Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်များ ရရှိခဲ့သည့် ပဲခူးတိုင်း ဒေသကြီးကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများအား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပပြုလုပ်

အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်များ ရရှိခဲ့သည့် ပဲခူးတိုင်း ဒေသကြီးကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများအား ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၄

==================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သော (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေး တံဆိပ်များရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစား သမားများအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲလုံ့လ၊ ဝီရိယကြီးမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေပြီး အားကစားပြိုင်ပွဲများသည် တရားမျှတမှု ရှိသည့် စွမ်းရည်ပြယှဉ်ပြိုင်မှုတစ်ခုဖြစ်ကြောင်း၊ နိုင်ငံ့ဂုဏ်၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် အမျိုးသားရေးစိတ်ဓာတ်များကိုအခြေခံပြီး ယှဉ်ပြိုင်မှုတိုင်းတွင် အနိုင်မခံ၊ အရှုံးမပေး ခိုင်မာသောစိတ်ဓာတ် များဖြင့် ယှဉ်ပြိုင်ခဲ့သည့်အတွက် တိုင်းဒေသကြီးကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများအောင်မြင်မှု ရရှိခဲ့ကြတာ အားလုံးအသိပင်ဖြစ်ကြောင်း၊ နိုင်ငံတကာအလည်မှာ အမိမြန်မာနို်ငငံတော်အလံကို လွှင့်ပျံအောင် စွမ်းဆောင် ကြိုးပမ်းခဲ့သူများဖြစ်သည့်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၊ နည်းပြများအား ယခုကဲ့သို့ အခမ်းအနား ဖြင့် မှတ်တမ်းတင်ဂုဏ်ပြုပေးရခြင်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင်လည်း ကျင်းပပြုလုပ်မည့် (၃၂)ကြိမ် မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ယခုထက်ပိုမို အောင်မြင်မှုများရရှိရန် ကြိုးစားအား ထုတ် စေလိုကြောင်းနှင့် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း လိုအပ်သည်များ ထပ်မံပံ့ပိုးကူညီ ပေးသွားမည်ကြောင်း ပြောကြားခဲ့သည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် တာဝန်ရှိသူများနှင့် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူးတို့က ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြရာ အားကစားသမားများကိုယ်စား မြန်မာ့လက်ရွေးစင် အားကစားသမား မမေဟန်နီအောင်လွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          အဆိုပါအခမ်းအနား၌ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်(၃)ခု၊ ငွေတံဆိပ်(၃)ခုနှင့် ကြေးတံဆိပ်(၆)ခု ရရှိအောင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့လက်ရွေးစင် အားကစားသမားများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရွှေတံဆိပ် တစ်ခုလျှင်(၁၀)သိန်းကျပ်၊ ငွေတံဆိပ်တစ်ခုလျှင်(၇)သိန်းကျပ်၊ ကြေးတံဆိပ်တစ်ခုလျှင်(၅)သိန်းကျပ်နှင့် နည်းပြတစ်ဦးလျှင်(၅)သိန်းကျပ်ဖြင့် စုစုပေါင်းအားကစားသမား(၉)ဦး၊ နည်းပြ(၅)ဦး အတွက် စုစုပေါင်းကျပ် (၁၀၆၀၀၀၀၀)ထပ်ဆင့်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။