Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၁၀၅)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာ ရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့မှ တက်ရောက်ချီးမြှင့်

(၁၀၅)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာ ရည်ချွန်ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့မှ တက်ရောက်ချီးမြှင့်

ပဲခူး မေ ၈

===================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၈)ရက်နေ့၊ နံနက်ပိုင်းက (၁၀၅)ကြိမ်မြောက် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ် သင်တန်းသူများ၏ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပပြု လုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့မှ တက်ရောက်ချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဦးတည် ချက်များအနက် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အလေးထားဆောင်ရွက် ပေးလျက်ရှိကြောင်း၊  ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ တည်ထောင်ရာတွင် ကျန်းမာရေးစောင့် ရှောက်မှုသည် အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်ပြုစုစောင့်ရှောက်ရေး၊ မိခင်ရော ကလေးပါကျန်းမာစွာ မွေးဖွားနိုင်ရေး၊ မိခင်နှင့်မွေးကင်းစကလေး ကျန်းမာရေးမြှင့်တင်ပေးမှုလုပ်ငန်း အတွက် သားဖွားဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအတွင်း သူနာပြုနှင့် သားဖွားနှီးနွယ် သင်တန်းကျောင်း(၄)ခုရှိပြီး သူနာပြုနှင့်သားဖွား ဆရာ/ဆရာမများကို နှစ်စဉ် မွေးထုတ်ပေးလျက်ရှိကာ ပြည်သူလူထုအတွက် ကျန်းမာရေးဝန်ဆောင်မှုများပေးနိုင်ရန် အစွမ်းကုန် ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသူများအနေဖြင့် ဆရာမများမှ သင်ကြားပေး လိုက်သည့် စာတွေ့၊ လက်တွေ့သင်ခန်းစာများကို ကျွမ်းကျင်တတ်မြောက်ကာ လိုက်နာရမည့် အသက်မွေး ဝမ်းကြောင်းဆိုင်ရာ ကျင့်ဝတ်များနှင့် သူနာပြုသစ္စာ အဓိဌာန်များအား အလေးထားလိုက်နာပြီး ဘက်စုံ ထူးချွန်သော၊ ပြည်သူအားကိုးရသော သားဖွားဆရာမ ကောင်းများဖြစ်စေရန် ကြိုးစားနေထိုင်ကြစေ လိုကြောင်း၊ သင်တန်းပြီးဆုံး၍ မိမိတို့တာဝန်ကျရာ ဒေသများရှိ မိခင်နှင့်မွေးကင်းစကလေး ကျန်းမာရေးမြှင့် တင်ပေးခြင်းနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ၏ တာဝန်ဝတ္တရားများအပြင် ဝါသနာကို အရင်းပြုပြီး စေတနာထားကာ ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၂၀၂၁-၂၀၂၂)ပညာသင်နှစ် ဘက်စုံသားဖွား ဒီပလိုမာ(၂)နှစ်သင်တန်း ပထမနှစ် နှစ်ဆုံးစာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား လည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ဘက်စုံ သားဖွား ဒီပလိုမာ(၂)နှစ်သင်တန်း ပထမနှစ် PTS စာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား လည်းကောင်း ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ၎င်းနောက် ပဲခူးမြို့၊ သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးမွန်က ဦးဆောင်း အပ်နှင်းပွဲ ကျင်းပပြုလုပ်ရခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(သူနာပြု) ဒေါ်မိုးချယ်ရီအောင်နှင့် သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးမွန်တို့က  သင်တန်းသူလေးများအား သူနာပြုဦးဆောင်းများ အပ်နှင်းပေးခဲ့ကြသည်။

          ယင်းနောက် ကမ္ဘာ့သူနာပြု မိခင်ကြီး မီးအိမ်ရှင် ဖလော်ရင့်(စ)နိုက်တင်ဂေးအား ဂုဏ်ပြုသောအား ဖြင့် သင်တန်းသူလေးများက ဖယောင်းတိုင် မီးထွန်းညှိခဲ့ကြပြီး သူနာပြုအဓိဌာန် ရွတ်ဆိုခဲ့ကြသည်။ ၎င်း နောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ထို့နောက် သင်တန်းသူလေးများက ဂရုဏာအလင်း သီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဆရာများ၊ သင်တန်းသူများနှင့် စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချု်ပနှင့် ဇနီးတို့က သင်တန်းသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။