Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ လက်ရည်စစ်တင်းနစ် ပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင် အားကစားသမားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့မှ ထပ်ဆင့်ဂုဏ်ပြု

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ လက်ရည်စစ်တင်းနစ် ပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် ပဲခူးတိုင်းဒေသကြီးမှ နိုင်ငံ့လက်ရွေးစင် အားကစားသမားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့မှ ထပ်ဆင့်ဂုဏ်ပြု

ပဲခူး ဇွန် ၂၇

==================

          ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၂၇)ရက်နေ့၊ နံနက်ပိုင်းက (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲနှင့် အရှေ့တောင်အာရှ လက်ရည်စစ် တင်းနစ်ပြိုင်ပွဲတွင် ဆုတံဆိပ်များရရှိခဲ့သည့် ပဲခူးတိုင်း ဒေသကြီးမှ နိုင်ငံ့လက်ရွေးစင်အားကစားသမားများအား ထပ်ဆင့်ဂုဏ်ပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများက အားကစားနည်း အလိုက် ရွှေတံဆိပ်(၇)ခု၊ ငွေတံဆိပ်(၅)ခု၊ ကြေးတံဆိပ်(၁၂)၊ စုစုပေါင်း(၂၄)ခု ရယူပေး နိုင်ခဲ့သည့်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ ဘရူနိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် အသက်(၁၂)နှစ်အောက် အရှေ့တောင်အာရှ လက်ရည်စစ် တင်းနစ်ပြိုင်ပွဲတွင် တိုင်းဒေသကြီးဂုဏ်ဆောင် နိုင်ငံ့လက်ရွေးစင် အားကစား သမား(၄)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားအသင်းလိုက် တတိယဆုနှင့် အမျိုးသမီးအသင်းလိုက် ဒုတိယဆုများ ရရှိခဲ့သည့်အတွက်လည်း ထပ်ဆင့်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ တိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယှဉ်ပြိုင်မည့် အားကစားနည်းအလိုက် အောင်နိုင်ရေး အလံပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် အားကစားနည်းအလိုက် ဆုတံဆိပ်များရရှိလာပါကလည်း ယခုလို အခမ်းအနားဖြင့် ထိုက်ထိုက်တန်တန် မှတ်တမ်းတင် ထပ်ဆင့်ဂုဏ်ပြုပွဲများ ပြုလုပ်ပေး ခြင်းဖြစ်ကြောင်း၊ လာမည့်အားကစား ပြိုင်ပွဲများတွင် ယခုထက်ပိုမို အောင်မြင်မှုများရရှိရန် ကြိုးစားအားထုတ်စေလိုကြောင်း၊ အားကစားဖြင့် နိုင်ငံတော်၏ဂုဏ်၊ တိုင်းဒေသကြီး၏ဂုဏ်ကို ဆက်လက်မြှင့်တင်ပေးကြရန်နှင့် လိုအပ်သည်များ ထပ်မံပံ့ပိုး ကူညီပေးသွားမည်ကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့ကလည်းကောင်း၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ် ဆုရရှိသူများအား တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချု်ပနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးများကလည်းကောင်း၊ ဘရူနိုင်းနိုင်ငံတွင် ကျင်းပပြု လုပ်ခဲ့သည့် အသက်(၁၂)နှစ်အောက် အရှေ့တောင်အာရှ လက်ရည်စစ် တင်းနစ်ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများနှင့် နည်းပြတို့အား တိုင်းဒေသကြီး ဥပဒေချုပ်နှင့် အတွင်းရေးမှူးတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် မြန်မာ့လက်ရွေးစင် အားကစားသမား(၁)ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က အားကစားသမားများ၊ နည်းပြများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။

          (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရွှေ၊ငွေ၊ကြေး စုစုပေါင်း(၅၆)ခုရရှိခဲ့ရာမှ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု နိုင်ငံဂုဏ်ဆောင် မသန်စွမ်း အားကစားသမားများမှ ရွှေ၊ ငွေ၊ ကြေး စုစုပေါင်း(၂၄)ခုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။