Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အသက်(၁၈)နှစ်အောက် အခြေံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်ပြိုင်ပွဲ အောင်နိုင်ရေး အလံအပ်နှင်းခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

အသက်(၁၈)နှစ်အောက် အခြေံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်ပြိုင်ပွဲ အောင်နိုင်ရေး အလံအပ်နှင်းခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၁၃

====================

          ပဲခူးတိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် အခြေံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစား ပွဲတော်ပြိုင်ပွဲ အောင်နိုင်ရေးအလံအပ်နှင်းခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားအား ဇန်နဝါရီလ (၁၃)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ ပြိုင်ပွဲဝင် အားကစားသများက အားကစားနည်းအလိုက် မိတ်ဆက်ခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာကြံ့ခိုင်သော နိုင်ငံတော်ကိုယ်စားပြု မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးရာတွင် အခြေခံပညာကျောင်းများမှစတင်ရခြင်းဖြစ်၍ ယခု သွားရောက်ယဉ်ပြိုင်မည့် ကျောင်းသားအားကစားပွဲတော်သည် အလွန်အရေးပါကြောင်း၊ မိမိတို့ ပဲခူးတိုင်း ဒေသကြီးကိုယ်စားပြု သွားရောက်ယဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် အားကစားစိတ်ဓါတ်ကို အရင်းတည်ပြီး အနိုင်မခံအရှုံးမပေး ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ ပြိုင်ပွဲဝင်မောင်/မယ်များအနေဖြင့် အောင်နိုင်ရေးအလံ ပေးအပ်သည့်အချိန်ကစပြီး မိမိတို့၏ ပဲခူးတိုင်းဒေသကြီး၏ ကောင်းမြတ်ခြင်းဂုဏ်ကို မိမိတို့တတ်ကျွမ်းသည့် အားကစားနည်းများအလိုက် အောင်မြင်မှုများရရှိရန် ဆောင်ရွက်ကြစေလိုကြောင်း နှင့် အုပ်ချုပ်သူ၊ နည်းပြ တာဝန်ရှိသူများကလည်း မိမိတို့၏ ပြိုင်ပွဲဝင်အားကစားသမားများ စိတ်အေး ချမ်းမြေ့စွာ ယဉ်ပြိုင်နိုင်ရေးနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြိုင်ပွဲအုပ်ချုပ်သူနှင့် နည်းပြများအား အောင်နိုင်ရေးအလံအပ်နှင်းခြင်းနှင့် ထောက်ပံ့ငွေကျပ်သိန်း(၁၀၀)တို့အား ပေးအပ်ခဲ့သည်။ ၎င်းနောက် အားကစားသမားများကိုယ်စား အဖွဲ့ခေါင်းဆောင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြော ကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။

          အသက်(၁၈)နှစ်အောက် အခြေံပညာကျောင်းပေါင်းစုံ ကျောင်းသားအားကစားပွဲတော်ပြိုင်ပွဲ ပဲခူးတိုင်း ဒေသကြီးကိုယ်စားပြု အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲတို့အား ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။