Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်များ ဝင်ငွေတိုးတက်စေရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်

အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်များ ဝင်ငွေတိုးတက်စေရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၀
==============

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ နိုဝင်ဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်များ ဝင်ငွေတိုးတက်စေရေး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်း များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူလူထု၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ မူဝါဒလမ်းညွှန်ချက်ဖြစ်သည့် “တိုးတက်ကောင်းမွန် လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန် ကဏ္ဍမြှင့်တင်ရေး” ဆိုသည့်အတိုင်း အသေးစက်မှုလက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး၊ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဈေးကွက်ချဲ့ထွင်နိုင်ရေး နှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် ဒေသထွက်ကုန်အရောင်းစင်တာများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ တစ်ပိုင်တစ်နိုင် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင် နိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရန် ဘက်ပေါင်းစုံမှ ထောက်ပံ့ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လုပ်ငန်းသစ်များ ထူထောင်ဆောင်ရွက်မည့် ထူးချွန်သင်တန်းသူများအနေဖြင့် ပံ့ပိုးပေးအပ်မည့် လုပ်ငန်းသုံးပစ္စည်းများနှင့် သင်ကြားမျှဝေပေးလိုက်သည့် အသိပညာ၊ အတတ်ပညာများကို ပေါင်းစပ်၍ အရည်အသွေးကောင်းမွန်ပြီး ဘေးကင်းလုံခြုံသော တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်များ ဝင်ငွေ တိုးတက်စေရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းသင်တန်းများမှ ထူးချွန်ကျောင်းသူများ အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးတို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ထူးချွန်သင်တန်းသား သင်တန်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြီးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ခင်းကျင်းပြသထားသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း သုံးပစ္စည်းများအား လှည်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်များ ဝင်ငွေ တိုးတက်စေရေးစီမံကိန်းဖြင့် လူသုံးကုန်ထုတ်လုပ်နည်းပညာသင်တန်းနှင့် တိုင်းရင်းသားရိုးရာဂျပ်ခုတ ်နည်းပညာ (ယက္ကန်းဒီဇိုင်း)သင်တန်းတို့မှ ထူးချွန်သင်တန်းသူ(၁၀)ဦးအား စိစစ်ရွေးချယ်၍ တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းနှင့် ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။