Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အပတ်စဉ် စနေနေ့တိုင်း ရပ်ကွက်အလိုက် မြို့လုံးကျွတ် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား လိုက်လံ ကြည့်ရှုအားပေး

အပတ်စဉ် စနေနေ့တိုင်း ရပ်ကွက်အလိုက် မြို့လုံးကျွတ် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား လိုက်လံ ကြည့်ရှုအားပေး

ပဲခူး ဇူလိုင် ၆

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အပတ်စဉ် စနေနေ့တိုင်း ရပ်ကွက်အလိုက် မြို့လုံး ကျွတ် စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဇူလိုင်လ(၆)ရက်နေ့ မနက်ပိုင်းက လိုက်လံကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ ပန်းလှိုင်ရပ်ကွက်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေး ပြုလုပ်နေမှုတို့အား လိုက်လံကြည့်ရှုအားပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့၊ အလင်းရောင်ရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၏ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုတို့ အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေသူများအတွက် ဂုဏ်ပြုထောက်ပံ့ငွေ များ ပေးအပ်ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ကတွင်းခြံရပ်ကွက်၊ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား/သူများ ကျောင်းတက်မှုအခြေအနေနှင့် စာသင်ဆောင်များ ပြန်လည်ပြင်ဆင်ရန်လိုအပ်ချက် အခြေအနေများအား လိုက်လံရှင်းလင်းပြသခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက် ပေးခဲ့ ကြောင်း သတင်းရရှိသည်။