်းမွန်စေရေး ဆက်လက် ပံ့ပိုးကူညီဆောင်ရွက်သွားရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်းမှာကြား

ပဲခူး ဧပြီ ၁

===================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၄)အား ဧပြီလ(၁)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ် သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများနှင့်ပတ်သက်၍ လမ်းညွှန်မှာကြား ချက်များအား ချပြရှင်းလင်းပြောကြားခဲ့သည်။ ယခင်က တောင်သူစိတ်ကြိုက် မိရိုးဖလာနည်းများအတိုင်း စိုက်ပျိုးခဲ့မှုအပေါ် မျိုး၊ မြေ၊ ရေ၊ နည်း ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ခြင်းများကြောင့် မိုးစပါး(၁၁)တင်း ပိုမို ထွက်ရှိခဲ့သည့်အပြင် ပဲမျိုးစုံ အထွက်နှုန်းတိုးတက်ခဲ့ပြီး တောင်သူများကိုယ်တိုင် စိုက်ပျိုးရေးဝင်ငွေ တိုးတက် ရရှိလာသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ တိုးတက်လာသည်နှင့်အမျှ အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်ပြီး စက်မှုလယ်ယာစနစ် ပြောင်းလဲမှုအပေါ်များစွာ သက်ရောက်မှု ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ အဓိကသီးနှံ(၁၀)မျိုးအနက် ပန်းတိုင်အထွက်နှုန်း(၆)မျိုး ရရှိထား ပြီးဖြစ်သော်လည်း ကျန်ရှိသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရန် မျိုး၊ မြေ၊ ရေ၊ နည်း လမ်း(၄)သွယ် ပြည့်စုံကောင်းမွန်စေရေး ဆက်လက်ပံ့ပိုးကူညီ ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တစ်နှစ်(၃)သီးစိုက်ဧကများ တွင် စိုက်ချိန်မှန်ကန်လိုအပ်ပြီး ဒေသတစ်ခုနှင့်တစ်ခု စိုက်ပျိုးမြေ၊ ရာသီဥတု မတူညီမှုများရှိသဖြင့် ရေမြေ သဘာဝနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး အသိပညာပေးခြင်းများအပြင် လက်တွေ့စံပြစိုက်ခင်းများလည်း ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ နေကြာနှင့်ပျား တွဲဖက် ဆောင်ရွက်ရမှာဖြစ်ပြီး အမှန်တကယ်နေကြာဖြစ်ထွန်းနိုင်သည့် ကိုင်းကျွန်းမြေများ ဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိုးရေချိန်ရရှိမှု နည်းပါးသည့် ဒေသများရှိ ယာမြေများတွင် ပဲသီးနှံအတူ ပဲဇဉ်းငုံသီးနှံအား သီးညှပ်စိုက်ပျိုးသွားရမှာဖြစ်ပြီး ပဲသီးနှံအတွက် ကြဲပတ်စနစ် ပပျောက်စေရေး မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ သီးနှံ များအား အစေ့ချစိုက်ပျိုးနိုင်ရေး တန်ဖိုးနည်း ပဲအမျိုးမျိုး အစေ့ချစက်များ ဒေသတွင်းမှာ ထုတ်လုပ်နိုင်ရေး ပံပိုးကူညီပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးသီးနှံအလိုက် ဒေသတွင်းစားသုံးမှု ဖူလုံစေရေး၊ ပြည်ပတင်ပို့မှု ဈေးကွက်ရရှိစေရေးနှင့်အတူ ပန်းတိုင်အထွက်နှုန်းရရှိရေး အထူးအလေးထား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများက ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ စိုက်ပျိုးရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့မှုကြောင့် စိုက်ပျိုးစွမ်းအားနှင့် သီးထပ်စွမ်းအားများ တိုးတက်လာမှုအခြေအနေနှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင် အထွက်နှုန်း ရရှိရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား Power Point ဖြင့်လည်းကောင်း၊ တိုင်း ဒေသကြီးအဆင့် ဌာနဆိုင်ရာများက စိုက်စွမ်းအား ပိုမိုတိုးတက်စေရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်း ပါဝင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

          ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်က တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် တင်ပြချက်များနှင့်ပတ်သက်၍ အကြံပြုတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် မြို့နယ်တစ်ခုချင်းအလိုက် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။